ဖယ်ခုံမြို့အတွင်း အလုပ်အကိုင် ရှားပါးလာ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့တွင်း အလုပ်အကိုင် ရှားပါးလာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံမြို့

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း စစ်ကောင်စီ က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရပြီး နေထိုင်သူများ နည်းပါးလာသောကြောင့် အလုပ်အကိုင် ရှားပါးလာခဲ့ကြောင်း သိရသည်။

ထိုအပြင် မြို့တွင်း နေထိုင်သည့် ပြည်သူများ စားဝတ်နေရေးအတွက် ဖြေရှင်းရန် ခက်ခဲနေလျက်ရှိကြောင်း ဖယ်ခုံမြို့ ဒေသခံ အမျိုးသမီး တစ်ဦး ကပြောသည်။

“အလုပ်တော့ မလုပ်ရဘူး။ ကျမ အမျိုးသားလည်း အရင်လို အလုပ်မလုပ်ရဘူး။ ဝင်ငွေမရှိတော့ဘူး။ တောင်ယာလည်း မလုပ်နိုင်ဘူး။ လယ်ယာလည်း မလုပ်နိုင်တော့ဘူး။ အငှားလည်း မရှိတော့ဘူး။ သူတို့တွေလည်း ထွက်ပြေးသွားတော့ လုပ်တဲ့လူလည်း မရှိတော့ဘူး။ တစ်ချို့တော့ လုပ်ပါတယ်။ ၁၀ ယောက်မှာဆိုရင် ၁ ယောက်လောက်ပဲ လုပ်တော့တယ်။ ကျမတို့က နိုင်ငံခြားထွက်ပြီးတော့ ပိုက်ဆံရှာရတယ် ” ဟု ၎င်းက ပြောသည်။

ထိုကြောင့် စားဝတ်နေရေး အတွက် ပြည်သူများက နိုင်ငံခြားသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်ရကြောင်း သိရသည်။

ထို့အပြင် ဖယ်ခုံမြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် နှင့် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ တစ်ချို့က ဒေသပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။

“ မြို့ထဲမှာက အရင်လို မဟုတ်တော့ဘူး။ တစ်ချို့ကလည်း ငြိမ်းချမ်းတဲ့ နေရာမှာ သွားနေကြတယ်။ တစ်ချို့ကတော့ ရွာဘက်မှာနေတယ်။ အရင်ကထက်စာရင်တော့ လူတွေက သွားလာတာ ပိုနည်းတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်ထဲကို စစ်တပ်က လက်နက်ကြီးတွေ ပစ်တယ်လေ။ အဲ့ကြောင့် ပြည်သူတွေက ထွက်ပြေးသွားတာ” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသမီးက ပြောသည်။

ထိုအပြင် မြို့အတွင်း ပြည်သူများက လိုအပ်မှသာ အပြင်သွားလာမှု ပြုလုပ်ကြောင်း ၊ ဈေးအတွင်း ကုန်သည်များကလည်း နည်းပါးလာကြောင်းလည်း သိရသည်။

“လူတွေကလည်း လိုအပ်မှပဲ အပြင်သွားလာကြတာ။ မလိုရင် မသွားကြတော့ဘူး။ အရင်လို မပျော်ဘူး။ ဈေးထဲဆိုရင် လူတွေမရှိဘူး။ ဈေးသည်တွေကလည်း နည်းလာတယ်။ ၃ ပုံမှာဆိုရင် ၁ ပုံလောက်ပဲရှိတော့တယ်။ မြို့တွင်းမှာဆိုရင် လူတွေက ၅ ပုံဆိုရင် ၃ ပုံလောက်ပဲ ရှိတော့တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

လက်ရှိတွင်လည်း ဖယ်ခုံမြို့နယ်အတွင်း နေထိုင်သည့်သူများ စိုးရိမ်မှုဖြင့် အမြဲနေထိုင်ရသည်။

“ ညအချိန်ခွေးတွေ ဟောင်ပြီဆိုရင် စစ်သားတွေ ဝင်လာဆွဲမှာ ကြောက်ရတယ်။ လက်နက်ကြီးတွေ ပစ်ခတ်လာမှာကြောက်ရတယ်။ ညတိုင်း လက်နက်ကြီးသံတော့ အမြဲ ကြားနေရတယ်။ မြို့ထဲမှာတော့ မရမ်းကားသေးဘူး။ စစ်သားတွေ လာရမ်းကားရင်တော့ တကယ် ထိတ်လန့်တယ်” ဟု ဖယ်ခုံမြို့ ၂၈ နှစ်အရွယ်ရှိ အမျိုးသမီးက ပြောသည်။

ထိုကြောင့် ဖယ်ခုံမြို့တွင်း နေထိုင်သည့် သူများသည် ရုတ်တရက် တိုက်ပွဲဖြစ်ပွားလာပါက ထွက်ပြေးနိုင်ရန်အတွက် မှတ်ပုံတင်၊အစားသောက် နှင့် အဝတ်စားများကို ကြိုတင် ပြင်ဆင်ထားကြသည်။

ဖယ်ခုံမြို့နယ်အတွင်းတွင် လက်ရှိ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီကလည်း ကျေးရွာတွေဘက် လက်နက်ကြီးများ ပစ်ခတ်နေသည်။

အလားတူ ယနေ့ မတ်လ ၂၄ ရက် နံနက်ပိုင်း အချိန်တွင်လည်း စစ်ကောင်စီက ဖယ်ခုံအင်းအနောက်ဘက်ကမ်းကို လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်း PDF များထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...