Tuesday, January 27, 2026

တောင်ကြီးမြို့ ရပ်ကွက်တချို့ရှိ နေအိမ်များအလံဖြူ/ဝါ ထောင် အကူအညီတောင်းခံ

သျှမ်းပြည် တောင်ကြီးမြို့ ရပ်ကွက်တချို့ရှိ နေအိမ်များ စားဝတ်နေရေးနှင့် ဆေးဝါးအခက်အခဲမှုရှိနေသဖြင့် အလံဖြူ/ အလံဝါ ထောင်ပြပြီး အကူအညီ တောင်းနေရကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့တွင် ကိုဗစ် – ၁၉ တတိယလှိုင်း အတွင်း ပိုးတွေ့ လူနာများအဆမတန် တိုးများလာခြင်းကြောင့် Stay At Home အဖြစ် ကြေညာထားခြင်း ခံထားရပြီး အိမ်ထောင်စု မိသားစုတချို့က ရောဂါအတွက် စိုးရိမ် ပူပန် နေရသည့် အပြင် စားဝတ်နေရေးအတွက်လည်း ခက်ခဲနေကြောင်း သိရသည်။

“အဓိကကတော့ ချမ်းမြသာစည်ရပ်ကွက်ရယ်၊ စိန်ပန်းရပ်ကွက်ရယ်၊ ပြီးတော့ ကျောင်းကြီးစု ဖက်တို့က မိသားစုနေအိမ် တော်တော်များများ အလံထောင်ထားတာ တွေ့ရတယ်၊ လက်ရှိအနေအထားမှာဆို တစ်ရပ် ကွက် ကို ၇ အိမ် ၈ အိမ်လောက်တော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် အခက်အခဲတွေရှိနေကြောင်း ကို ဖော်ပြတဲ့ အလံထောင်ထားတာတွေ တွေ့နေရတယ်” ဟု တောင်ကြီးမြို့တွင်း ပရဟိတ လုပ်ဆောင်နေသူ စိုင်းမြတ်သူ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Stay at Home မကြေညာမီ တစ်ရက်အလိုက တောင်ကြီးမြို၊ ရွှေတောင်ရပ်ကွက်ဖက်မှာလည်း အလံထောင် ၍ စားဝတ်နေရေး ခက်ခဲကြောင်း ပြသသည့် အခြေအနေများရှိနေကြောင်းနှင့် Stay at Home ရက် ကြာမြင့် လာသည်နှင့် အမျှ အခြေခံ ပြည်သူများ၏ စားဝတ်နေရေးမှာ ပိုမို ကြပ်တည်းလာနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ စိန်ပန်းနဲ့ ရွှေတောင် ရပ်ကွက်မှာက လက်လုပ်လက်စားသမားတွေများပါတယ်၊ အဲ့အပြင် နေတဲ့ နေအိမ်ကလည်း အငှားဖြစ်နေတယ်ဆိုတော့ အိမ်ငှားခရော၊ စားဖို့သောက်ဖို့ သောက်ရေကစ ဝယ်နေရတာ ဆိုတော့ အဆင်မပြေဘူးဗျ၊ နဂိုကတည်းကမှ စစ်အာဏာ သိမ်းလိုက်လို့ ကြပ်တည်း‌နေကြရတဲ့ ဘဝတွေက အခုကိုဗစ်ကြောင့်နဲ့ ပိုပြီးဆိုးရွားလာရတယ်ပေါ့” ဟု စိုင်းမြတ်သူက ပြောသည်။

လက်ရှိ နိုင်ငံရေး အခြေအနေများ နှင့် ကိုဗစ် – ၁၉ ကူးစက်တွေ့ရှိမှုနှုန်း များသည်ထက် များလာခြင်းအညီ အခြေခံလူတန်းစား လူဦးရေများလည်း တစ်နေ့ထက် တစ်နေ့ များပြားလာပြီး ၎င်းတို့ များစွာ ကြုံနေရတဲ့ ပြဿနာများကြောင့် စိတ်ပိုင်းဆိုင်ရာများ ထိခိုက်ကာ အသက်ဆုံးရှုံးသွားရသည့် သူများလည်း ရှိကြောင်း သိရသည်။

နိုင်ငံရေးရော ကိုဗစ်ရော အခြေအနေသည် တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာပြီး အခြေခံ လူတန်းစား တွေအတွက် ကြုံလာရတဲ့ စားဝတ်နေရေး ပြဿနာတွေ၊ ဆေးကုသမှု စရိတ်ပြဿနာတွေက အဓိက စိန်ခေါ် မှုကြီး ဖြစ်လာကြောင်းသိရသည်။

“တချို့ဆို ပတ်ဝန်းကျင်ကို အကူအညီတောင်းတယ်၊ ဆိုရှယ်မီဒီယာကနေ အကူအညီ တောင်းတယ်၊ဒါပေမယ့် တချို့အတွက်ကျတော့ ဒီလိုပြဿာနာတွေကြုံရတာ များတော့ စိတ်ကျ ရောဂါနဲ့ အသက်သေသွားရတဲ့ သူတွေလည်း ရှိနေပါတယ်” ဟု ကိုစိုင်းမြတ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အလံထောင်ထားတဲ့ နေအိမ်များကို ပရဟိတ အဖွဲ့အစည်းများမှ ဆန်၊ ဆီ၊ ဆား ကဲ့သို့သော အခြေခံ စားသောက်ကုန်းများ ကူညီထောက်ပံ့မှုပြုလုပ်ခဲ့သော်လည်း ယခု ကူးစက်မှု၊ သေဆုံးမှု မြင့်မားမြန် ဆန်လှသည့် ကိုဗစ် – ၁၉ တတိယလှိုင်းအတွက် လုံလောက်သော ထောက်ပံ့ကူညီမှုများ မပေးနိုင်ကြောင်း လည်း ၎င်းကပြောသည်။

“ကျနော်တို့ ပရဟိတသမားတွေကလည်း တတ်နိုင်တဲ့ဖက်ကလည်း ကူညီတဲ့သဘောပါ၊ ကျနော်တို့ တောင်ကြီးမှာဆို အဆင်မပြေတဲ့သူများတယ် ဆိုပေမယ့် တချို့သော အဆင်ပြေတဲ့သူက နည်းနည်းချင်းစီ စုကြပြီး အဆင်မပြေတဲ့ သူတွေ ကူညီထောက်ပံ့မှုမျိုးပေးမယ်ဆို ဒီထက်ကောင်းတဲ့ ရလဒ်ကို ဖော်ဆောင် နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

စစ်အာဏာသိမ်းယူပြီးနောက် တောင်ကြီးမြို့တွင် ပြည်သူများအတွက် စားဝတ်နေရေး စတင် ကြပ်တည်း လာနေရပြီး အခုကိုဗစ် – ၁၉ တတိယလှိုင်းအတွင်း Stay at Home ကြောင့်ပိုမို ဆိုးရွားလာသဖြင့် အာဏာရှိ သည့် စစ်ကောင်စီ များအနေဖြင့် ပြည်သူတို့၏ စားဝတ်နေရေးနှင့် ဆေးဝါးကုသရေးအတွက် အဖြေရှာသင့် ကြောင်း ပြည်သူများမှ တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

နောင်ချိုမြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ရှောင်နေရသည့် ဒေသခံ အများစုသည် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ပထမ)ပတ်မှ စတင်၍ ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်)အထိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် စတင်သဖြင့် တအာင်း(ပလောင်) အမျိုးသား...

စားဝတ်နေရေးခက်ခဲသည့်ကြား စစ်ကောင်စီ တန်ဆောင်တိုင်ပွဲတော်အတွက် ငွေကောက်ခံနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ တန်ဆောင်တိုင်ပွဲတော်အတွက် ငွေကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ တန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တောင်ကြီးမြို့ ရပ်ကွက် (၂၂) ရပ်ကွက်ကို ညမီးကြီး ၄လုံးနှင့် စိန်နပန်း...