အခြေခံစားသာက်ကုန် အဆမတန် ဈေးမြင့်တက် ပြည်သူများပိုကြပ်တည်းနေ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး (၈) လကြာမြင့်ပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်များ၊ ကုန်ပစ္စည်းများ ဈေးနှုန်းများ အဆမတန်မြင့်တက်လာသည့်အတွက် ပြည်သူများ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ နေရ ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်တွင် လက်ရှိမှာ အခြေခံစားသောက်ကုန်များကို ခက်ခဲစွာ ဝယ်ယူနေရသည့်အပြင် ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေမှုကြောင့် ပြည်သူများချွေတာသုံးစွဲနေရကြောင်း သျှမ်းတောင် ပင်လုံမြို့နေ အသက် ၂၀ ကျော် အမျိုးသမီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အကုန်တက်တယ်။ ဆီဆိုလည်း အရင်က တဗူးကြီးကို ၂၅၀၀ ပေးဝယ်ရတာ။ အခုက ၃၅၀၀ ရှိတယ်။ အခြေခံစားသောက်ကုန်တွေ အကုန်တက်တယ်။ အခုက အိမ်မှာရှိတာကိုဘဲ ချွေးတာပြီးစားသောက်နေရတာ။ “ ဟု ပင်လုံမြို့ ဒေသခံတဦးက ပြောသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ကုန်ပစ္စည်းများ၊ အခြေခံစားသောက်ကုန်များအားလုံးသည် ၃ ဆ အထိ ဈေးနှုန်းမြင့်တက်လာသဖြင့် ကုန်စုံရောင်းသည့် သူများသည် ကုန်ပစ္စည်းများကို တင်သွင်းမှု မရှိတော့ကြောင်း လင်းခေးမြို့ ဈေးသည်တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခုက ဈေးကတော့ အကုန်ကြီးနေတော့တာပဲ။ ဘာမှ ဈေးပေါတာ မရှိဘူး။ ၃ ဆလောက်တက်သွားတယ်။ စက်သုံးဆီတောင်း အပြေးအလွှား ဝယ်နေကြရတယ်။ ကျမဆိုလည်း အခုဆို ကုန်ပစ္စည်းတွေတောင် အများကြီး မတင်တော့ဘူး” ဟု လင်းခေးမြို့ ဒေသခံတဦးက ပြောသည်။

သွင်းကုန်များကို ပြည်ပနိုင်ငံဖြစ်သည့် ထိုင်းနှင့် တရုတ်နိုင်ငံထုတ်ပစ္စည်းများကို အားကိုးနေရသည့် မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် မြန်မာငွေ တန်ဖိုးကျဆင်းလာသည့်အတွက် အစစအရာရာ ကုန်ပစ္စည်းများ ဈေးတက်လာသည်။

ကုန်ဈေးနှုန်းမြင့်လာသည့် အပြင် ကိုဗစ် ၁၉ ကာလဖြစ်သောကြောင့် ပြည်သူအများအပြားက အလုပ်အကိုင် မရှိသော်ကြောင့် စားဝတ်နေရေးအတွက် ခက်ခဲမှုရှိနေကြောင်းသိရသည်။

“ အခုက ကိုဗစ် ကာလဖြစ်နေတယ်။ ပြီးတော့ အလုပ်အကိုင်မရှိဘူး။ ပုံမှန်အလုပ်တောင်မလုပ်ရတော့ဘူး။ ကုန်ပစ္စည်းတွေကပါ ဈေးတွေကကြီးနေတော့ ကျနော်တို့ စားဝတ်နေရေးက ပိုပြီးခက်ခဲလာတယ်။ ကလေးကိုတောင်း မုန့်ဖိုး နေ့စဉ်မပေးနိုင်တော့ဘူး” ဟု လဲချားမြို့ ကလေး ဖခင်တဦးက သျှမ်းသံတေ်ာဆင့်ကို ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူမှုကြောင့် ကုန်ပစ္စည်း၊ အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီများ ဆက်လက် ဈေးနှုန်းမြင့်တက်နေလျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် တရိပ်ရိပ်တက်လာသည့် ကုန်းဈေးနှုန်းများကြောင့် ပြည်သူများလည်း နေ့စဉ်း စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

နမ့်စန် မတ်ကျန်းပြည်သူ့စစ်နယ်မြေ KBZ ဘဏ်ခွဲ ဦးအောင်ကိုဝင်း ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့

0
သျှမ်းပြည် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသရှိ မတ်ကျန်းပြည်သူ့စစ် ထိန်းချုပ်နယ်မြေထဲ KBZ Bank ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဦးအောင်ကိုဝင်း ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်ရှိ မတ်ကျန်းဌာနေပြည်သူ့စစ် ထိန်းချုပ်ရာ ပန်လျန်းဆိုင်ဒေသ ပန်လင်းကျေးရွာ၌ ကမ္ဘောဇဘဏ်လီမိတက်မှ KBZ Bank...

မိုင်းရှူးမြို့နယ်ရှိ စာသင်ကျောင်းများတွင် “အချိန်ပိုကြေး” အမည်ဖြင့် ငွေကြေးကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင် ကျောင်းသား/သူ များကို “အချိန်ပို” ဟုခေါ်ဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲပေးဆောင်ရကြောင်း စုံစမ်းသိရပါသည်။ ယခု  ၂၀၂၆ - ၂၇ ပညာသင်နှစ် မိုင်းရှူးမြို့နယ် နားစံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း နှင့် ဖာယကျေးရွာ အခြေခံပညာ...

ချင်းမိုင်တွင် လုပ်ပိုင်ခွင့်ကျော်လွန်ပြီး ရေခဲမုန့်လှည့်လည်ရောင်းချသည့် မြန်မာနိုင်ငံသားတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသော လမ်းဘေးလှည့်လည်ဈေးရောင်းခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူလိုက်ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နေ့က ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်၊ ဝိန်း (Wiang) တိုက်နယ်အတွင်းသို့ ချင်းမိုင်ပြည်နယ် အလုပ်အကိုင်ခန့်ထားရေးရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့တို့...