တောင်သူများ လယ်ယာသီးနှံ ရောင်းမထွက် စွန့်ပစ်နေရ
SHAN -
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒဏ်နှင့် စစ်အာဏာသိမ်း ဒဏ်ကြား သျှမ်းတောင်သူများ၏ လယ်ယာစိုက်ပျိုးသီးနှံသည် ရောင်းမထွက်သဖြင့် သီးနှံများ စွန့်ပစ်နေရကြောင်း စုံစမ်းသိရသည်။ ယခုနှစ်ကာလအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ဒဏ် နှင့် စစ်အာဏာသိမ်းဒဏ်ကြောင့် ကုန်စည်စီဆင်းမှုရပ်တန့်သွား သဖြင့် လယ်ယာစိုက်ပျိုးရေး သီးနှံများလည်း ကုန်စျေးနှုန်း အရှိန်ဟုန်ထိုးကျဆင်းကာ ရောင်းမထွက်ကြောင်း၊ စွန့်ပစ်နေရကြောင်း...
ကိုဗစ်-၁၉ ကြောင့် ပြည်သူများ ဆေးဝါးဝယ်ယူရန် ခက်ခဲမှုများရှိနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကြာဆေးဆိုင်များပါ ကိုဗစ်ထိလာသည့်အတွက် ပြည်သူများ ဆေးဝယ်ရန် ခက်ခဲမှုများစွာ ကြုံနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ နမ့်ခမ်းမြို့ အတွင်းဖွင့်လှစ်ရောင်းချနေသည့် ဆေးဆိုင်ပိုင်ရှင်များသည် ကိုဗစ်-၁၉ ပိုးတွေ့မှုရှိလာသဖြင့် ဆေးဆိုင်ပိတ်ထားနေရကြောင်း၊ ထို့ကြောင့် လိုအပ်သည့်ဆေးကို ခက်ခက်ခဲခဲ ဝယ်ယူသုံးစွဲနေရကြောင်း နမ့်ခမ်း ဒေသခံ အသက် (၄၀)...
တရုတ်နိုင်ငံမှ မြန်မာလုပ်သား (၂၅၀၀) နေရပ်ပြန်
SHAN -
မြန်မာ - တရုတ်နယ်စပ် တရုတ်နိုင်ငံ ဂျယ်ဂေါင်နှင့် ရွှေလီမြို့ ရှိ မြန်မာလုပ်သား (၂၅၀၀) ခန့်သည် မြန်မာနိုင်ငံသို့ ပြန်ဝင်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မြန်မာလုပ်သား (၂၅၀၀) ခန့်သည် ရွှေလီမြို့ရှိ အလုပ်များကို (၆) လအကြာ ပိတ်ထားမှာဖြစ်ပြီး ဇူလိုင် (၂၆) ရက်မှ...
တောင်ကြီးမြို့ ရပ်ကွက်တချို့ရှိ နေအိမ်များအလံဖြူ/ဝါ ထောင် အကူအညီတောင်းခံ
SHAN -
သျှမ်းပြည် တောင်ကြီးမြို့ ရပ်ကွက်တချို့ရှိ နေအိမ်များ စားဝတ်နေရေးနှင့် ဆေးဝါးအခက်အခဲမှုရှိနေသဖြင့် အလံဖြူ/ အလံဝါ ထောင်ပြပြီး အကူအညီ တောင်းနေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် ကိုဗစ် - ၁၉ တတိယလှိုင်း အတွင်း ပိုးတွေ့ လူနာများအဆမတန် တိုးများလာခြင်းကြောင့် Stay At Home အဖြစ်...
မိုင်းယော် ကာစီနို ဖွင့်ရန် သတင်းထွက်ပေါ်နေ
သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့နယ် မိုင်းယော်ဒေသတွင် ကာစီနို (လောင်းကစားရုံ) များဖွင့်ရန်အတွက် ပြင်ဆင်နေသည်ဟု သတင်းထွက်ပေါ်နေကြောင်း ဌာနေ ဒေသခံများ ပြောပြချက် အရသိရသည်။ ထိုကာစီနို ကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်တွင် ရှိသည့် ၁၀၀ ပေပတ်လည်ခြံဝန်းထဲ အဆောက်အအုံများ ဆောက်ပြီးကြောင်း နှင့် လောင်းကစားခုံများရှိနေပြီးဟု မိုင်းယော်ဒေသခံတစ်ဦး ကသျှမ်းသံတော်ဆင့်...
စစ်ကောင်စီ နှင့် ကိုဗစ် -၁၉ ဒဏ်ကြား ပြည်သူများစားဝတ်နေရေး ပိုကြပ်တည်းလာ
SHAN -
စစ်ကောင်စီ နှင့် ကိုဗစ် ၁၉ တတိယလှိုင်းဒဏ်ကြား ပြည်သူများ ယခင်ထက် စားဝတ်နေရေးအတွက် ဖြေရှင်းရန် ပိုမိုခက်ခဲလာကြောင်း စုံစမ်းသိရသည်။ ယခင် အရပ်သားအစိုးရ NLD လက်ထက်တွင် ကိုဗစ် ၁၉ ပြန့်ပွားခဲ့သော်လည်း စားဝတ်နေရေးအတွက် ဖြေရှင်းရန်အတွက် နည်းလမ်းများရှိနေသေးကြောင်း လဲချားမြို့ ဈေးသည်တစ်ဦးက ပြောသည်။ “ အရင်က...
သျှမ်းပြည်နယ်အတွင်းကိုယ်စားပြုတိုက်ပွဲ Proxy War စတင်နေပြီလား?
SHAN -
သျှမ်းပြည်တပ်မတော် ဝမ်ဟိုင်း နဲ့ သျှမ်းပြည်တပ်မတော် လွိုင်တိုင်းလျဲန်းတို့ဟာ ၂၀၁၇ က စပြီး နယ်မြေစိုးမိုးရေးအားပြိုင် တိုက်ပွဲဖြစ်ပွားလာခဲ့ပါတယ်။ တိုက်ပွဲကြောင့် သျှမ်းလူထု အသက်အိုးအိမ်ဆုံးရှုံးရတာတွေ၊ စစ်ဘေးရှောင်နေရတာတွေကြောင့် သျှမ်းပြည့်ကံကြမ္မာအတွက် မျက်ရည်မျက်ခွက်နဲ့ ရင်နင့်နေသူဟာ ကျနော် တစ်ယောက်တည်း တော့ ဟုတ်မယ်မထင်ပါဘူး။ သျှမ်းအမျိုးသားအတွက် ရှေ့တန်းတင်ဖို့၊ စည်းလုံးဖို့၊ တောင်းဆိုနေတာတွေလဲ...
နမ့်လန် တောင်သူပိုင် မြေယာဧက (၆၀၀)ကျော် RCSS/SSA တပ်မှ သိမ်းယူ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ အနောက်ဖက်ရှိ တောင်သူလယ်သမားများ၏ လယ်ယာမြေဧက ( ၆၀၀) ကျော်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ သိမ်းယူသည် ဟု ဒေသခံများ ပြောပြချက် အရ သိရသည်။ RCSS/SSA မှ သိမ်းယူထားသည့် မြေယာများသည် နမ့်လန်မြို့ အနောက်ဖက် နမ့်လန်- နားမခေါ်...
တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်ပြန်သွားသည့် ကျေးသီးစစ်ရှောင်ထပ်မံထွက်ပြေးနေရ
SHAN -
သျှမ်းတောင် ကျေးသီးမြို့ အတွင်း တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်ပြန်သွားသည့် စစ်ရှောင် (၃၀၀)ဝန်းကျင် ထပ်မံ စစ်ရှောင်လာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန် ၈)ရက် မနက် (၉ )နာရီကျော်ဝန်းကျင်တွင် ကျေးသီးမြို့ရှိ စစ်ဘေးရှောင် (၁၀၀၀)ခန့် မှ (၃၀၀) ဝန်းကျင် သည် တိုက်ပွဲငြိမ်ပြီဟုဆိုကာ နေရပ်သို့ပြန်သွားကြသည်။ သို့သော်...
ပင်လုံဈေးမီးလောင်မှာ စိုးရိမ်သဖြင့် ကုန်ပစ္စည်းများ နေအိမ်သို့ ပြောင်းရွှေ့
SHAN -
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့မဈေး မီးလောင်မည်ကို စိုးရိမ်သဖြင့် ဈေးသည်များက ကုန်ပစ္စည်းများကို နေအိမ်သို့ ပြန်လည်သယ်ဆောင်နေရကြောင်း စုံစမ်းသိရှိရသည်။ မြန်မာပြည်အနှံ့ယခုရက်ပိုင်း မြို့မဈေးတွင် ဗုံးပေါက်ခြင်း၊ မီးလောင်းခြင်းများဆက်တိုက်ဖြစ်နေသဖြင့် ပင်လုံဒေသခံများလည်း ဈေးမီးလောင်မည် ကို စိုးရိမ်မှုများစွာရှိနေကြသည်။ ထို့အပြင် ယမန်နေ့ (ဇွန် ၁)ရက် ည (၁၀)နာရီဝန်းကျင်တွင် ပင်လုံမြို့မဈေး အနီးတဝှိက်...






