ကွမ်လုံတံတားကို ယခုနှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်မည်

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် ကွမ်လုံမြို့ရှိ ကွမ်လုံတံတားသစ်သည် ယခုနှစ် ၂၀၂၃ ခုနှစ် အတွင်း အပြီးအစီးဆောက်လုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ တည်ဆောက်နေတဲ့ ကွမ်လုံတံတား

ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခြင်း နှင့် ပတ်သက်ပြီး သံလွင်မြစ် နှင့် တရုတ်ပြည်မှ နုကျန်းမြစ်သို့ကို ဆက်သွယ် ထားသည့် ကွမ်လုံ တံတားသည် မြန်မာ နှင့် တရုတ် အင်ဂျင်နီယာ ပူးပေါင်း ဆောက်လုပ်နေခြင်း ဖြစ်ပြီး ယခုနှစ် ၂၀၂၃ ခုနှစ် အတွင်း အပြီးဆောက်လုပ် ပြီးစီးမည် ဖြစ်ကြောင်း ဒေသအတွင်း တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီ တံတားသစ်က မြန်မာ နဲ့ တရုတ် အင်ဂျင်နီယာ ပူးပေါင်းပြီးတော့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်၊ မြန်မာ နဲ့ တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအတွက် အရေးပါတဲ့ လမ်းကြောင်း တစ်ခု ဖြစ်တာပေါ့၊ အခုမှာတော့ တံတားက ပြီးစီးသလောက် ဖြစ်နေပေမယ့် ဖြတ်သန်း သွားလာဖို့အတွက်တော့ အဆင်သင့် မဖြစ်သေးဘူး” ဟု အထက်ပါ တာဝန်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သံလွင်မြစ် ဖြတ်သန်းရန်အတွက် လမ်းလွဲကြိုးတံတား တစ်ခု ရှိနေပြီး ကုန်တင်ကားကို တန်ချိန် အလိုက် အလှည့်ကျ ဖြတ်သန်းသွားလာနေရသည့်အတွက် အချိန် နှောင့်နှေးမှုများ ဖြစ်ပေါ်စေကြောင်းလည်း သိရသည်။

အဆိုပါ ကွမ်လုံ တံတားသည် သိန္နီ – ကွမ်လုံ – ချင်းရွှေဟော် လမ်းမကြီးအတွက် အဓိက အရေးပါသည့် နယ်စပ် လမ်းကြောင်း တစ်ခုဖြစ်သည့် အတွက် တံတားမြန်မြန် ပြီးစေလိုကြောင်းလည်း အဆိုပါ လမ်းပိုင်းတစ်လျှောက် ကားမောင်းသည့် ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီ ကွမ်လုံ တံတားပြီးသွားရင်တော့ လားရှိုး – သိန္နီကနေ ကွမ်လုံ၊ ချင်းရွှေဟော်အထိ တိုက်ရိုက်မောင်းလို့ ရပြီ၊ အခုတော့ လမ်းလွဲ တံတားကနေပဲ မောင်းခွင့် ပြုထားတော့ တခါတလေ တန်းစီစောင့်ရပြီး အချိန်က ကြန့်ကြာမှု ရှိနေတယ်၊ ဒါကြောင့် ဒီတံတား အသစ်ကိုတော့ မြန်မြန်ပြီးရင် ကောင်းတယ်” ဟု ကားသမား တစ်ဦးက ဆိုသည်။

ကွမ်လုံ တံတားကြီး တည်ဆောက်သည့် စီမံကိန်းသည် ပြီးခဲ့သည့် ၂၀၂၀ ဒီဇင်ဘာလတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး အရှည် ၄.၂ ကီလိုမီတာခန့်ရှိပြီး ၎င်း တံတားအရှည်သည် ၂၈၆ မီတာရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်မှ ၉ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ကွမ်လုံတံတားအသစ် စီမံကိန်းအား သွားရောက်ကြည့်ရှု့ခဲ့ပြီး တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်ရေး၊ ပိုးစာပင်စိုက်ကာ ပိုးကောင်မွေးမြူခြင်း၊ အသားစား နွားများ တရုတ်နိုင်ငံသို့ တင်ပို့ခြင်း၊ အစားထိုး စိုက်ပျိုးခြင်းစသည့် ပူးပေါင်းဆောင်ရွက်ရေး အခြေအနေများကို လေ့လာခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...