လောင်စာဆီဈေးမြင့်တက်မှုကြောင့် ပြည်သူများအခက်ကြုံ

စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ကုန်ဈေးနှုန်းနှင့်အတူ လောင်စာဆီဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက်လာခဲ့မှုကြောင့် ပြည်သူများ အခက်ကြုံနေရကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်အတွင်း တစ်ချို့မြို့နယ်များရှိ ပန့်ဆီဆိုင်ပိုင်ရှင်များသည် အရင်းမရဘဲ အရှုံးပေါ်နေသဖြင့် ဆိုင်ကို ယာယီပိတ်သိမ်းထားရသည်အထိ အခက်ခဲကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

“အဓိကတော့ ဈေးတွေ အရမ်းတက်သွားလို့ပေါ့၊ ဘယ်လိုဖြစ်နေလဲဆိုရင် ဒီနေ့ ရောင်းရတဲ့ငွေက မနက်ဖြန်အတွက် အရင်းတောင် ပြန်မရဘူး၊ အဲ့တော့ ပန့်ဆီဆိုင်ရော၊ စက်ရုံရော ပိတ်ထားလိုက်ရပြီ၊ အရင်က လုပ်သား (၁၀၀)ကျော်လောက်ရှိထားတာ၊ ခုက လုပ်ငန်းလည်ပတ်နိုင်ရုံလေးပဲ ရှိတော့တယ်” ဟု သီပေါမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါ၊ လားရှိုးနှင့် နောင်ချို့မြို့အပြင် အခြားမြို့နယ်များတွင်လည်း စက်သုံးဆီဆိုင်တစ်ချို့ ဆီပြတ်လပ်မှုကြောင့် ယာယီပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စားသောက်ကုန်များ ဈေးတက်နေသည့်အပြင် လောင်စာဆီများပါ ဈေးတက်လာသဖြင့် စားဝတ်နေရေး အတွက် အခက်ခဲ ကြုံတွေ့နေရကြောင်း မိုင်းရှူးဒေသခံ အမျိုးသမီးက ပြောသည်။

“ကျမတို့က လယ်ယာပဲလုပ်တာ၊ လယ်ယာကလည်း နီးနီးလေးမဟုတ်ဘူး၊ အများစုက ဆိုင်ကယ်နဲ့ပဲ လယ်ယာသွားကြတာ၊ ခုက ဓါတ်ဆီဈေးတွေ တက်လာတော့ လယ်ယာသွားရင် လမ်းလျှောက် သွားနေရပြီ၊ တစ်ချို့ဆို စားသောက်ဖို့တောင် ခက်ခဲနေကြပြီ” ဟု မိုင်းရှူးမြို့နယ်မှ နန်းလှငွေက ဆိုသည်။

အဆိုပါ လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေသူများအတွက်ပါ အခက်ခဲ ကြုံနေရကြောင်း လားရှိုးမြို့မှ စိုက်ပျိုးရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ခြံထဲ ရေလောင်းတာ အရင်က ဓါတ်ဆီဖိုး (၂၀၀၀)လောက်ပဲကုန်တာ၊ ခုက (၄၀၀၀)လောက်ကို ကုန်နေရပြီ၊ ပိုက်ဆံက အများကြီးပေးရပြီး ပြန်ရတဲ့ ကုန်ပစ္စည်းက နည်းနည်းပဲ၊ မဝယ်သုံးလို့ကလည်း မရဘူး၊ ဓါတ်ဆီက ရှိထားမှ ဖြစ်မှာ” ဟု လားရှိုးမြို့မှ ခြံစိုက်တောင်သူ စိုင်းခွန်က ပြောသည်။

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်းရှိ ဓါတ်ဆီဆိုင်များမှာ ယနေ့ (စက်တင်ဘာလ ၃၀ ရက်)တွင် ဓါတ်ဆီ 92 တစ်လီတာ (၁၆၀၀ − ၁၈၀၀)ကျပ် ဝန်းကျင်ထိ ရှိနေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာငွေကျပ်တန်ဖိုး ဆက်လက်ကျဆင်းနေပြီး ယမန်နေ့က တရုတ်ငွေ (၁၀၀)လျင် မြန်မာငွေ ကျပ် (၄၀၀၀၀)၊ US $ 1 ဒေါ်လာ လျှင် မြန်မာငွေ (၂၇၀၀)ကျပ်ထိ ရှိခဲ့ပြီး သမိုင်းတွင် ငွေကြေးဖောင်းပွမှု အဆိုးရွားဆုံး အခြေအနေထိ ဖြစ်နေကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...