မြန်မာ – တရုတ်နယ်စပ်ဂိတ် မူဆယ်လမ်းတလျောက် ကားပိတ်ဆို့မှုဖြစ်
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ရှိ မြန်မာ - တရုတ် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီးနောက် ရန်ကုန်၊ မန္တလေး ဘက်မှ ကုန်တင်ကားများ မူဆယ်မြို့ရှိ နယ်စပ် ဂိတ်ပေါက် ဆီသို့ အများအပြား ရောက်ရှိလာကြောင်း သတင်း သိရသည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေး နှင့် အောက်မြန်မာဘက်မှ...
တာချီလိတ် – မယ်ဆိုင် အမှတ် (၁) တံတား ပြန်ဖွင့်ရန် ပြည်သူများ မျှော်လင့်နေ
မြန်မာ - ထိုင်း နယ်စပ် တာချီလိတ် - မယ်ဆိုင် အမှတ် (၁) တံတားကို ပြန်ဖွင့်ရန်အတွက် ပြည်သူများက မျှော်လင့်နေကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီ ၁၂ ရက်တွင် မြဝတီ - မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတား ကို...
နိုင်ငံခြားသားပါ လူကုန်ကူးခံလာရတဲ့ “ဝ”နဲ့ “လောက်ကိုင်”ဒေသ
အချို့ကတော့ တောင်ကို ခြေလျင်လျှောက်ကာ ကျော်ဖြတ်ကြပြီး၊ အချို့ကတော့ မြစ်ကိုဖြတ်ကာ မြန်မာပြည် ထဲသို့ ခိုးဝင်နေကြပါတယ်။ အဲ့ဒီ လူတွေကတော့ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး၊ မြန်မာပြည်ဘက် အလုပ်သွားလုပ်ရန်အတွက် မယ်ဆိုင်-တာချီလိတ်ဘက်သို့ နိုင်ငံဖြတ်ကျော် ခိုးဝင်နေကြတဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့တွေဟာ မြန်မာပြည်ဘက်ခြမ်း တာချီလိတ် ကနေတဆင့် မိုင်းပေါက်ထိ ကားနဲ့ မှောင်ခို သွားရောက်ပြီး၊...
မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်
SHAN -
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...
ပုံးအင်းတောင်သူများ ပဲပုတ်စေ့ကို စမ်းသပ်စိုက်ပျိုးလာ
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် နှစ်စဉ်နှစ်တိုင်း စပါးရေလွှမ်းမိုးခံရခြင်းကြောင့် တောင်သူများသည် အရှုံးပေါ်ခဲ့ရာမှ ပဲပုတ်စေ့ကို စမ်းသပ် စိုက်ပျိုးလာနေကြောင်း သိရှိရသည်။ ပုံးအင်းဒေသ တောင်ဘက်ခြမ်း အမြင့်ပိုင်းဒေသဖြစ်သည့် နောင်စန့်ရွာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လပိုင်းက ရေကြီးရေလျှံမှုဖြစ်ပွားကာ လယ်ယာစပါး ဧကပေါင်း (၂) သောင်းကျော်...
မူးယစ်ရာဇာ လက်နက်ပွဲစား ထွန်းမင်းလတ် ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးချိန်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ၏ သားသမီးများ ပိုင်ဆိုင်မှုများ ပါဝင်ထားကြောင်း Justice for Myanmar က ယနေ့ (ဇန်နဝါရီ ၁၁) တွင် ထုတ်ပြန်ခဲ့သည်။ မြန်မာခရိုနီလက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးရမိချိန်တွင် စစ်ခေါင်ဆောင်...
ရွှေလီမြစ်ဝှမ်းဒေသ ကြံစိုက်ပျိုးသူများ တင်ပို့ရောင်းချရန် ခက်ခဲနေဆဲ
မြန်မာ - တရုတ်နယ်စပ် ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) စိုက်ပျိုးရေးသမားများ တပိုင်တနိုင်တင်ပို့နေသည့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ကြံစိုက်ပျိုးသူများ ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်မှ စပြီး ယနေ့ထိ ၃ နှစ်ခန့်ကြာ ပိတ်ထားသည့် ရွှေလီမြစ်ဝှမ်းဒေသရှိ တပိုင်တနိုင်တောင်သူများ...
စစ်ရေးပဋိပက္ခ နဲ့ ကိုဗစ် ကြောင့် ပိတ်ထားသည့် ကျိုင်းတုံ – မိုင်းလား တာပင်းဂိတ် ပြန်ဖွင့်လှစ်
သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းလား ဒေသအတွင်း စစ်ရေး နှင့် ကိုဗစ် ကူးစက်ပျံ့နှံ့မှုများကြောင့် ၅ နှစ်ကျော်ကြာ ပိတ်ထားရသည့် ကျိုင်းတုံ - မိုင်းလားလမ်းပေါ်ရှိ တာပင်းဂိတ် ပြန်လည်ဖွင့်လှစ်ကြောင်း စုံစမ်းသိရသည်။ ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့ နှင့် မိုင်းလားဒေသ အတွက် အထူးအရေးပါသော လမ်းကြောင်းဖြစ်သည့် တာပင်းဂိတ်...
တရုတ်ဘက်မှ နယ်စပ်ဂိတ် ပြန်ဖွင့်သော်လည်း မြန်မာဘက် မဖွင့်သေး
သျှမ်းပြည် မူဆယ်ခရိုင်ရှိ မြန်မာ - တရုတ် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ပြန်ဖွင့်သော်လည်း မြန်မာဘက်မှ မဖွင့်သေးကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၈ ) ရက် မနက်ပိုင်း အချိန်တွင် မြန်မာ - တရုတ် နယ်စပ်ဂိတ်ဖြစ်သည့် တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်ခြမ်း အပါအဝင်...
စက္ကူမလောက်သည့် အကြောင်းပြချက်ဖြင့် Passport ရုံးပိတ်ဆိုင်း
စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများသည် ပြည်ပထွက်ခွာမှု များပြားလာသည့်အတွက် စစ်ကောင်စီမှ နိုင်ငံခြားလက်မှတ်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်ရသည့် အဆင့်ထိ ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် မြန်မာတဝှမ်းနည်းတူ သျှမ်းပြည်တွင် ပြုလုပ်နေသည့် နိုင်ငံကူးလက်မှတ် (Passport ) ထုတ်ဝေမှုကိုလည်း စက္ကူမလုံလောက်မှုကြောင့် ပိတ်သိမ်းထားသည်ဟု အကြောင်းပြချက်ဖြင့် Passport ရုံးဝန်ထမ်းများက ပြောဆိုသည်။ အဆိုပါ ပိတ်ဆိုင်းမှုသည် ဇန်နဝါရီ...





