Wednesday, January 28, 2026

ကိုဗစ်-၁၉ ကြောင့် ပြည်သူများ ဆေးဝါးဝယ်ယူရန် ခက်ခဲမှုများရှိနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်ကြာဆေးဆိုင်များပါ ကိုဗစ်ထိလာသည့်အတွက် ပြည်သူများ ဆေးဝယ်ရန် ခက်ခဲမှုများစွာ ကြုံနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ နမ့်ခမ်းမြို့ အတွင်းဖွင့်လှစ်ရောင်းချနေသည့် ဆေးဆိုင်ပိုင်ရှင်များသည် ကိုဗစ်-၁၉ ပိုးတွေ့မှုရှိလာသဖြင့် ဆေးဆိုင်ပိတ်ထားနေရကြောင်း၊ ထို့ကြောင့် လိုအပ်သည့်ဆေးကို ခက်ခက်ခဲခဲ ဝယ်ယူသုံးစွဲနေရကြောင်း နမ့်ခမ်း ဒေသခံ အသက် (၄၀) အရွယ်ရှိ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဆေးဆိုင်ရှင်တွေလည်းကိုဗစ် ကူးတယ်။ ပိတ်တဲ့ဆိုင်တွေပိတ်ကုန်တယ်။ ဖွင့်ရင်လည်း အချိန်နဲ့ဖွင့်တာ။ ကိုယ်သောက်တဲ့ဆေးတောင်ဝယ်မရတော့ဘူး” ဟု နမ့်ခမ်းမြို့ အသက် (၄၀)ကျော် အမျိုးသမီးတဦးက ပြောသည်။

နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူမြင့်တက်လာပြီး သေဆုံးသူများလည်း မြင့်လာသဖြင့် ရပ်ကွက်များ Lockdown (အဝင်၊ အထွက်)ပိတ်ထားရကြောင်း၊ အပြင်ထွက်ခွင့်ကိုလည်း မနက် (၇)မှ နေ့လည် (၁၂)နာရီ တအိမ်လျှင် တစ်ဦးသာ ထွက်ခွင့်ရှိကြောင်း သိရသည်။

ထိုနည်းတူ နမ့်ခမ်းမြို့ နှင့် ကပ်လျက်ရှိသည် မံစီမြို့နယ် မန့်ဝိန်းကြီးတွင်လည်း ကိုဗစ်ကြောင့် ဆေးဆိုင်များ ပိတ်လိုက်ရသဖြင့် ခြံဝန်းတံခါးမှ အော်ပြီး ဝယ်လိုက်ရကြောင်းလည်း မန့်ဝိန်းကြီး ဒေသခံ တစ်ဦးက ပြောသည်။

“ ကိုဗစ်ကြောင့် ဆိုင်ကိုတံခါးပိတ်ထားတယ်။ အပြင်ကနေပဲ လန့်အော်ပြီးဝယ်ရတာ။ အကိုက်အခဲပျောက်ဆေးတွေ၊ လိုအပ်တဲ့ဆေးတွေသွားဝယ်ထားရတယ်။ ခုတလော ဆေးတွေလည်း ဝယ်ရတာ ခက်ခဲလာတယ် ” ဟုမန့်ဝန်းကြီးဒေသခံ တဦး ကပြောသည်။

မံစီးမြို့နယ်၊ မန့်ဝိန်းကြီးကို သြဂုတ်လ ၁၀ ရက်နေ့မှ စတင်ပြီး လော့ဒေါင်းချသွားမည်ဖြစ်သောကြောင့် ပြည်သူများ လိုအပ်သည့်ဆေးဝါးများကို အလုယက်ဝယ်ယူခဲ့ကြောင်းလည်း မန့်ဝိန်းဒေသခံများက ပြောဆိုသည်။

“ ကျနော်တို့ မန့်ဝန်းကြီးမှာက ဆေးဆိုင် ၂ ဆိုင်ပဲ ရှိတယ်။ သူတိုက ပိတ်တော့ နမ့်ခမ်းမှာသွားဝယ်ရတယ်။ မနက်ကစပြီးတော့ မန့်ဝိန်းကြီးကို လော့ဒေါင်းချလိုက်တော့မယ်လို့သိရတယ်။ကချင်ပြည်နယ်ကနေလည်း ဝင်လို့ မရတော့ဘူး” ဟု မန့်ဝိန်းမြို့ဒေသခံအမျိုးသားတဦးက ပြောသည်။
မူဆယ်မြို့တွင်လည်း ဆေးဝါးများကို ဝယ်ယူရန်အတွက် လွန်စွာခက်ခဲ့သည့် အပြင် ကျန်းမားရေးဆိုင်ရာ ပစ္စည်းများလည်း ဈေးနှုန်းတက်လာကြောင်း မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းက ပြောသည်။

“ ဆေးဝါးဝယ်ယူရတာတော်တော်ခက်တယ်။ တချို့ကဆိုင်ပိတ်တယ်။ တစ်ချို့က ပစ္စည်းပျက်လို့ မရတာတွေလဲရှိတယ်။ ပြီးတော့ ခုတလောက ဒီကျန်းမာရေးပစ္စည်းတွေဆိုလဲ ဈေးတက်လာတယ်။ ဥပမာ နို့မုန့်တွေ၊ တခြားပစ္စည်းတွေပေါ့။” ဟု မူဆယ်မြို့ ဂရုဏာလူမှုကူညီးရေးအသင်းက ပြောသည်။

တဖက်တွင်လည်း စစ်တပ်အာဏာသိမ်းထားသောကြောင့် မြို့ပြတွင် ဆေးဝါးဝယ်ယူရန်အတွက်လည်း ခက်ခဲမှုရှိကြောင်း၊ နေ့စဉ်စားသောက်ကုန်များလည်း ဈေးတက်ကုန်ကြောင်း နမ့်ခမ်းမြို့ ဒေသခံအမျိုးသမီးက ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပြည်သူများ စားဝတ်နေရေးအတွက် ခက်ခဲလာသည့်အပြင် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ပြည်သူများ ပိုမိုခက်ခဲလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်...

ပင်လောင်းစစ်ရှောင်များ စားနပ်ရိက္ခာ၊ဆေးဝါး၊မိုးကာ အရေးပေါ်လိုအပ်လျက်ရှိ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် ဒေသခံစစ်ရှောင်များသည် စားနပ်ရိက္ခာများ၊ မိုးကာများ၊ ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိကြောင်းစုံစမ်းသိရသည်။ ယင်းစစ်ရှောင်များသည် ဇွန်လ ၁၇ရက်မှ စပြီး ဖြစ်ပွားသော တိုက်ပွဲများကြောင့်တိမ်ရှောင်လာရခြင်းဖြစ်ပြီး တိုက်ပွဲရုတ်တရက် ဖြစ်ပွားသောကြောင့် ထွက်ပြေးချိန်တွင် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်သာ ထွက်လာရကြောင်းသိရသည်။ "အဓိကဆန်ပေါ့ လူကလည်းများတော့ ဆန်တွေ မလုံလောက်ဘူး။ပြီးရင် တစ်ချို့က မိုးကာတွေနဲ့ဘဲနေရတာ။တစ်ချို့တဲဆို လူ၁၀ယောက်လောက်ပေါင်းနေရတယ်။တစ်ချို့တော့လည်း ဘုန်းကြီးကျောင်းတွေမှာ...

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် စစ်ဘေးရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာရရှိရေး ကားခကျပ် ၂ သိန်းပေးဆောင်ရ

0
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များသည် ဆေးဝါးနှင့် စားနပ်ရိက္ခာရရှိရေးအတွက် တောင်ကြီးမြို့အထိ သွားရောက်ဝယ်ယူရပြီး ကားခကို တစ်ယောက် ကျပ် ၂ သိန်းအထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ ယခင်က လွိုင်လင်လေးရွာမှ တောင်ကြီးမြို့သို့ ကားခကို တစ်ယောက်ကျပ် ၃ သောင်းအထိ ပေးဆောင်ရသော်လည်း...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...