Flower Group ကုမ္ပဏီ မင်းထက်လင်း ရှယ်ယာရှင်များနှင့် ငွေကြေးဖြေရှင်းရန်အတွက် ပျောက်ဆုံးနေ

သျှမ်းပြည် လားရှိုးမြို့နယ် အခြေစိုက် Flower Group ကုမ္ပဏီပိုင်ရှင် မင်းထက်လင်းသည် ရှယ်ယာများထံ ကျပ်သိန်း ၄၀ ဘီလီယံ လိမ်လည်ပြီး လက်ရှိ ပျောက်ကွယ်နေကြောင်း စုံစမ်းသိရှိရသည်။

Flower Group ကုမ္ပဏီပိုင်ရှင် မင်းထက်လင်း

အဆိုပါ Flower Group ကုမ္ပဏီပိုင်ရှင် မင်းထက်လင်းသည် ပြီးခဲ့သည့် မေလ ၄ ရက်မှစ ကျန်းမာရေး အခြေအနေကြောင့်ဟုဆိုကာ ယနေ့အချိန်ထိ လူရှေ့တွင် ပျောက်ကွယ်နေလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပျောက်ကွယ်ရခြင်းသည် ပြီးခဲ့သည့် မေ ၄ ရက်တွင် Flower Group ကုမ္ပဏီပိုင်ရှင် မင်းထက်လင်း နှင့် ရှယ်ယာတို့ ရဲစခန်းတွင် တွေ့ဆုံခဲ့ပြီး Flower Group ပိုင်ဆိုင်မှုများကို ရှယ်ယာရှင်များထံ အပ်နှံပေးရန်အတွက် လက်မှတ်ထိုးခိုင်းရာမှ ပျောက်ကွယ်သွားကြောင်း သိရသည်။

“ မေ ၄ ရက်‌နေ့ကတည်းက ပျောက်သွားတာ။ အဲ့နေ့က ရဲစခန်းမှာတွေ့ကြပြီးတော့ သူ့ပိုင်ဆိုင်မှုတွေကို ကျမတို့ ရှယ်ယာတွေလက်ထဲအပ်ဖို့ လက်မှတ်ထိုးခိုင်းတာ။ အဲ့တာကို နေမကောင်းလို့ ဆေးရုံတက်ရတယ်ပြီးတော့ အခုထိ ပျောက်သွားတာ။ အဲ့နေ့ကစပြီးတော့ လူကို မတွေ့ရတော့ဘူး။ ပြီးတော့ အဲ့နေ့ကလည်း လက်မှတ်မထိုးလိုက်ရဘူး ” ဟု Flower Group ရှယ်ယာပါဝင်ထားသည့် အမျိုးသမီး တစ်ဦး ကပြောသည်။

Flower Group ကုမ္ပဏီ

Flower Group ဒါရိုက်တာ မင်းထက်လင်းသည် ၎င်းပိုင်ဆိုင်မှုအတွက် လက်မှတ်ရေးထိုးပေးရန် ၎င်း၏ နောက်ကြောင်း နှင့် ဘဏ်မှတ်တမ်းများကို မစစ်ဆေးရန်အတွက် ရှယ်ယာများကို ပြောဆိုခဲ့ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

မင်းထက်လင်းသည် ၎င်းနာမည်ဖြင့် မြေတွေဝယ်ယူထားပြီး ဆိုင်းဘုတ်ကို Flower Group ပိုင်ဆိုင်သည်ဟု တပ်ဆင်ထားကြောင်း သိရသည်။

“ ကျမတို့ အခု သူ့ပိုင်ဆိုင်မှုကို သိမ်းထားဖို့ မြေပဲရှိတယ်။ မြေကလည်းတန်ဖိုး သိန်း ၈ သောင်းလောက်ပဲရှိတယ်။ ဒါအခုကာလပေါက်ဈေးနဲ့တွက်ထားတာပါ။ ဒါကိုလည်း အစတော့ထင်ထားတာ Flower Group ကုမ္ပဏီနာမည်နဲ့ဝယ်မယ်ထင်တာ။ သူ့နာမည် နဲ့ ဝယ်ထားတာ။ ပြီးတော့ ဆိုင်းဘုတ်လာထောင်တော့ Flower Group ဆိုပြီးထောင်ထားတာ။ ဒါကြောင့် ကျမတို့ အခုရှယ်ယာတွေက အဲ့မြေကို သူလက်မှတ်မထိုးပေးရင် သိမ်းလို့မရဘူးဖြစ်နေတာ” ဟု ရှယ်ယာပါဝင်သူက ပြောသည်။

Flower Group ကုမ္ပဏီတွင် ရှယ်ယာပါဝင်ထားသူ ၈ ထောင်ကျော်ရှိထားပြီး ရင်းနှီးမြှုပ်နှံထားမှု ကျပ်သိန်း ၄၀ ဘီလီယံ ရှိကြောင်း ကုမ္ပဏီ၏ အထက်ကြီးပိုင်းထံတွင် သိရှိရသည်။

ရင်းနှီးမြှုပ်နှံသူထဲတွင် အသက်ကြီးရွယ်အိုများ၊ အမြင်အာရုံ ချို့ယွင်းသူများ၊ ခရစ်ယာန်ကျောင်းများ၊ NGO အသိုင်းဝိုင်းများ၊ တပ်တွင်းနေထိုင်သူများလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိမှာလည်း မင်းထက်လင်းကို အမှုဖွင့်ထားသော်လည်း သက်ဆိုင်ရာ တိုင်းမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ပြည်သူတို့ဘက်ကို ကူညီဆောင်ရွက်ပေးခြင်းမရှိကြောင်း ရှယ်ယာတွေထံ သိရှိရသည်။ Flower Group ကုမ္ပဏီကို ၂၀၂၁ ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...