Tuesday, January 27, 2026

နမ္မတူ လိမ္မော်သီးစိုက်တောင်သူများ ဈေးကွက်မရှိမှာ စိုးရိမ်နေ

သျှမ်းမြောက် နမ္မတူမြို့နယ်အတွင်းရှိ ကိုဗစ်နှင့် လက်နက်ကိုင် တိုက်ပွဲများကြောင့် လိမ္မော်သီးစိုက်တောင်သူများသည် တင်ပို့ ရောင်ချခွင့် အတွက် စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။

နမ္မတူမြို့နယ်တွင် ကိုဗစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ကြားတိုက်ပွဲများဖြစ်ပွားကာ လမ်းကြောပိတ်ဆို့နေသဖြင့် မကြာမီ လိမ္မော်သီးရာသီရောက်ပါက သီးနှံရောင်းချရန် ခက်ခဲမည်ကို စိုးရိမ်နေကြောင်း လိမ္မော်ခြံပိုင်ရှင်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အသီးရောင်းရဖို့က မလွယ်ဘူး၊ ရောဂါတွေကြောင့်လည်းပါတယ်၊ မြို့အဝင်အထွက်လည်း ခက်ခဲတယ်၊ နောက်ပြီး နိုင်ငံရေးအနေအထားကလည်း လုံခြုံမှုမရှိဘူး၊ ဘယ်အချိန်တိုက်ပွဲဖြစ်မလဲဆိုပြီး ကြောက်နေရတယ်” ဟု နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာမှ လိမ္မော်သီးစိုက်တောင်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်နှစ်က ၎င်း၏ ခြံမှ လိမ္မော်သီးများအား မူဆယ်၊ သိန္နီ၊ ပြင်ဦးလွင်နှင့် ရန်ကုန်မြို့နယ်အထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ သို့သော် ယခုနှစ်တွင် ကိုဗစ်ရောဂါကူးစက်မှု၊ နိုင်ငံရေးအနေအထား တို့ကြောင့် အခြားမြို့နယ်သို့ တင်ပို့ရောင်းချရန် ခက်ခဲနေကြောင်း သိရသည်။

လက်ရှိတွင် လိမ္မော်သီး တစ်ပိဿာလျှင် (၁၈၀၀)ကျပ်မှ (၂၀၀၀)ကျပ်ဝန်းကျင်ရှိနေကြောင်း၊ သို့သော် ခြံပြုစုစရိတ်များလာပြီး မြေသြဇာဈေးနှုန်းများလည်း တက်လာသည့်အတွက် ကုန်ကျစရိတ် ပိုမိုများပြားပြီး မှာယူသူ နည်းပါးနေတာဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

“ရောင်းဖို့သီးနှံက ရှိထားလည်း လာဝယ်တဲ့သူက မရှိ၊ အထွက်နှုန်းက ပုံမှန်ဆိုပေမယ့် ကုန်ကျစရိတ်က များတယ်၊ ခြံပြုစုထိန်းသိမ်းခလည်း ပိုများလာတယ်၊ ခုချိန်မရောင်းရရင် နောက်နှစ်အတွက်ကတော့ ပိုပြီးခက်ခဲပြီ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

သျှမ်းမြောက်ရှိ မြို့နယ်များတွင် လိမ္မော်သီးအပြင် ရာသီ သီးနှံများဖြစ်သည့် နာနတ်၊ သံပုရာ၊ ကမ္ပလာ၊ ပြောင်းနှင့် အခြား တောင်ယာထွက်သီးနှံများလည်း ကိုဗစ်ရောဂါနှင့် လက်နက်ကိုင်တိုက်ပွဲများကြောင့်  တင်ပို့ရောင်းချရန် ခက်ခဲနေကြ ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ် နမ္မတူမြို့ ဗုံးထပ်ကြဲခံရ၊ စစ်ဘေးရှောင် ၅၀၀ နီးပါး ထပ်မံထွက်ပြေး

0
သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထပ်မံထွက်ပြေးရသည့် စစ်ဘေးရှောင် (၅၀၀) ကျော် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) ည ၉ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့...

စစ်ကော်မရှင် TNLA ထိန်းချုပ် နမ္မတူနှင့် နမ့်ဆန် ဗုံးထပ်မံကြဲ၊ အရပ်သား ၃ဦးသေဆုံး

0
စစ်ကော်မရှင်သည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် နမ့်ဆန်မြို့နယ်ကို ယနေ့ (အောက်တိုဘာ ၁၇)ရက်တွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲကာ အရပ်သား (၃)ဉီး သေဆုံးပြီး၊ (၃)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် သူများသည် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှ အမျိုးသား(၁)ဉီးနှင့် အမျိုးသမီး (၂)ဉီးဖြစ်ကြောင်း စစ်ရေး...

လားရှိုးမြို့ပေါ်ရောက် သီပေါ၊ နမ္မတူ စစ်ဘေးရှောင် ထောင်နှင့်ချီ အတွက် စားဝတ်နေရေး အရေးပေါ် အကူအညီလိုအပ်

0
စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုကြောင့် လားရှိုးမြို့ပေါ်သို့ရောက်ရှိလာသည့် သီပေါမြို့နှင့် နမ္မတူမြို့မှ စစ်ဘေးရှောင် ထောင်ချီအတွက် စားဝတ်နေရေး အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် နမ္မတူမြို့ဘက်သို့ လေကြောင်းဖြင့်...

နမ္မတူဒေသခံ ရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်း ဆက်တိုက် ဗုံးကြဲမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၂) ရက်မှ စတင်ပြီး အောက်တိုဘာ (၇)ရက်အထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ပတ်အတွင်း...