ချင်းရွှေဟော် နယ်စပ်လမ်းကြောင်း ယာဥ်ကြောပိတ်ဆို့မှု နေ့စဥ်နီးပါး ရှိနေ

သျှမ်းပြည် ချင်းရွှေဟော်မြို့ရှိ မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် ချင်းရွှေဟော်ဂိတ် လမ်းကြောင်းတွင် ယာဥ်ကြောပိတ်ဆို့မှု နေ့စဥ်နီးပါး ရှိနေကြောင်း သတင်းသိရသည်။

ချင်းရွှေဟော် ယာဥ်ကြောပိတ်ဆို့မှု

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ချင်းရွှေဟော်ဂိတ်ကို မြန်မာ – တရုတ် နှစ်ဖက်နိုင်ငံ သဘောတူ ညီချက်ဖြင့် အဝင်အထွက် ခွင့်ပြုကာ ပြန်လည် ဖွင့်လှစ်ခဲ့ပြီးနောက် ယခုလို ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ကုန်တင်ကားမောင်းသည့် ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ယာဥ်ကြောပိတ်ဆို့မှု ဖြစ်တာက တစ်ပတ်ကျော်ကျော် ဖြစ်နေပြီ၊ အခွန်ကောက်တဲ့ နေရာမှာ ယာဥ်တွေကို တားပြီးတော့ ပိုက်ဆံကောက်တယ်လေ၊ အဲ့လိုတွေကြောင့် ယာဥ်တွေက ကြာပြီးတော့ နောက်ကကားတွေ ကျော်တက်လည်းမရ ဖြစ်ပြီး ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်တာ” ဟု ချင်းရွှေဟော် နယ်စပ်ကားမောင်းသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ချင်းရွှေဟော်ဂိတ်သည် ဇန်နဝါရီလ (၁၇) ရက်တွင် မြန်မာနိုင်ငံဘက်မှ ကြံတင်ယာဉ် မောင်းများ ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကိန်းမခရိုင် မိန့်တိန်မြို့ရှိ နမ့်ဟွာသကြားစက်ရုံသို့ တိုက်ရိုက် မောင်းနှင်ခွင့်ပြုခဲ့ပြီး ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် နှစ်နိုင်ငံ လူအဝင်/အထွက် အတွက် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ယာဥ်ကြောပိတ်ဆို့မှု နှင့် ပတ်သက်ပြီး အခွန်ကောက်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လုပ်ငန်းပိုင်း ကျွမ်းကျင်မှု နှင့် လူအင်အား လုံလောက်မှု မရှိခြင်းတို့ ဖြစ်ရကြောင်းလည်း အထက်ပါ ကားသမားက ဆက်ပြောသည်။

“လမ်းက နဂိုကတည်းက ကျဥ်းပါတယ်၊ တွဲကားမောင်းရင် မျက်နှာချင်းဆိုင်လာတဲ့ ကားကို ရှောင်နိုင်ဖို့က မလွယ် ဘူး၊ ဒါကြောင့် ကားသေးတွေက လမ်းဘေးဆင်းပေးရတယ်၊ ပြီးတော့ အခွန်ကောက်တဲ့ လူတွေကလည်း လူနည်း လို့လား ဘာကြောင့်လား မသိဘူး၊ ကားတစ်စီး တစ်စီးကို တော်တော်ကြာတယ်” ဟု အထက်ပါ ကားသမားက ပြောသည်။

ယင်းကဲ့သို့ ယာဥ်ကြောပိတ်ဆို့မှု ဖြစ်နေခြင်း နှင့် ပတ်သက်ပြီး ကားမောင်းသမားများ အတွက် အချိန်နှောင့်နှေးမှု ဖြစ်ပေါ်စေပြီး အချို့သီးနှံ့များက စျေးနှိမ်ခံရ နစ်နာမှုများ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

ချင်းရွှေဟော်ဂိတ်မှ တင်ပို့နေသည့် မြန်မာပြည်ဘက်မှ ကုန်ပစ္စည်းများ အနေဖြင့် ပြောင်း၊ ကြံ၊ ရော်ဘာ၊ ဖရဲသီး နှင့် တချို့သော အစားအစာ ပစ္စည်းများ ဖြစ်ကြကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...