လောင်စာဆီဈေးမြင့်တက်မှု ဆီဆိုင်ထွန်စက် အငှားလိုက်သူ အလုပ် လက်မဲ့ဖြစ်

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် လောင်စာဆီဈေး တစ်ဟုန်ထိုး မြင့်တက်လာမှုကြောင့် သျှမ်းတောင် ဆီဆိုင်မြို့နယ်အတွင်း ထွန်စက်အငှားလိုက်သူများ အလုပ်လက်မဲ့ဖြစ်နေကြောင်း သတင်းရရှိသည်။

ယခင်က တစ်လလျှင် (၁၀)ရက်ထက်မနည်း ထွန်စက်အငှားလိုက်ပြီး အလုပ်ဖြစ်ခဲ့သော်လည်း ယခုတွင် (၂)လအတွင်း တစ်ကြိမ်သာ အငှားလိုက်ရသေးတာဖြစ်တဲ့အတွက် ဝင်ငွေမရှိပဲ အခက်ခဲကြုံနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အရင်နှစ် ဒီအချိန်ဆိုရင် ပုံမှန် အလုပ်ရှိတယ်၊ တစ်လကို အနည်းဆုံး (၁၀)ရက်မလျော့ဘူး၊ လိုက်ပြီး ထွန်ယက်ပေးရတယ်၊ ခုက (၂)လအတွင်းကို တစ်ရက်ပဲ အငှားလိုက်ရတာ၊ ဝင်ငွေလည်း မရှိတော့ဘူး” ဟု ဆီဆိုင်ဒေသခံ ဖြစ်သူ စိုင်းဝဏ္ဏက ပြောသည်။

တောင်ယာစိုက်ပျိုးရန်အတွက် အငှားလိုက်ပြီး ထွန်ယက်ပေးရာတွင် ယခင်က တစ်နာရီလျှင် (၁၈၀၀၀)ကျပ်ခန့်ရှိပေမယ့် လောင်စာဆီဈေးနှုန်းမြင့်တက်လာသည့်နောက်ပိုင်း တစ်နာရီလျှင် (၂၅၀၀၀)ကျပ်အထိ တိုးမြင့် ယူခဲ့ရတာဖြစ်ကြောင်း သိရသည်။

ထို့သို့ လုပ်အားခ တိုးမြင့်ယူရသည့်အတွက် အငှားခေါ်သည့် ခြံရှင်များပင် မရှိတော့ကာ အလုပ် ရပ်နားထား ရတာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ခုက ဈေးပိုယူတော့ ခြံရှင်တွေအတွက် မကိုက်ဘူး၊ ပုံမှန်ဈေးယူတော့လည်း ကျနော်တို့အတွက်က မကိုက်ဘူး၊ လာငှားတဲ့သူလည်း မရှိတော့ စက်တွေကိုလည်း ဒီတိုင်းပဲ နားထားရတယ်” ဟု အဆိုပါ ဒေသခံ က ဆိုသည်။

ယခင်နှစ်များတွင် လောင်စာဆီ တစ်ပေပါလျင် တစ်သိန်းကျော် နှစ်သိန်းဝန်းကျင်ထိသာ ရှိခဲ့ပြီး စက်တင်ဘာလအတွင်း လောင်စာဆီဈေး ထိုးတက်လာမှုကြောင့် နှစ်ဆခန့်အထိ ဈေးမြင့်တက်လာခဲ့သည့်အတွက် ပိုမိုခက်ခဲ နေတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထွန်စက်အငှားလိုက်သူများ အလုပ်လက်မဲ့ဖြစ်ခြင်းသည် ဒေသအတွင်း စိုက်ပျိုးရေးလုပ်ကိုင်သူများကိုပါ ထိခိုက်နစ်နာစေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။


“ထွန်စက်နဲ့ ထွန်တော့ အချိန်တိုအတွင်းပြီးတယ်၊ ခုက သူတို့လည်း စက်ကြီးနဲ့ မထွန်နိုင်တော့ တစ်ရက်နဲ့ ပြီးမယ့်နေရာက (၄)ရက်လောက်ထိ အချိန်ယူလိုက်ရတယ်၊ အချိန်မှန် စိုက်ပျိုးရတဲ့ သီးနှံလည်း မမှန်တော့ဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။

စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည့်အပြင် စက်အပိုပစ္စည်းဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများပါ မြင့်တက် လာသည့်အတွက် စားဝတ်နေရေးအတွက် ပိုမို ခက်ခဲမှု ဖြစ်လာကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ပြောင်းဖူး၊ နှမ်း၊ ပဲစင်းငုံ၊ နာနတ်သီးနှင့် အခြားရာသီ သီးနှံများကို အဓိက စိုက်ပျိုးသည့် ဒေသဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...