စစ်ကောင်စီ နှင့် ကိုဗစ် -၁၉ ဒဏ်ကြား ပြည်သူများစားဝတ်နေရေး ပိုကြပ်တည်းလာ

စစ်ကောင်စီ နှင့် ကိုဗစ် ၁၉ တတိယလှိုင်းဒဏ်ကြား ပြည်သူများ ယခင်ထက် စားဝတ်နေရေးအတွက် ဖြေရှင်းရန် ပိုမိုခက်ခဲလာကြောင်း စုံစမ်းသိရသည်။

ယခင် အရပ်သားအစိုးရ NLD လက်ထက်တွင် ကိုဗစ် ၁၉ ပြန့်ပွားခဲ့သော်လည်း စားဝတ်နေရေးအတွက် ဖြေရှင်းရန်အတွက် နည်းလမ်းများရှိနေသေးကြောင်း လဲချားမြို့ ဈေးသည်တစ်ဦးက ပြောသည်။

“ အရင်က ကိုဗစ် ဖြစ်တာက ကျမတို့မြို့ထဲကိုဗစ် ပိုးမပြန့်လာဘူး။ ကျမကပုံမှန် မနက်ဈေးသွားရောင်းလို့ရတယ်။ ရှာစားရတာ လွယ်သေးတာပေါ့။ အခုကျတော့ အာဏာလည်းယူထားတယ်။ ကိုဗစ် အတွက်လည်း ကုပေးမဲ့သူက မရှိသလောက်နည်းသွားပြီး” ဟု သျှမ်းတောင် လဲချားမြို့ ဈေးသည် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခင် NLD အစိုးရလက်ထက်တွင် ဈေးထဲတွင် ဆရာဝန်များက Mask(နှာခေါင်းစည်း)၊ လက်ဆေးဂျယ်များကို လိုက်လံ ဖြန့်ပေးသော်လည်း ယခုတွင် မရှိတော့ကြောင်း အထက်ပါ အမျိုးသမီးကပြောသည်။

လက်ရှိတွင် ကိုဗစ် ၁၉ ရောဂါပိုးသည် သျှမ်းပြည်နယ်အတွင်းရှိ မြို့အများစုပေါ်တွင် ပြန့်ပွားလာခဲ့ပြီးသောကြောင့် ပြည်သူများ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာကြောင်းသိရသည်။

ထိုနည်းတူ ရာသီထွက်သီးနှံများကိုလည်း ယခင်နှစ်တွေထက် ဈေးမရှိကြောင်း သျှမ်းတောင် နမ့်စမ့်မြို့ နာနတ်သီးခြံပိုင်ရှင်ကပြောသည်။

“ ကိုဗစ်လည်း အရမ်းများနေပြီ အလုပ်မဖြစ်ဘူး။ အရင်ကအပြင်ထွက်ဝယ်စားဖူးတဲ့သူကလည်း မထွက်ရဲတော့ဘူးလေ။ ဖောက်သည်တွေလည်း ကိုဗစ် ကြောင့် မယူတော့တာရှိတယ်။ အခုဆို ပုတ်သိုးတာတွေလည်းရှိလာပြီး။” ဟု နမ့်စန်မြို့ နာနတ်သီးခြံပိုင်ရှင် တစ်ဦးက ပြောသည်။

ထိုအပြင် ယခင်တွင် နတ်နံသီးတစ်လုံးကို ၅၀၀ ကျပ် အထက်ရောင်းရပြီး ယခုတွင် ၂၀၀ ကျပ်ဖြင့်သာ ရောင်းချနေရကြောင်း သိရသည်။

၂၀၂၀ ခုနှစ်တွင် ကိုဗစ် ၁၉ ပြန့်ပွားမှုကြောင့် Work from home အိမ်နေစနစ်ဖြင့် အလုပ်လုပ်ခဲ့ရသော်လည်း တစ်ဖက်တစ်လမ်းအွန်လိုင်းပေါ်က အပိုဝင်ငွေများကို ရှာနိုင်ခဲ့သေးကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ပြီး အွန်းလိုင်း ပေါ်က ရပ်တည်နေကြသည့် ဈေးသည်များလည်း အခက်ခဲများစွာရှိလာခဲ့ကြောင်းသိရသည်။

“ အရင်နှစ်တွေက ရောင်းကောင်းသေးတယ်။ ပစ္စည်းအများယူရောင်းရသေးတယ်။ အဲဒီ စစ်အာဏာလဲသိမ်းလိုက်တော့ ကျမတို့လည်း လမ်းပျောက်သွားတယ်။ အစတော့ သူတို့ အင်တာနက်ပိတ်သေးတယ်လေ။ လန့်သွားတယ်။ ကျမတို့က အင်တာနက်ကနေ လုပ်စားနေကြရတာလေ။” ဟု တာချီလိတ်မြို့ အွန်းလိုင်ပေါ်ဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုအပြင် ကိုဗစ် ၁၉ တတိယလှိုင်းကြောင့် တချို့သောဝန်ထမ်းများတွင်လည်း အလုပ်ရပ်နားခံခဲ့ရကြောင်း တောင်ကြီးမြို့ မုန့်ဆိုင်တွင် အလုပ်လုပ်နေသူက ဆိုသည်။

“ ကျနော်တို့ အလုပ်ကပိတ်လိုက်ပြီး။ လက်ထဲမှာပိုက်ဆံလဲ မကျန်တော့ဘူး။ ရွာကိုဘဲပြန်ရမလိုလို၊ ဒီမှာဘဲဆက်နေရမလိုလို ဖြစ်နေတယ်။ ရွာပြန်ရင်လည်း သူများက ကျနော်တို့ကို ကြောက်အုံးမယ်။ လမ်းမှာလည်း မလုံခြုံဘူး” ဟု တောင်ကြီးမြို့ မုန့်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည့် အမျိုးသားတဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ပိုင် ကုမ္ပဏီ ၆ ခုကို ပိတ်ဆို့အရေးယူခဲ့သည်။ ထိုအပြင် မြန်မာနိုင်ငံတွင် ရင်နှီးမြှပ်နှံထားသည့် စီးပွားရေးများ အားလုံး နောက်ဆုတ်ခဲ့ကြပြီး၊ စစ်ကောင်စီအုပ်ချုပ်ခဲ့သည် ၅ လသာအတွင်းမြန်မာနိုင်ငံ စီးပွားရေးသည် အနှုတ်လက္ခာ ( – ၁၀ )ထိကျဆင်းလာခဲ့ကြောင်း RFA သတင်း ဖော်ပြချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...