သျှမ်းပြည်နယ်အတွင်းကိုယ်စားပြုတိုက်ပွဲ Proxy War စတင်နေပြီလား?

သျှမ်းပြည်တပ်မတော် ဝမ်ဟိုင်း နဲ့ သျှမ်းပြည်တပ်မတော် လွိုင်တိုင်းလျဲန်းတို့ဟာ ၂၀၁၇ က စပြီး နယ်မြေစိုးမိုးရေးအားပြိုင်  တိုက်ပွဲဖြစ်ပွားလာခဲ့ပါတယ်။ တိုက်ပွဲကြောင့် သျှမ်းလူထု အသက်အိုးအိမ်ဆုံးရှုံးရတာတွေ၊ စစ်ဘေးရှောင်နေရတာတွေကြောင့် သျှမ်းပြည့်ကံကြမ္မာအတွက် မျက်ရည်မျက်ခွက်နဲ့ ရင်နင့်နေသူဟာ ကျနော် တစ်ယောက်တည်း တော့ ဟုတ်မယ်မထင်ပါဘူး။

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် SSPP ခေါင်းဆောင် ဗိုလ်ချုပ်ကြီးပန်ဖှ

သျှမ်းအမျိုးသားအတွက် ရှေ့တန်းတင်ဖို့၊ စည်းလုံးဖို့၊ တောင်းဆိုနေတာတွေလဲ ဘယ်နားဝင် ညာနားထွက် သံဃာထု၊ လူထုအသံကို နှစ်ဘက်ခေါင်းဆောင်တွေက ဉပက္ခာ ပြု လျစ်လျူရှု နေကြပါတယ်။

တိုက်ပွဲ ဖြစ်ပွားရတဲ့အကြောင်းရင်းတွေကတော့ –

တစ်ဖွဲ့က -“ခင်္ဗျားတို့ တောင်ပိုင်းကို အားလုံး တပ်ဆုတ်ပြန်မှ ဆွေးနွေးမယ်၊ မြောက်ပိုင်းကို ထိုးစစ်ဆင် နေသရွေ့ ဘယ်တော့မှ မဆွေးနွေးဘူး” – လို့ပြောတယ်။

နောက်တစ်ဖွဲ့ကလည်း -“ခင်္ဗျားတို့လဲ သျှမ်းပြည်အရေးအတွက်လုပ်တယ်၊ ကျုပ်တို့လဲ သျှမ်းပြည်အ ရေးအတွက်လုပ်တယ် ဆိုတော့ အရင်ဉီးဆုံးဆွေးနွေးမယ်။ ဆွေးနွေးသဘောတူညီချက်ရရင် တပ်ဆုတ်မဲ့ကိစ္စ မခက်ပါဘူး” – လို့ ပြောပြန်တယ်။

အဲ့ဒီ့နောက်ပိုင်း သံဃာတွေကြားဝင်ပေးမှုကြောင့် တစ်နှစ်ကျော်ကြာ တိုက်ပွဲရပ်နားသွားပေမယ့် မနှစ် ၂၀၂၀  သင်္ကြန်ကာလနောက်ပိုင်း နှစ်ဖွဲ့ကြား စစ်ပွဲပြန်ဖြစ်လာပါတယ်။

အရင်တုန်းက ကျနော်အမြဲ ယုံကြည်ခဲ့တယ် ။ ဒီတပ်နှစ်တပ်ဟာ – “သျှမ်းအချင်းချင်းပဲ၊ ဘာသာ စာပေ စကား အတူတူဘဲ၊ နိုင်ငံရေးဉီးတည်ချက်လဲ ၁၉၄၇ ပင်လုံစာချုပ် ကိုအခြေခံပြီး တိုင်းပြည် ကို ဖက်ဒရယ် စနစ်နဲ့ ထူထောင်လိုတယ် ဆိုတာအတူတူဘဲလေ။ အရင်တုန်းက မဆွေးနွေးနိုင်တာက တစ်ဘက်ကွန်မြူနစ်၊ တဘက်က ဒီမိုကရေစီ ကြောင့်မဆွေးနွေးနိုင်တာလေ”

ဒါပေမယ့် ပြီးခဲ့မေက စပြီး သတင်းတွေဟာ အများကြီးထွက်ပေါ်လာတယ်။ ထင်ယောင် ထင်မှားတွေဖြစ်စေတဲ့ သတင်းတု သတင်းမှားတွေလည်းအများကြီးတွေ့လာတယ်။  သျှမ်းပြည်နယ်အတွင်းမှာ ကိုယ်စားပြုတိုက်ပွဲ Proxy War တွေများ ဖြစ်တော့မလား ဆိုတာတွေးမိလာတယ်။

ကိုယ်စားပြုတိုက်ပွဲ Proxy War တွေအကြောင်း နည်းနည်းပြောပြလိုပါတယ် – ကိုယ်စားပြုတိုက်ပွဲ Proxy War ဆိုတာ တိုက်နေတဲ့ စစ်ပွဲဟာ မိမိအမျိုးသားအကျိုးစီးပွားအတွက် တိုက်တာမဟုတ်ဘဲ တခြားသူတွေအတွက် တိုက်ခိုက်ပေးတာ၊ အသေခံပေးတာလို့ အကြမ်းဖျင်းနားလည်  ထားလိုက်ပါ။

အောက်ဖေါ်ပြပါ အချက်အတွေကတော့ တကယ့်သတင်းအစစ်အမှန်ပါ။ ဆရာဉီးခွန်စိုင်း ပြောပြောနေတဲ့ FBI – Facebook Intelligence သတင်းတု သတင်းမှားတွေမဟုတ်ပါဘူး။

မေလဆန်းပိုင်းက ဗိုလ်ကြီး ဆိုင်ငါးမိန်း SSPP က စစ်သည်အင်အားများစွာ ဉီးဆောင်ပြီး (၂၀၀၅ ခုနှစ်ကတည်းက RCSS အမှတ် ၇၀၁ စစ်ဒေသ ခြေကုပ်နေထိုင်တဲ့) ရွှေလီမြစ်ဝှမ်း မြောက်ဘက်ခြမ်း ၁၉ အုပ်စု ဒေသ လို့ လူသိများတဲ့ မန့်ဟျိုးမြို့နယ်ခွဲဘက်ရောက်ရှိလာပါတယ်။ ဒေသခံလူထု နဲ့ တွေ့ဆုံစဉ် ဗိုလ်ကြီးက – RCSS ဒီမှာ ရှိနေတာ တရုတ်ဘက်က သိပ်သဘောမတွေ့လို့ ဒို့ SSPP လာရောက်နေထိုင်ရတာဖြစ်တယ်” – ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS ကလည်း မေလ နှောင်းပိုင်းက တရုတ်သံအရာရှိ တစ်ဉီးနဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ အဲဒီ့ ပုဂ္ဂိုလ်က – RCSS ဆိုတာ ကွန်မြူနစ်ပါတီကို ဉီးဆောင်ဆန့်ကျင်တဲ့  ဗိုလ်မိုးဟိန်း SURA ကနေဆင်းသက်လာတယ်။ SSPP ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ နဲ့ မဟာမိတ် ဆိုတော့ အခုလဲ သူတို့နဲ့ ရင်းနှီးတယ်။ RCSS  က အမေရိကန် ရဲ့ အဆက် မဟုတ်ပါဘူး။ သျှမ်းပြည်မြောက်ပိုင်းအတွင်းလှုပ်ရှားနေတဲ့ RCSS တပ်တွေက တရုတ်ရဲ့အကျိုးစီးပွားကိုလည်း ကာကွယ်ပေးသွားမှာပါဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံနိုင်စရာအကြောင်းမရှိဘူး။ SSPP တိုက်ထုတ်လို့ ခင်ဗျားတို့ မဆုတ်ရင် ခင်ဗျားတို့ တောင်ပိုင်းကို တပ်ဆုတ်ပြန်ဖို့ အတွက် လုပ်ဆောင်မယ့်နည်း ရှိပါတယ် ” – လို့ ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၅ ရက် ၂၀၂၁ တရုတ်သံအမတ်ကြီး ချိန်ဟိုင်နဲ့ စစ်ကောင်စီ ဉက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဖို့ပြင်ဆင်နေတဲ့အချိန်မှာ – တရုတ်က မြောက်ပိုင်းမှာ RCSS တပ်ရှိတာကိုမလိုလားဘူး – လို့ တရုတ်သံအရာရှိတဉီးက ပြောကြောင်း ကြားသိရပါတယ်။

ဒီ သတင်း အချက် အလက် ၃ ချက် နဲ့ တခြား သိရှိရသေးတဲ့ အသေးအမွှားအချက်အလက်တွေ အားလုံးကို ချိန်ထိုးကြည့်ရင် တရုတ်ဟာ Science သိပ္ပံ၊  Technology နည်းပညာ အဲ့လောက်ခေတ်မီ တိုးတက်တာ၊ The Art of War ဆွန်းဇူး ရဲ့ စစ်ရေးနည်းပညာအရ သတင်းအချက်အလက်အပေါ် အရေးထားတာ ဘာ့ကြောင့် ကြက်ရိုးထိုး ဗေဒင် လို ယုံကြည်နေရပါသလဲပေါ့။

ဒါ့ကြောင့် ခေါင်းဆောင်ကြီးတွေ၊ တတ်သိ ပညာရှင်ကြီးတွေကို တိုက်တွန်းလိုတာက – လက်ရှိ ဒို့သျှမ်းတပ်တွေဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ အသေခံပြီးတိုက်ခိုက်နေကြတာဟာ မိမိအမျိုးသားအကျိုးစီးပွားအတွက်လား၊ သူတစ်ပါးအကျိုးစီးပွားအတွက်လား ဆိုတာ ပါဘဲ။

အားလုံးကိုလေးစားလျက်

အညတြလေး

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...