လက်နက်ကိုင်များ ဆက်ကြေး တိုးကောက်မှုကြောင့် သီပေါမြို့နယ် ဒေသခံများ လယ်စွန့်ပြီး ဟိုပန်မြို့ဘက် ခြံသွားလုပ်ကြ

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် ကျေးလက်ဒေသအတွင်း နေထိုင်သည့် ဒေသခံများထံ လက်နက်ကိုင် တပ်ဖွဲ့များကို အခွန် (ဆက်ကြေး) အဆမတန် ကောက်ယူမှုကြောင့် လယ်ယာများစွန့်ပြီး ဟိုပန်မြို့ဘက်ရှိ ခြံလုပ်သားအဖြစ် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေရကြောင်း စုံစမ်းသိရှိရသည်။

ဘိုစိုက်ခင်း

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ် ကျော်ကာလအတွင်း သီပေါမြို့နယ် ဆယ်ခန်၊ မန်နား၊ နားလော့ စသည့် ကျေးရွာ ၅ ရွာခန့်ရှိ ဒေသခံများသည် တစ်နှစ်ကာလအတွင်း လက်နက်ကိုင် တပ်ဖွဲ့ (၁) ဖွဲ့ကို တစ်အိမ်လျှင် ကျပ် ၁၀ သိန်းကျော် အထိ အခွန်ဆောင်နေရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မိမိကိုယ်ပိုင် လယ်ယာခြံတွင် ပြောင်း၊ ပဲ၊ ကောက်ပဲ သီးနှံအမျိုးမျိုးကို စိုက်ပျိုးဖို့ရန်အတွက်လည်း ကုန်ကျစရိတ်များ မြှင့်တက်လာသည့် အတွက်ကြောင့် စိုက်ပျိုးရေးကို မလုပ်ကိုင်နိုင်သလို လက်နက်ကိုင်တပ်ဖွဲ့များ အခွန်အဆမတန် ကောက်ယူမှုကြောင့် ခြံများကို စွန့်လွှတ်ပြီး ဟိုပန်မြို့ရှိ ပဲသီးစိုက်ပျိုးရေးမှ ခြံလုပ်သားအဖြစ် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေရကြောင်း ၎င်းကဆက်ပြောသည်။

“ဒီမှာလုပ်ရင်တော့ ချွေတာစား၊ ချွေတာဝယ်၊ ချွေတာနေရတော့ ကိုယ့်ဒေသလောက်တော့ သာပါတယ်။ ကိုယ့်ဒေသမှာဆို အခွန်တွေ အမြဲဆောင်နေရတယ်။ ကိုယ်ပိုင် အလုပ်လုပ်ရင် ကိုယ့်တစ်ဝက်၊ လက်နက်ကိုင်တပ်တွေကို တစ်ဝက် ပေးရတယ်လေ။ သူတို့က ခဏနေ ပိုက်ဆံတောင်းလိုက်၊ ဆန်တောင်းလိုက် နဲ့ အကုန်ပေးနေရတယ်။ သူတို့က ပျင်းလို့ အခွန်လာကောက်ရင်လည်း ပေးရတာပဲ။ တစ်နှစ်လုံး (၁၀) သိန်းကျော်လောက်က သူတို့ကို ပေးနေရတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

ဘိုစိုက်ခင်း

အဆိုပါ ဟိုပန်မြို့ရှိ ပဲသီးစိုက်ပျိုးရေးခြံမှ နေ့စားလုပ်အားခ တစ်နေ့လျှင် ကျပ် (၁၀,၀၀၀) ရရှိကြောင်း သိရသည်။

ထို့အပြင် ဟိုပန်မြို့ရှိ ခြံလုပ်သားအဖြစ် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြသည့် ဒေသခံများသည် ယခုချိန်တွင် မူလ နေရပ်ကို မပြန်တော့ဘဲ လုပ်ငန်းခွင်အတွင်း၌ နှစ်နှင့်ချီနေထိုင် သွားမည်ဖြစ်ကြောင်း နန်းအောင် (အမည်လွှဲ) က ပြောသည်။

“တချို့ နေ့စားသွားလုပ်တဲ့သူက ပြန်လာတယ်။ ပြန်လာပြီး ရလာတဲ့ ငွေတွေကိုလည်း ပြန်ပြီးအသုံးပြုတာပေါ့။ နောက်နှစ် ပြောင်းစိုက်ဖို့အတွက် အရင်းအနှီး ရှာကြတာ။ တချို့တွေကလည်း ပြန်မလာတော့ဘူး။ အဲ့မှာနှစ်နဲ့ချီ နေဖို့ ဆုံးဖြတ်ထားတဲ့သူတွေလည်း ရှိတယ် “ ဟု နန်းအောင်က ပြောသည်။

အလားတူ ဟိုပန်မြို့ရှိ ပဲသီးစိုက်ပျိုးရေးခြံတွင် များသောအားဖြင့် တရုတ်သူဌေးများ ဦးဆောင်ပြီး စိုက်ပျိုးရေး လုပ်ဆောင်နေကြောင်း၊ ပဲသီးဆွတ်ခူးချိန် ကာလသည် ၃ လအထိ ကြာမြင့်နေကြောင်းလည်း သိရသည်။

သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ (TNLA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်တပ်ဖွဲ့ (SSPP/SSA) တို့ လှုပ်ရှားနယ်မြေဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...