ပင်လောင်းစစ်ရှောင်များ စားနပ်ရိက္ခာ၊ဆေးဝါး၊မိုးကာ အရေးပေါ်လိုအပ်လျက်ရှိ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် ဒေသခံစစ်ရှောင်များသည် စားနပ်ရိက္ခာများ၊ မိုးကာများ၊ ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိကြောင်းစုံစမ်းသိရသည်။

ယင်းစစ်ရှောင်များသည် ဇွန်လ ၁၇ရက်မှ စပြီး ဖြစ်ပွားသော တိုက်ပွဲများကြောင့်တိမ်ရှောင်လာရခြင်းဖြစ်ပြီး တိုက်ပွဲရုတ်တရက် ဖြစ်ပွားသောကြောင့် ထွက်ပြေးချိန်တွင် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်သာ ထွက်လာရကြောင်းသိရသည်။

“အဓိကဆန်ပေါ့ လူကလည်းများတော့ ဆန်တွေ မလုံလောက်ဘူး။ပြီးရင် တစ်ချို့က မိုးကာတွေနဲ့ဘဲနေရတာ။တစ်ချို့တဲဆို လူ၁၀ယောက်လောက်ပေါင်းနေရတယ်။တစ်ချို့တော့လည်း ဘုန်းကြီးကျောင်းတွေမှာ နေရတယ်။ မိုးရာသီလည်းဖြစ်တော့ ရာသီတုပ်ကွေး၊နှာစေး၊ချောင်းဆိုးဖြစ်တာများတယ်။ခြင်ထောင်လည်းအရမ်းလိုတယ်”ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးကသျှမ်းသံတောင်ဆင့်ကိုပြောသည်။

စစ်ရှောင်အများစုသည် ဝါးလီး၊စင်းတောင်း၊တောင်လေး၊ဝါးပြုံး၊ပင်ခွန်နှင့် ပင်လောင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတို့တွင်အများစုဖြစ်ပြီး စုစုပေါင်း၂သောင်းကျော်ရှိကြောင်းသိရသည်။

“စစ်ရှောင်တွေ အရေးပေါ်ကူညီမှုလိုအပ်တဲ့ကိစ္စရပ်တွေ တောက်လျှောက်တွေ့ရတယ်။တိမ်းရှောင်မှုလုပ်ကြရာမှာ အိုးခွက်ပန်းကန်မပါလာတာတွေ၊ စောင် အခင်း မပါလာတာတွေလည်း အများကြီးရှိကြတယ်လို့ နေရာတိုင်းလိုအပ်ချက်တွေရှိနေပါတယ်။”ဟု စစ်ရှောင်အရေးကူညီပေးနေသူ တစ်ဦးကပြောသည်။

ယင်းစစ်ရှောင်များသည် နမ်းနိန်း၊တောင်စလုံး၊မြှောက်စလုံး၊လုံးပျဉ်၊နမ်းဖာမူ၊လင်ခံ၊ကုန်ပေါ၊ဗန်းမောက် အပါအဝင် ပင်လောင်းမြို့တောင်ဖက် ကျေးရွာပေါင် ၃၀ကျော်မှ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ယခုတွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဒအတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံသေဆုံးတာ ၊ထိခိုက်တာ မြင့်တက်နေကြောင်း ဒေသခံများထံမှသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...