တရုတ်တွေ ကြီးစိုးလာတော့မယ့် လားရှိုးမြို့

ကျယ်ဝန်းတဲ့ မြေနီတွေပေါ်မှာ တိုင်တွေစိုက်ထူထားပြီး မြေကွက်တွေကို အကွက်ရိုက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရောင်းစားနေကြပါတယ်။ အရင် တချိန်ဟာ စိုက်ပျိုးတောင်ယာတွေဖြစ်ပြီး ရာသီအလိုက် သီးနှံတွေ ပြောင်းတွေကို စိုက်တဲ့မြေနေရာ ဖြစ်ပါတယ်။

တရုတ်တွေကြီးစိုးလာတော့မယ့် လားရှိုးမြို့

လက်ရှိမှာတော့ မြေထိုးကားတွေ ကား တစ်စီးပြီး တစ်စီး သွားလာလှုပ်ရှားပြီး စိုက်ပျိုးမြေမှ ရောင်းမြေဖြစ်အောင် မြေညှိနေကြပါတယ်။ အဲ့ဒီ မြေကွက်တွေရောင်း၊ ဝယ်ဖို့လုပ်တဲ့နေရာက တရုတ် – မြန်မာ ၂ နှစ်ငံကြား ကုန်တင်ပို့မှု နဲ့ စီးပွားဖြစ် ကျော်ကြားတဲ့ သျှမ်းပြည် လားရှိုးမြို့နယ်မှာပဲ ဖြစ်ပါတယ်။

အခုလက်ရှိ လားရှိုးမြို့နယ်တစ်ခုလုံး ပတ်ပတ်လည်မှာဆိုရင် မြေကွက် ရောင်း၊ ဝယ်မှု က ကြီးကြီးကျယ်ကျယ် ပါပဲ။

“လားရှိုးမြို့နယ်မှာက အခု မြေကွက်တွေက စီးပွားဖြစ်နေတယ်။ ရောင်း ၊ ဝယ် နေကြတာတော့ လားရှိုးမြို့နယ် တစ်ခုလုံးပါပဲ။ ကျေးရွာတွေဘက်လည်း အကုန်လုံး ရောင်းနေကြတယ်” ဟု လားရှိုးမြို့နယ် စိုင်းကျော် (အမည်လွှဲ) က ပြောပါတယ်။

မြေကွက်ဝယ်ယူသူက တရုတ်လူမျိုးတွေဖြစ်နေ

လားရှိုးမြို့နယ်မှာ မြေကွက်ရောင်းဝယ်မှု စီးပွားဖြစ်နေတာ အထူးဆန်း မဟုတ်ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဈေးနှုန်းကတော့ အရှိန်အဟုန် မြင့်တက်လာပါတယ်။

လားရှိုးမြေပုံ

စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မြန်မာပြည်ရဲ့ စီးပွားရေးဟာ ကမောက်ကမ ဖြစ်လာပြီး သာမာန် လူတန်းစားတွေဟာ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ရှိတဲ့မြေတွေကိုရောင်းပြီး အသက်ဆက်ရှင်သန်ကြသလို ပိုက်ဆံရှိတဲ့ လူတန်းစားတွေကလည်း မြေကို ဝယ်ပြီး ရင်းနှီးမြှုပ်နှံကြပါတယ်။

ဒါကြောင့် မြေစျေးတွေဟာ ထင်ထားတာထက် အဆမတန် မိုးပေါ်မြင့်တက်နေတာပါ။

“အာဏာသိမ်းလိုက်တော့ စီးပွားရေးကျ၊ ငွေကလည်း ဖောင်းပွလာ လုံခြုံမှုကလည်း မရှိဘူး။ ရွှေဈေးကလည်း မငြိမ်။ ပြီးတော့ ဓားပြကိုလည်း ကြောက်ရတယ်။ ဒေါ်လာ ဝယ်ထားမယ် ဆိုတော့လည်း ဒေါ်လာကိုင်ရင် ဖမ်းမယ်လို့ ထုတ်ပြန်ထားတယ်။ ဘဏ်ထဲ သွားထည့်ထားရင်လည်း ပြန်ထုတ်ဖို့က ခက်တယ်။ အဲ့ကြောင့် ငွေရှင်တွေကလည်း မြေဝယ်တယ်။ ပြည်သူတွေကလည်း မရှိတာကြောင့် ရောင်းစားကြတယ်။ အဲ့တော့ မြေဈေးတွေက ဈေးပြန်ကြီးလာတယ် ” လို့ လားရှိုးမြို့နယ်အတွင်း မြေပွဲစား စိုင်းလူ (အမည်လွဲ) က မြေဈေးနှုန်းကြီးလာရတဲ့ အကြောင်းရင်း ကိုပြောပြပါတယ်။

မြေကွက်ရိုက် ရောင်းချနေ

လားရှိုး မြို့လယ်ခေါင်မှာ အိမ်ပါခြံဟာ သိန်း ၅ သောင်းအထိ ဈေးပေါက်နေပြီး ၆၀ ပေ ပတ်လည် မြေတကွက်လျှင် သိန်း (၃,၀၀၀) လောက်အထိ ဈေးပေါက်ပါတယ်။

များသောအားဖြင့် မြေကွက်တွေကို ဝယ်နေတဲ့သူတွေဟာ တရုတ်လူမျိုး သူဌေးတွေ ဖြစ်ပြီး ကိုးကန့်ဘက်ကလာတဲ့ သူတွေများကြောင်း လားရှိုးမြို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

“ တရုတ်တွေ လာဝယ်ကြတယ်။ အခု လွယ်လွမ့် မယ်ဟန်ရွာတွေဆိုရင် ကိုးကန့်တွေ လာနေတာများတယ်။ အဲ့နားလည်း မြေကွက်တွေကို အကွက်ချပြီးတော့ ရောင်းနေကြတယ်။ အရင်က လွယ်လွမ့်ရွာဆိုရင် တအာင်းရွာဖြစ်တယ်။ အခုဆို တရုတ် ၊ ကိုးကန့်တွေက လူဦးရေ အများဆုံး ဖြစ်နေတယ်” လို့ လွယ်လွမ့်ရွာ အနီးနေထိုင်တဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အချို့ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံသား စိစစ်ရေးမှတ်ပုံတင်ကဒ် လုပ်ပြီး မြေတွေဝယ်ယူနေသလို အချို့ကလည်း မြေပိုင်ဆိုင်ဖို့အတွက် မြန်မာအမျိုးသမီးတွေကို လက်ထပ်ယူတဲ့ အထိ ကြိုးစားနေတာတွေလည်း ရှိနေပါတယ်။

မြေကွက်ရိုက် ရောင်းချနေ

“ ကျနော်တို့ဘက် ကိုးကန့် ၊ ကွမ်လုံ၊ ဟိုပန်ဘက် တရုတ်တွေ လာဝယ်တာများတယ်။ တရုတ်လူတွေက ဒီဘက် မြေဝယ်လို့ရအောင် နည်းမျိုးစုံ တချို့ တရုတ်တွေကတော့ မြန်မာမှတ်ပုံတွေ ရှိထားတယ်။ တစ်ချို့ တရုတ်တွေတော့ မရှိဘူး” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လားရှိုးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံသား မှတ်ပုံတင် မရှိထားတဲ့ တရုတ်လူမျိုးတွေက မြန်မာ အမျိုးသမီးတွေကို လက်ထပ်ယူပြီး မြေဝယ်ယူတဲ့အထိ ရှိခဲ့တဲ့ ဖြစ်စဥ် ရှိကြောင်းလည်း အထက်ပါ အုပ်ချုပ်ရေးမှူးက သူကိုယ်တိုင်ကြုံတွေ့ခဲ့တာကို ပြန်ပြောပြပါတယ်။

“ ကျနော် တစ်ခါကြုံဖူးတယ်။ တရုတ်နိုင်ငံသားတစ်ယောက် ဒီဘက်မှာ မြေဝယ်ချင်တာ။ မှတ်ပုံတင်မရှိတော့ ရောင်းပေးလို့ မရဘူးလေ။ အဲ့တော့သူက ဒီဘက်က အမျိုးသမီးတစ်ယောက်ကို လက်ထပ်ယူတယ်။ ပြီးတော့ ပြန်လာဝယ်တယ်။ ဝယ်တဲ့အချိန်မှာလည်း သူ့မိန်းမ နာမည်မထည့်ပဲနဲ့ သူ့နာမည် ထည့်ချင်တယ်တဲ့။ မရဘူးလို့ ပြောလိုက်တော့ သူလည်း မဝယ်ဖြစ်ဘူး” လို့ အုပ်ချုပ်ရေးမှူးက ဆက်ပြောပြပါတယ်။

မြေကွက်ရိုက် ရောင်းချနေ

ဒါ့အပြင် တစ်ဖက်မှာလည်း တရုတ်နိုင်ငံသားအချို့ က လဝက ရုံးတွေမှာ ကျပ်သိန်း ၁၀ ချီပေးပြီးတော့ မှတ်ပုံတင်တွေ ပြုလုပ်နေတာလည်း ရှိပါတယ်။

“ တရုတ်တွေကတော့ မှတ်ပုံတင် လုပ်ရတာလည်း လွယ်တယ်။ လားရှိုးမှာ မြန်မာ စကားမတတ်တဲ့ တရုတ်တွေ အများကြီးပဲ။ ကျနော်တို့ တိုင်းရင်းသားတွေပဲ ခက်တာ။ သူတို့က ပိုက်ဆံကို သိန်း ၁၀ ချီပေးပြီးလုပ်တယ်။ သူတို့ကတော့ လိုချင်လွန်းလို့ လုပ်ကြတယ်။ ကျနော်တို့ တိုင်းရင်းသားတွေကတော့ သွားလုပ်ခိုင်းတာတောင် မအားဘူးလို့ ပြောနေကြသေးတယ်” လို့ အုပ်ချုပ်ရေးမှူးက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

လက်ရှိ နိုင်ငံအာဏာကို လုယူထားတဲ့ အစိုးရက တရုတ်တွေကို မှတ်ပုံတင် လုပ်ပေးနေတာက လာမဲ့ ရွေးကောက်ပွဲမှာ အကျိုးသက်ရောက်မှုရှိဖို့အတွက်ကြောင့် လုပ်ပေးနေကြောင်း ၎င်း အုပ်ချုပ်ရေးမှူးက သုံးသပ်ပြောဆိုပါတယ်။

လွယ်လွမ့် ကျေးရွာ အနောက်ဘက်ခြမ်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်းပြည်ရဲ့ တရားဥပဒေစိုးမိုးမှုကလည်း ယိမ်းယိုင်ထိုးကျလာပြီး တရားမဝင် လုပ်ငန်းတွေ ဖြစ်တဲ့ မူးယစ်ဆေးဝါးတွေ လောင်းကစားဝိုင်းတွေကလည်း ပေါ်တင်ရောင်းချ ဖွင့်လှစ်လာကြပါတယ်။

“အခုဆိုရင် လားရှိုး ဟိုတယ် ၊ တည်းခိုခန်းတွေက အိပ်စရာ နေရာတောင် မရှိဘူးတဲ့။ နေ့တိုင်းလူပြည့်နေတာတဲ့။ အခု ဆင်နှစ်ကောင် ဟိုတယ်ဆိုရင် အပေါ်ထပ်မှာ ကာစီနို ဖွင့်ထားပြီးတော့ အောက်မှာ လူတွေကို ပေးအိပ်တာတဲ့။ မြေဝယ်ဖို့ လာကြည့်တဲ့ သူတွေကလည်း အဲ့မှာ လာအိပ်ပြီး နေကြတယ် ” လို့ လားရှိုးဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

လားရှိုးမြို့နယ်အတွင်းမှာ မြေကို အသည်းအသန် ဝယ်ယူချင်နေကြတာဟာ လောင်းကစားဝိုင်းတွေ ကာစီနို အဆောက်အအုံတွေ တည်ဆောက်သွားဖို့ အတွက် ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး အချို့ နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

လွယ်လွမ့် ကျေးရွာ အနောက်ဘက်ခြမ်း

“ ဟိုတယ်တွေမှာက ကာစီနို ဖွင့်သလို မြေပြင်မှာကတော့ လောင်းကစားဝိုင်းတွေ ဖွင့်နေကြတယ်။ တချို့တွေက လောင်းကစားဖွင့်ဖို့ မြေနေရာတွေ လိုက်ငှားနေတယ်။ ကျနော်တို့ အိမ်မှာလည်း လာငှားတယ်။ ကျနော်တို့က မပေးငှားဘူးလေ။ တချို့ကလည်း ငှားပေးနေတာရှိပါတယ်” လို့ အသက် ၅၀ အရွယ် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

လားရှိုးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် ရှိရာနေရာဖြစ်သလို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ကျင်လည်ရာ ဒေသဖြစ်ပါတယ်။

ဒါပေမယ့် တရားမဝင် မြေရောင်းဝယ်မှုကိုတော့ လူမျိုးရေးလုပ်ဆောင်နေတဲ့ ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ ကန့်ကွက်မှု မရှိတဲ့အပြင် မြေရောင်းလိုက်တဲ့ သူတွေဆီကို ဆက်ကြေး (အခွန်) အဖြစ် ကောက်ယူမှု ရှိနေကြပါတယ်။

လွယ်လွမ့် ကျေးရွာ အနောက်ဘက်ခြမ်း

မြေကွက်ကို ဘယ်လိုရောင်းဝယ်ကြလဲ

စစ်တပ် အာဏာသိမ်း ၂ နှစ်သာ ကာလအတွင်းမှာ နိုင်ငံအတွင်း စီးပွားရေးတွေ ကျဆင်းလာပြီး လောင်းကစားဝိုင်း ၊ သူခိုး ၊ ဓားပြတွေလည်း ပေါများလာသလို ပြည်သူတွေ နေ့စဉ် စားဝတ်နေရေး ဖြေရှင်းဖို့အတွက်လည်း ခက်ခဲလာခဲ့ပါတယ်။

ဒါကြောင့် ပြည်သူတွေကလည်း ရရာနည်းလမ်း နဲ့ စားဝတ်နေရေး ဖြေရှင်းဖို့ စိုက်ပျိုးမြေ တစ်ဧက ကို သိန်း ၅၀၀ ကနေ ၈၀၀ ဝန်းကျင်ကြား နဲ့ ပွဲစားတွေကို ရောင်းချပေးနေပါတယ်။

တစ်ဖက်မှာလည်း ဒီမြေတွေဟာ အစိုးရ နယ်မြေ၊ တပ်ပိုင်မြေ ဆိုပြီး ခြိမ်းခြောက်ခံရမှုတွေရှိတဲ့အတွက် ပြည်သူတွေကလည်း ဆုံးရှုံးမှာကို စိုးရိမ်စိတ်ဖြင့် ရောင်းချနေတာတွေ ရှိပါတယ်။

ပိုက်ဆံရှိတဲ့ ပွဲစားတွေဟာ တောင်သူပိုင်ဆိုင်တဲ့ တောင်ယာမြေ ဧက ပေါင်းတွေကို ဝယ်ယူ ရင်းနှီးမြှုပ်နှံပြီးနောက် အကွက်ရိုက်ကာ တဖန်ပြန်ရောင်းချနေတာတွေလည်း ရှိပါတယ်။

လွယ်လွမ့် ကျေးရွာ အနောက်ဘက်ခြမ်း

“ ပွဲစားတွေကတော့ ပြည်သူတွေနား ဝယ်ယူကြတယ်။ ပြီးတော့ သူတို့က အကွက်ချပြီး ပြန်ရောင်းတယ်။ ပြည်သူနား ဝယ်တုန်းကတော့ မြေပုံစံ ၇ တွေ ရကြတယ်။ သူတို့ အကွက်ချပြီး ပြန်ရောင်းတဲ့အခါမှာလည်း မြေ ပုံစံ ၇ လုပ်ပေးတာရှိတယ်”လို့ မြေပွဲစား စိုင်းလူက ပြောပါတယ်။

ဒါ့အပြင် မြေပွဲစားလုပ်နေသူများသည် များသောအားဖြင့် အစိုးရ မြေစာရင်း ဝန်ထမ်းရုံးက သူတွေ နဲ့ ရင်းနှီးသူများ ၊ မိသားစုဝင်များ ဖြစ်ပြီး လက်ရှိမှာတော့ မြေပွဲစားလုပ်ကိုင်နေသူတွေဟာ ငွေကြေး ချမ်းသာ လာကြောင်း စိုင်းလူက ဆက်ပြောပါတယ်။

“ ကိုဗစ် နဲ့ နိုင်ငံရေးကြောင့် အလုပ်မရှိလို့ မြေပွဲစား လာလုပ်တာ သူဌေးတွေတောင် ဖြစ်ကုန်ပြီ။ လားရှိုးမှာ ပွဲစားတွေ သူဌေးဖြစ်တာဆိုရင် ဥပမာ ယောကျာ်းက ပွဲစားလုပ်ရင် မိန်းမက မြေစာရင်းရုံးထဲက လူဖြစ်တယ်။ မိန်းမက ပွဲစားဆိုရင် ယောကျာ်းက မြေစာရင်းရုံးထဲက လူဖြစ်တယ်။ အဲ့တော့ ရောင်းဝယ်ရေး လုပ်ရင်လည်း သူတို့က တစ်ခါထဲ မြေပုံစံတွေ လုပ်ပေးလို့ရတော့ ဝယ်ကြတယ်လေ” လို့ စိုင်းလူက ရှင်းပြပါတယ်။

လွယ်လွမ့် ကျေးရွာ အနောက်ဘက်ခြမ်း

လားရှိုးမြို့နယ်အတွင်း ပွဲစားများသည် ဗမာ လူမျိုးတွေ အများစု ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများ အနည်းစုသာ ရှိကြောင်းသိရပါတယ်။

နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စိုက်ပျိုးမြေ ပုံစံ (၇) တွေကို ရောင်းချပိုင်ခွင့်မရှိသည့် အပြင် အိမ်ဆောက်ပိုင်ခွင့်လည်း မရှိပါဘူး။

ဒါ့အပြင် နိုင်ငံခြားသားတွေကိုလည်း မြေလွတ်မြေရိုင်းတွေကို ရောင်းပိုင်ခွင့်မရှိကြောင်း နိုင်ငံရေး မြေယာဥပဒေမှာ ရေးသားထားပါတယ်။

ဒါပေမယ့် လားရှိုးမြို့နယ်အတွင်းမှာ စိုက်ပျိုးမြေရောင်းဝယ်ရေး ပြုလုပ်ရာတွင် ဥပဒေ နှင့် အညီ ရောင်းဝယ်မှု မရှိကြောင်း လားရှိုးမြို့နယ် ရပ်ကွက် ၅ အတွင်း အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

လက်ရှိ မြေရောင်းဝယ်မှုတွေဟာ ပွဲစားမှ မြို့နယ်မှူး ၊ မြို့နယ်မှူး မှ ခရိုင် အဆင့်ဆင့် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ လုပ်ဆောင်နေကြတယ် လို့လည်း အုပ်ချုပ်ရေးမှူးက ပြောဆိုလာပါတယ်။

မြေကွက်ရိုက် ရောင်းချနေ

“ စိုက်ပျိုးမြေတွေကို ရောင်းဖို့ဆိုရင် အရင်ဆုံး လျှောက်လွှာတင်ရတယ်။ နာမည်အရတော့ လျှောက်ကြပါတယ်။ လျှောက်လွှာ မကျသေးဘူး။ သူတို့က မြေပြင်မှာ စိုက်ပျိုးမြေတွေ ရောင်းနေကြပြီ။ မြို့နယ် နဲ့ ခရိုင်တွေ ဦးဆောင်ပြီး လုပ်ကြတယ်။ ပွဲစားကတော့ စိုက်ပျိုးမြေတွေရောင်းဖို့ မြေကွက်တွေလုပ်ဖို့တော့ မြို့နယ်တွေကို လာဘ်ပေး လာဘ်ယူပြီးတော့ လုပ်သွားတာတော့ ရှိပါတယ်” လို့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ဒီလို မြေကွက်ရိုက် ရောင်းစားနေတဲ့သူတွေဟာ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတွေမှာ ဆွေမျိုးရှိတဲ့သူဖြစ်တဲ့အတွက် အလွယ်တကူ ရောင်းဝယ်နိုင်တဲ့ အခြေအနေဖြစ်ကြောင်း၊ အဲ့ဒီရုံးတွေမှာ နေတဲ့သူအများစုကလည်း ဌာနေ တိုင်းရင်းသားလူမျိုးတွေမဟုတ်ဘဲ တခြားဒေသက ပြောင်းလာတဲ့သူတွေဖြစ်ပါတယ်။

“ မြေပွဲစား လာလုပ်တဲ့သူတွေဆိုရင် ကားအကောင်းစားတွေ RC တိုက်တွေဆောက်နိုင်ပြီ။ ဘာလို့လဲဆို သူတို့ရဲ့ အမျိုးတွေက ထွေအုပ်ရုံး၊ မြေစာရင်းရုံးတွေမှာ လူရှိတယ်လေ။ ကျနော်တို့ တိုင်းရင်းသားတွေပဲ ထွေအုပ်တွေမှာ အလုပ်လုပ်ခိုင်းရင် မလုပ်ချင်ဘူး။ ကျနော်တို့ လူငယ်တွေကို အစိုးရရုံးတွေမှာ အလုပ်လုပ်ခိုင်းစေချင်တယ်။ အခုတော့ ကိုယ်တွေ နေတဲ့မြို့ က နောင်တစ်ချိန်မှာ သူများလူမျိုးတွေ ကြီးစိုးလာတော့မယ်” လို့ စိုင်းလူက ဝမ်းနည်းစွာ ပြောပါတယ်။

မြေကွက်ရိုက် ရောင်းချနေ

အဲ့ဒီမြေ ပွဲစားတွေက ပိုက်ဆံမျက်နှာကိုသာကြည့်ပြီး “ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့စကားပုံအတိုင်း ဥပဒေကို မသိရှိသလို နောင်အနာဂတ် ဖြစ်လာမယ့် ပြဿနာကို မတွေးတော့ပဲ တရုတ်လူမျိုးတွေကို ပြန်လည်ရောင်းချနေပါတယ်။

ပြည်သူတွေက ဘာကြောင့် မြေတွေကို ရောင်းကြတာလဲ

“ မြေကွက် မရောင်းချင်တဲ့သူတွေဆိုရင်လည်း သူတို့က သိမ်းတဲ့ နယ်မြေထဲ ပါတယ်ဆိုပြီးတော့ အတင်းရောင်းခိုင်းတာလည်းရှိတယ်။ တိုင်းမှူးကတော့ ပြောတာမဟုတ်ဘူး။ အုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် ပဲ ရွာသားတွေကို ပြောတာပေါ့” လို့ စိုင်းလူက ပြည်သူတွေ မြေရောင်းရတဲ့ အကြောင်းရင်းကို ပြောပြပါတယ်။

လက်ရှိ လားရှိုးမြို့နယ် မြေယာတွေကို အကွက်ရိုက်ပြီး ရောင်းစားနေတဲ့ထဲမှာ လားရှိုးမြို့နယ် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးရဲ့ သားကလည်း ပါဝင်နေကြောင်း မြေပွဲစားတွေဆီကနေ စုံစမ်းသိရပါတယ်။

မြေကွက်ရိုက် ရောင်းချနေ

တိုင်းမှုး ဗိုလ်မှူးချုပ် ရဲ့ သား ခြိမ်းခြောက်မှု ကြောင့် ပြည်သူတွေက မရောင်းချင်ဘဲ ရောင်းနေရကြပါတယ်။

“ တိုင်းမှူးရဲ့ သားကတော့ အခုဆိုရင် ထင်းရှူးမြိုင်ဘက် နဲ့ ရပ်ကွက် ၁၀ တွေဘက်မှာ အကွက်တွေချပြီးတော့ ရောင်းနေတယ်။ တိုင်းမှူးသားကလည်း ပွဲစားလုပ်တယ်။ သူ့မြေကွက်တွေကိုဆိုရင် တရုတ်လူမျိုးတွေကို ပိုပြီးရောင်းပေးတယ်” လို့ စိုင်းလူက ပြောပါတယ်။

ဒေသခံတွေရဲ့ မြေကွက်တွေကို သိမ်းယူမယ့်အထဲမှာ ပါဝင်တဲ့အတွက်ကြောင့် အသိမ်းမခံချင်ပါက ရောင်းစားရန်အတွက် တိုင်းမှူးရဲ့ သားက ပြည်သူတွေကို ခြိမ်းခြောက် ကမ်းလှမ်းခဲ့ပါတယ်။ တစ်ဖက်တွင်လည်း သျှမ်းပြည် ကျောက်မဲခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ အချင်းချင်း တိုက်ပွဲကြောင့် လားရှိုးမြို့သို့ ပြောင်းရွှေ့နေထိုင်လာမှုလည်း ရှိကြောင်း သိရပါတယ်။

“တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာပြီးတော့ ရောက်လာကြတယ်။ မြို့ဘက်မှာ လာနေတာရှိတယ်။ ဒါတော့ မြေဈေးသိပ်မကြီးတဲ့ နေရာမှာ လာဝယ်ပြီး နေကြတယ်။ တစ်ချို့ကျတော့လည်း တပ်သားကောက်မှာဆိုးလို့ လာနေကြတာရှိတယ်” လို့ စိုင်းလူကပြောပါတယ်။

မြေကွက်ရိုက် ရောင်းချနေ

နိုင်ငံတော်၏ အခြေခံဥပဒေအရ စိုက်ပျိုးမြေယာများကို ရောင်းချပိုင်ခွင့်ရှိသော်လည်း အိမ်ယာ၊ တိုက်တို့ တည်ဆောက်ပိုင်ခွင့် မရှိထားပေ။

“ စိုက်ပျိုးမြေ၊ လယ်ယာမြေတွေဆိုတာကို အိမ်ဆောက်လို့မရဘူး။ သူက ပျိုးပင်၊ စိုက်ပင်တွေ အတွက် အစိုးရကနေပြီး အငှားချထားပေးတာ။ တကယ် ဥပဒေအရဆိုရင်တော့ ဒါတွေကို ရောင်းချပြီးတော့ အိမ်ဆောက်တာတွေ လုပ်လို့မရဘူး” လို့ အမည်မဖော်လိုတဲ့ ဥပဒေ ပညာရှင်တစ်ဦးက ပြောပါတယ်။

မည်သို့ပင် ဥပဒေတွေ ပြဌာန်းထားသော်လည်း စစ်တပ်အာဏာသိမ်းလက်ထက်ထဲတွင် လားရှိုးမြို့သည် နောင်တစ်ချိန်တွင် တရုတ်မြို့ကြီး ဖြစ်သွားမည်ကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။

“နောက်ကျရင် တရုတ်မြို့တော် ဖြစ်သွားမှာကိုတော့ စိုးရိမ်တယ်။ တစ်ချို့ကျတော့ ငွေမမြင်ဖူးတော့လည်း ရောင်းကျတယ်။ သူများကတော့ ရွှေ၊ ငွေ တွေနဲ့ ဒီမြို့ကို သိမ်းသွားနိုင်တယ်။ ကျနော်လည်း တစ်ယောက်ထဲဆိုတော့ ကန့်ကွက်လို့ကလည်း မရဘူး။ ဖြစ်နိုင်ရင်တော့ မြေကွက်တွေကို မရောင်းစေချင်တော့ဘူး” လို့ လားရှိုးမြို့နယ်အတွင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက စိတ်မကောင်းစွာနဲ့ ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...