စစ်ကောင်စီ မူဝါဒ အသစ်ကြောင့် ဆန်ကုန်သည်များ အလုပ်မှ ရပ်ဆိုင်းရ

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်မှ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ထွက်ပစ္စည်း တင်သွင်းမှု မူဝါဒအသစ်ကြောင့် ဆန်ကုန်သည်များ အလုပ်မှ ရပ်ဆိုင်းလိုက်ရကြောင်း စုံစမ်းသိရသည်။

ပုံ – စားသုံးသူရေးရာ ဦးစီးဌာန

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၃ ရက်) က စစ်ကောင်စီ လက်အောက်ခံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ လာမည့် (မတ်လ ၁ရက်) မှစ၍ နယ်စပ်တစ်လျှောက် ဆန် နှင့် ဆန်ထွက်ပစ္စည်းများ တင်ပို့မှုမှ ရရှိလာသည့် ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီမှ သတ်မှတ်ထားသည့် နိုင်ငံခြားငွေ လဲလှယ်နှုန်းအတိုင်း လဲလှယ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ကောင်စီမှ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ ဆန်ကုန်သည်များအား စစ်ကောင်စီမှ သတ်မှတ်သည့် ငွေလဲလှယ်နှုန်းကြားတွင် အရှုံးပေါ်ခဲ့သည့်အပြင် အလုပ်မှ ရပ်ဆိုင်းသွားခဲ့ရကြောင်း မူဆယ်မြို့ဒေသခံ ဆန်ကုန်သည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရုတ်နယ်စပ်ဂိတ်သို့ တင်ပို့မည့် ကုန်များ

“ ကျမတို့ ပစ္စည်းရောင်းပြီး ရောင်းလို့ ရလာတဲ့ငွေ ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီ အစိုးရမှာ ပြန်ပြီးရောင်းပေးရတယ်။ ကျမတို့ဆီမှာ ကျပ် ၁ သိန်းဝင်ရင်၊ (၆၅,၀၀၀) ကျပ်ကို စစ်ကောင်စီ အစိုးရထံ ရောင်းပေးရတယ်။ ကျန်တဲ့ (၃၅,၀၀၀) ကို အပြင်မှာရောင်းရမှာပေါ့။ အပြင်မှာ ရောင်းရင်တော့ ဈေးနှုန်းပိုရတယ်။ သူတို့ကို ရောင်းပေးရင်တော့ ဈေးပေါတယ်။ သူတို့ သတ်မှတ်ထားတာ တရုတ်ငွေ ၁ ယွမ်ကို (၃၀၀) ရတယ်။ အပြင်မှာ ၁ ယွမ်ကို (၄၀၀) ကျော်ရတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီမှ သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းကြားတွင် ဆန်ရောင်းဝယ်ရေး ကုန်သည် ၂၀ ကျော်သည် အရှုံးပေါ်ခဲ့ရပြီး အလုပ်မှ ရပ်ဆိုင်းသွားခဲ့ရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ အစိုးရထံ ရောင်းပေးရသည့် ၆၅ ရာခိုင်နှုန်းသည် အလွန်များပြားနေသဖြင့် ရောင်း၍ရသည့်ငွေ ပမာဏသည် တွက်ချေမကိုက်ကြောင်း ၎င်း အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

၁၀၅ မိုင် ကုန်သွယ်ရေးစခန်း

“ စစ်ကောင်စီ အစိုးရထံ ရောင်းပေးရတာ အရမ်းများလွန်းတယ်။ ကိုယ့်မှာ အမြတ်က ဘယ်လောက်မှ ပြန်မရဘူး။ ဒီအလုပ်ကိုဆက်လုပ်မယ်ဆိုလည်း မတတ်နိုင်တော့ဘူး။ ကျွန်မတို့ မူဆယ်ဖက်မှာတော့ ဆန်အရောင်းအဝယ်လုပ်ဖို့ တော်တော်များ ရပ်ဆိုင်းသွားကြပြီ။ ပုံမှန်လုပ်နေတဲ့ ကုန်သည် ၂၀ ခုလောက်တောင် အခု ရပ်ဆိုင်းသွားကုန်ပြီ “ ဟု ၎င်းက ပြောသည်။

အလားတူ ဆန်နှင့် ဆန်ကွဲ တင်ပို့ခွင့် လိုင်စင်ကိုလည်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ယခုရက်ပိုင်းမှာ ရပ်ဆိုင်းထားကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း သျှမ်းပြည် ဆန်၊ စပါး ထွက်သည့် ဒေသ၌ ရေးကြီးရေလျှံ ဖြစ်ပွားခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်း စသည့် စစ်ရေးပဋိပက္ခဖြစ်ပွားမှုကြောင့် ယခုနှစ် စပါးထွက်နှုန်းမှာ လျော့ကျသွားပြီး ဆန်ဈေးမှာ ဈေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။

လက်ရှိ လက်ကျန်စပါး တင်းတစ်ရာကို ကျပ် (၁,၅၈၀,၀၀၀) မှာရှိနေပြီး ယခုအသစ်ပေါ်နေသည့် နွေစပါးတင်းတစ်ရာကိုတော့ ၁၄ သိန်းဝန်းကျင်မှာ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...