ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် လက်ဖက်ဈေးတက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် ကျေးလက်ဒေသမှ တိုက်ပွဲကြောင့် တောင်သူများ လက်ဖက် မခူးနိုင်သဖြင့်လက်ဖက်ဈေးတက်နေကြောင်း စုံစမ်းသိရှိရသည်။

လက်ဖက်ခြောက်

စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ပင်လောင်းမြို့နယ် နမ်းနိန်း ၊ လုံးပျဉ်၊ တောင်မဲသင်း စသည့် ကျေးရွာ ၄ ရွာခန့်မှ ဒေသခံ တောင်သူများသည် လက်ဖက်ကို မခူးနိုင်ကြတော့သဖြင့် လက်ဖက်ထွက်နှုန်း လျော့နည်းသွားကာမှ ခူးပြီး လက်ကျန် လက်ဖက်များ ဈေးနှုန်းမြင့်တက်သွားကြောင်း ဒေသခံတောင်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ နေရာမှာတော့ လက်ဖက်ခူးဖို့ အဆင်မပြေဘူး။ တချို့တိုက်ပွဲ နဲ့ ဝေးတဲ့ ရွာတွေကလည်း ခြံက တောင်ပေါ်မှာဆိုတော့ သွားခူးရမှာ နည်းနည်းကြောက်ရတယ်။ သူများလည်း မပေးသွားဘူး။ တိုက်ပွဲဖြစ်တော့ တောင်သူတွေက လက်ဖက်ခူးဖို့ ကြောက်လည်းကြောက်ရ၊ လုံခြုံရေးလည်း စိုးရိမ်ရ နဲ့ လက်ဖက် မခူးနိုင်ဘူး။ လက်ဖက် မခူးနိုင်တော့ ရောင်းဖို့ လက်ဖက်က ရှားသွားတယ်။ အဲ့ကြောင့်လည်း ဈေးတက်သွားတယ် “ ဟု ၎င်းက ပြောသည်။

ယခင်က လက်ဖက်ခြောက် တစ်ပိဿကို ကျပ် (၄,၀၀၀) ထိ ဈေးနှုန်းရှိသော်လည်း တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း လက်ဖက်ခြောက် တစ်ပိဿလျှင် ကျပ် (၈,၀၀၀) ထိ ဈေးနှုန်းမြင့်တက် သွားကြောင်း သိရသည်။

လက်ဖက်ခြံ

ထို့အပြင် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါက လက်ဖက်ဈေးနှုန်းသည် လက်ရှိ ပမာဏ ဈေးနှုန်းထက် ပိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း လက်ဖက်ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

“ လက်ဖက် ဈေးကတော့ ဒီထက်တက်ဖို့ အလားလာရှိတယ်။ သိတဲ့အတိုင်းပဲ နိုင်ငံရေးက မကောင်းတော့ ဆန်၊ ဆီ၊ ဆားကအစ ဈေးတက်နေတယ်။ အဲ့ဒါတွေနဲ့လည်း သက်ဆိုင်တယ်။ အရင်က ဈေးမတက်ခင်တုန်းက ဆီဘူး သေးတစ်ဘူးကို ကျပ် (၁,၀၀၀) ကနေ (၁,၅၀၀) အထိပဲရှိတယ်။ အခုဆိုရင် အဲ့ဘူးသေး တစ်ဘူးကို (၄,၀၀၀) ကျော် (၅,၀၀၀) လောက်ရှိသွားပြီ “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ လက်ဖက်ဈေးနှုန်း အဆမတန် မြင့်တက်သွားလျှင် စားသုံးသူ၊ သောက်သုံးသူ အနေဖြင့်လည်း ဝယ်ယူဖို့ရန် ခက်ခဲနေကြောင်း သိရသည်။

စစ်တပ်သည် နိုင်ငံတော်ကို အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ်မှုကြောင့် စီးပွားရေး အဆမတန်ကျဆင်းလာခြင်း၊ ငွေကြေးဖောင်းပွလာခြင်းတို့ကြောင့် စက်သုံးဆီ၊ ကုန်ဈေးနှုန်းများလည်း ယခင်ထက် ဈေးနှုန်းမြင့်တက်လာနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...