လားရှိုးမြို့ ရှိ ဘဏ်များတွင် ငွေထုတ်ရန် ပိုခက်ခဲလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ဘဏ်တစ်ချို့၏ ငွေထုတ်စက် (ATM) တွင် ငွေထုတ်ယူရန် ခက်ခဲသည့် အပြင် Wave Money ၊ Kpay လည်း ငွေထုတ် မရရှိတော့ကြောင်း လားရှိုး ပြည်သူများ ပြောပြချက် အရသိရသည်။ လားရှိုးမြို့ ရှိ CBဘဏ်၊ AYAဘဏ်၊ KBZ...
တောင်ကြီးမြို့ စစ်ကောင်စီမှ ဈေးဆိုင်ခန်းဌားရမ်းခ သွင်းရန် အကြောင်းကြား
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီမှ ဈေးဆိုင်ခန်းငှားရမ်းခ ကို မေ ၁၄ရက် နောက်ဆုံးပေးသွင်းရန် အကြောင်းကြားစာပို့ထားကြောင်း သိရသည်။ အာဏာသိမ်းစစ်ကောင်စီမှ မေလ ၅ ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ ဆိုင်ခန်းများကို ငှားရမ်းခ သွင်းရန် အကြောင်းကြားစာပို့ခဲ့သည်။ လက်ရှိမှာ နိုင်ငံရေး အခြေအနေ ရှုပ်ထွေးမှု၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရှာဖွေစားသောက်မှုခက်ခဲ...
သျှမ်းပြည် ဘဏ်ငွေထုတ်ယူမှု ပိုခက်ခဲလာပြီး၊ စီပွားရေး ကြပ်တည်းလာ
SHAN -
စစ်အာဏာသိမ်းယူမှု ရက်ပေါင်း (၁၀၀) နီးပါးရှိလာပြီး မြန်မာတဝှမ်းရှိ ဘဏ်ရှေ့တွင် မိမိဘဏ်အပ်ငွေများ ပြန်လည်ထုတ်ယူရန် မိုးမလင်းခင်ကတည်းက တန်းစီ စောင့်ဆိုင်းနေရကြောင်း သိရသည်။ မတ် ၁ရက် မှစတင်ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ATM/ POS ငွေသားထုတ်တဦးလျှင် ကျပ် ၅သိန်း၊ ဘဏ်ငွေစာရင်းမှ ငွေသားထုတ်ယူလျှင် တဦးချင်း အတွက်...
တာချီလိတ်မြို့ ကုန်ပစ္စည်းများ အလုယက်ဝယ်ယူ၊ ကုန်ဈေးနှုန်းမြင့်တက်
SHAN -
မြန်မာ-ထိုင်း နယ်စပ် သျှမ်းရှေ့ တာချီလိတ်မြို့တွင် ကုန်ပစ္စည်းကို အလုယက် ဝယ်ယူနေသဖြင့် ကုန်ဈေးနှုန်း မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။ အကြမ်းဖက် စစ်ကောင်စီမှ မေလ ၁ ရက်နေ့မှ စတင်ပြီး ထိုင်းကုန်ပစ္စည်း ၅ မျိုးကို တင်းသွင်းခွင့် ပိတ်ထားလိုက်မည်ဟု ကြေညာပြီးနောက် ကုန်ပစ္စည်းများ ပြတ်လပ်မည်ကို စိုးရိမ်သဖြင့်...
ဖားကန့်တွင် စစ်ကောင်စီမှ ဆန်နှင့်ဆီ တင်သွင်းမှုပိတ် ကုန်ဈေးနှုန်းစတင်မြင့်တက်လာ
SHAN -
ကချင်ပြည် ဖားကန့်မြို့တွင်း အကြမ်းဖက် စစ်ကောင်စီမှ ဆန် နှင့် စက်သုံးဆီများ တင်သွင်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း ဖားကန့်မြို့တွင် ဆန် နှင့် ဆီများကို အလုအယက်ဝယ်ယူ သိုလှောင်မှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း ဖားကန့်ဒေသတွင် အလုပ်လုပ်နေသည့် သျှမ်းအသိုင်းအဝန်းများက သျှမ်းသံတော်ဆင့်ကို...
ဘဏ်အကောင့်အသစ်ဖွင့်လျှင် ကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်သည့်ပေါ် မယုံကြည်
SHAN -
မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဘဏ်အကောင့်အသစ်ပြန်ဖွင့်ငွေထည့်သူများ အပ်နှံငွေ ပမာဏာအတွင်း ကန့်သတ်ချက် မရှိဘဲ ငွေထုတ်ယူခွင့်ပြုမည်ဆိုသည့်အပေါ် သံသယများစွာရှိနေကြောင်း ပြည်သူများက ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံဗဟိုဘဏ် သည် ယမန် ( ဧပြီ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်ကြောညာထားပြီး မေလ ၃ ရက်နေ့တွင် ဘဏ်အကောင့်သစ်ဖွင့်သူများကို အပ်နှံထားသည့် ငွေ...
သျှမ်းပြည်သူများ ဘဏ်ငွေထုတ်ယူရန် ပိုပြီးခက်ခဲလာ
SHAN -
သျှမ်းပြည်အတွင်း ဘဏ်ငွေထုတ်ယူမှု တနေ့ထက် တနေ့ ပိုပြီးခက်ခဲလာပြီး၊ မနက် အစောကြီးထကာ သွားရောက်တန်းစီ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်မြန်မာတဝှမ်းတွင် (၈)နာရီ မှ မနက် (၄)နာရီ ထိ အပြင်မထွက်ရ အမိန့်ထုတ်ထားသည့်ကြားက သျှမ်းပြည်လူထုများသည် ဘဏ်ထဲရှိငွေများထုတ်ယူရန် အတွက် မနက် (၄)နာရီကျော်မှ စတင်ကာသွားရောက် တန်းစီ...
ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ဈေးတက်လာနိုင်
SHAN -
မြန်မာ-ထိုင်းနယ်စပ် ဒေသများမှ တင်သွင်းနေသည့် ထိုင်းစားသောက်ကုန်များ ကို အကြမ်းဖက် စစ်ကောင်စီမှ တင်သွင်းရန် ယာယီပိတ်ဆိုင်းလိုက်ပါက ကုန်ဈေးနှုန်းများ တက်လာနိုင်ကြောင်း ကုန်သည် အသိုင်းအဝန်းများက ပြောဆိုလိုက်သည်။ မေ (၁)ရက်မှစတင်ကာ မြန်မာ-ထိုင်းနယ်စပ် တလျောက် တင်သွင်းနေသည့် ကုန်ပစ္စည်း (၅)မျိုးဖြစ်သည့် အချိုရည်၊ ကော်ဖီ၊ တီးမစ် နှင့်...
ဖရဲသီးကား လမ်းတွင် ကြန့်ကြားမှုကြောင့် တရုတ်ပြည်သို့ တင်ပို့ရန် အရည်အသွေးကျဆင်း
SHAN -
တရုတ်ပြည်တင်ပို့မည့် ဖရဲသီးသည် လမ်းတွင် ကြန့်ကြာနေသဖြင့် အရည်အသွေးညံ့နေသဖြင့် ရောင်းဝယ်ရန် ခက်ခဲနေကြောင်း မူဆယ်မြို့ ကုန်စည်ဒိုင်များ ထံ စုံစမ်းသိရသည်။ မြန်မာ - တရုတ် နယ်စပ်ဖြစ်သည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်ပြည်သို့ တင်ပို့ရောင်းချမည့် ဖရဲသီးများသည် လမ်းပေါ်တွင် ကြန့်ကြာမှုရှိကာ အရည်အသွေးညံ့မှုကြောင့်...
ထိုင်းစားသောက်ကုန် (၅)မျိုး နယ်စပ်မှ တင်သွင်းခွင့် ယာယီပိတ်ဆိုင်း
SHAN -
မြန်မာပြည်သူများ တရုတ်နိုင်ငံ နှင့် စစ်တပ်ပိုင်း ထုတ်ကုန်များကို မသုံးစွဲရန် (Boycott )လုပ်ပြီးနောက်ပိုင်း စစ်ကောင်စီ အုပ်စုမှ နယ်စပ်အတွင်း ကုန်ပစ္စည်း (၅)မျိုး တင်သွင်းခွင့်ကို ယာယီ ရပ်ဆိုင်းသွားမည်ဟု သတင်းရရှိသည်။ စစ်တပ်မှ ပြည်သူ့ အာဏာကို ဖေဖော်ဝါရီ ၁ရက်မှ စပြီး လုယက်သိမ်းယူပြီးနောက် ပြည်သူများက...






