Wednesday, January 28, 2026

ဖယ်ခုံမြို့အတွင်း အလုပ်အကိုင် ရှားပါးလာ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့တွင်း အလုပ်အကိုင် ရှားပါးလာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံမြို့

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း စစ်ကောင်စီ က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရပြီး နေထိုင်သူများ နည်းပါးလာသောကြောင့် အလုပ်အကိုင် ရှားပါးလာခဲ့ကြောင်း သိရသည်။

ထိုအပြင် မြို့တွင်း နေထိုင်သည့် ပြည်သူများ စားဝတ်နေရေးအတွက် ဖြေရှင်းရန် ခက်ခဲနေလျက်ရှိကြောင်း ဖယ်ခုံမြို့ ဒေသခံ အမျိုးသမီး တစ်ဦး ကပြောသည်။

“အလုပ်တော့ မလုပ်ရဘူး။ ကျမ အမျိုးသားလည်း အရင်လို အလုပ်မလုပ်ရဘူး။ ဝင်ငွေမရှိတော့ဘူး။ တောင်ယာလည်း မလုပ်နိုင်ဘူး။ လယ်ယာလည်း မလုပ်နိုင်တော့ဘူး။ အငှားလည်း မရှိတော့ဘူး။ သူတို့တွေလည်း ထွက်ပြေးသွားတော့ လုပ်တဲ့လူလည်း မရှိတော့ဘူး။ တစ်ချို့တော့ လုပ်ပါတယ်။ ၁၀ ယောက်မှာဆိုရင် ၁ ယောက်လောက်ပဲ လုပ်တော့တယ်။ ကျမတို့က နိုင်ငံခြားထွက်ပြီးတော့ ပိုက်ဆံရှာရတယ် ” ဟု ၎င်းက ပြောသည်။

ထိုကြောင့် စားဝတ်နေရေး အတွက် ပြည်သူများက နိုင်ငံခြားသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်ရကြောင်း သိရသည်။

ထို့အပြင် ဖယ်ခုံမြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် နှင့် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ တစ်ချို့က ဒေသပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။

“ မြို့ထဲမှာက အရင်လို မဟုတ်တော့ဘူး။ တစ်ချို့ကလည်း ငြိမ်းချမ်းတဲ့ နေရာမှာ သွားနေကြတယ်။ တစ်ချို့ကတော့ ရွာဘက်မှာနေတယ်။ အရင်ကထက်စာရင်တော့ လူတွေက သွားလာတာ ပိုနည်းတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်ထဲကို စစ်တပ်က လက်နက်ကြီးတွေ ပစ်တယ်လေ။ အဲ့ကြောင့် ပြည်သူတွေက ထွက်ပြေးသွားတာ” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသမီးက ပြောသည်။

ထိုအပြင် မြို့အတွင်း ပြည်သူများက လိုအပ်မှသာ အပြင်သွားလာမှု ပြုလုပ်ကြောင်း ၊ ဈေးအတွင်း ကုန်သည်များကလည်း နည်းပါးလာကြောင်းလည်း သိရသည်။

“လူတွေကလည်း လိုအပ်မှပဲ အပြင်သွားလာကြတာ။ မလိုရင် မသွားကြတော့ဘူး။ အရင်လို မပျော်ဘူး။ ဈေးထဲဆိုရင် လူတွေမရှိဘူး။ ဈေးသည်တွေကလည်း နည်းလာတယ်။ ၃ ပုံမှာဆိုရင် ၁ ပုံလောက်ပဲရှိတော့တယ်။ မြို့တွင်းမှာဆိုရင် လူတွေက ၅ ပုံဆိုရင် ၃ ပုံလောက်ပဲ ရှိတော့တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

လက်ရှိတွင်လည်း ဖယ်ခုံမြို့နယ်အတွင်း နေထိုင်သည့်သူများ စိုးရိမ်မှုဖြင့် အမြဲနေထိုင်ရသည်။

“ ညအချိန်ခွေးတွေ ဟောင်ပြီဆိုရင် စစ်သားတွေ ဝင်လာဆွဲမှာ ကြောက်ရတယ်။ လက်နက်ကြီးတွေ ပစ်ခတ်လာမှာကြောက်ရတယ်။ ညတိုင်း လက်နက်ကြီးသံတော့ အမြဲ ကြားနေရတယ်။ မြို့ထဲမှာတော့ မရမ်းကားသေးဘူး။ စစ်သားတွေ လာရမ်းကားရင်တော့ တကယ် ထိတ်လန့်တယ်” ဟု ဖယ်ခုံမြို့ ၂၈ နှစ်အရွယ်ရှိ အမျိုးသမီးက ပြောသည်။

ထိုကြောင့် ဖယ်ခုံမြို့တွင်း နေထိုင်သည့် သူများသည် ရုတ်တရက် တိုက်ပွဲဖြစ်ပွားလာပါက ထွက်ပြေးနိုင်ရန်အတွက် မှတ်ပုံတင်၊အစားသောက် နှင့် အဝတ်စားများကို ကြိုတင် ပြင်ဆင်ထားကြသည်။

ဖယ်ခုံမြို့နယ်အတွင်းတွင် လက်ရှိ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီကလည်း ကျေးရွာတွေဘက် လက်နက်ကြီးများ ပစ်ခတ်နေသည်။

အလားတူ ယနေ့ မတ်လ ၂၄ ရက် နံနက်ပိုင်း အချိန်တွင်လည်း စစ်ကောင်စီက ဖယ်ခုံအင်းအနောက်ဘက်ကမ်းကို လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်း PDF များထံမှ သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...