Wednesday, January 28, 2026

မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင် ကုန်သွယ်ရေးဂိတ်ပြန်ဖွင့်

မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့ ရှိ ကျယ်ဂေါင် ကုန်သွယ်ရေးဂိတ်ကို ပြန်လှည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်နေ့က မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုကုန်သွယ်ရေးဂိတ်ကို ပြန်လှည်ဖွင့်ပေးသော်လည်း တရုတ်နိုင်ငံတွင်းတွင် ကျန်ရှိနေသည့် ကုန်ပစ္စည်းများကိုသာ တင်းထုတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“ တရုတ်ဘက်က ကျန်နေသေးတဲ့ ပစ္စည်းတွေကိုပဲ မြန်မာဘက်ကိုတင်သွင်းလာခိုင်းတာ။ မြန်မာဘက်ကနေ တင်သွင်းဖို့မရဘူးလို့ ပြောတယ်” ဟု မူဆယ်မြို့ကျယ်ဂေါင်တွင် နေထိုင်သည့် သူက ပြောသည်။

မြန်မာနိုင်ငံဘက်မှ ကုန်ပစ္စည်းများကို တင်သွင်းခွင့်မရရှိဘဲ တရုတ်နိုင်ငံဘက်မှ ကုန်များကို ဝယ်ယူရမည်ဆိုပါက ပြည်သူများ စားဝတ်နေရေးအတွက် ခက်ခဲမှုများစွာရှိလာနိုင်ကြောင်းသိရသည်။
ထိုအပြင် တရုတ်ငွေဈေးနှုန်း(ယွမ်) လည်း ဈေးထက်မြင့်တက်လာမှာကို ပြည်သူများက စိုးရိမ်နေကြသည်။

“ ကျမတို့လည်း တရုတ်ပြည်ဖက်ကကျန်နေတဲ့ ကုန်ပစ္စည်းတွေကိုဘဲ ယူဆောင်လာရမယ်လို့ကြားတယ်။ ဒီဘက်က တင်သွင်းလို့မရဘူး ဆိုတော့ ခက်တာပေါ့။ စားဝတ်နေရေးအတွက်လည်း ပိုခက်လာတယ်။ သူတို့ဘက်ပစ္စည်း ကိုပဲ တင်သွင်း လာရင်လည်း ကျမတို့ဘက်ကတော့ အဆင်မပြေဘူး။ အဲလိုလုပ်ရင် သူတို့တရုတ်ငွေဈေးလည်း ပိုပြီးဈေးတက် လာမှာကို စိုးရိမ်ရတယ်” ဟု မူဆယ်မြို့ ကုန်စုံဆိုင် အမျိုးသမီးတဦးက ပြောသည်။

ထိုသို့ တရုတ်နိုင်ငံတွင် ရှိသည့် ကုန်ပစ္စည်းများကိုသာ တင်သွင်းသွားမည်ကို အသေးစိတ် မသိရှိရသေးကြောင်း မူဆယ် -နမ့်ခမ်း ကုန်သည်ရေးကုန်သည်အသင်းက ပြောသည်။

“ ကျမတို့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ အသေးစိတ်မသိရသေးဘူး။ ကျမတို့လည်း ထုတ်ပြန်စာထဲကအတိုင်းဘဲ သိရတယ်။ ဘယ်နေ့ဘယ်ချိန်ဖွင့်မလဲဆိုတာမသိရသေးဘူး” ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ရေးကုန်သည် အသင်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကိုဗစ် ၁၉ တတိယလှိုင်းနှင့်အတူ မြန်မာ တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းနယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ကြောင်းသိရသည်။

အလားတူ မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးဂိတ် ချင်းရွှေဟော် ဂိတ်ကိုလည်း လာမည့် အောက်တိုဘာ ၆ ရက်နေ့မှစတင်ပြီး ပိတ်သွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ-တရုတ်နယ်စပ်တလျှောက် တရုတ်ဘက် စစ်ရေးလေ့ကျင့်ရန် ကင်းလှည့်နေ

0
သျှမ်းပြည် မူဆယ်မြို့ တစ်ဘက်ကမ်းရှိ မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့တွင် တရုတ်ဘက်မှ စစ်ရေးလေ့ကျင့်ရန် ကုန်းကြောင်း၊ လေကြောင်းဖြင့် ကင်းလှည့်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်ရှိ ရွှေလီမြို့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) မှ စစ်ရေးလေ့ကျင့်ရန် သံချပ်ကာကားများ...

မြန်မာ-တရုတ်နယ်စပ် ယာယီနိုင်ငံကူးလက်မှတ် စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင်နှင့် စာရွက်စာတမ်း စွန့်ပစ်ခံရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် တို့မှ ပွဲစားဖြင့် နိုင်ငံကူး လက်မှတ်၊ စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင် နှင့် စာရွက် စာတမ်းများ စွန့်ပစ်ခံရကြောင်း စုံစမ်းသိရသည်။ တရုတ်နိုင်ငံကူး ယာယီလက်မှတ် စာအုပ်နီကို ပွဲစားဖြင့် လုပ်ဆောင်နေကြသည့် မူဆယ်မြို့၊ နမ့်ခမ်းမြို့တို့မှ ဒေသခံများ...

ခက်ခဲတဲ့ နယ်စပ်ကုန်သွယ်ရေးဇုန်က တပိုင်တနိုင် အမျိုးသမီးများ

0
လက်နှစ်ဖက်မှာ လေးလံတဲ့ သစ်သီးဖာကြီးကို ကိုင်ဆွဲထားပြီး၊ ကျောပေါ်မှာလည်း ကလေးကိုချီပိုးထားသလို ကုန်ပစ္စည်းတွေကို ပိုးထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ ယိမ်းယိုင်တဲ့ ခြေလှမ်း နဲ့ လမ်းလျှောက်နေပါတယ်။ ပစ္စည်းတွေကို မနိုင်မနင်း နဲ့ ထမ်းရတဲ့အခါ အချို့တွေက ထမ်းပိုးနဲ့ ထမ်းကြသလို အချို့ကျတော့လည်း ဆိုင်ကယ် (weight) နဲ့ မမျှအောင်...

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းဇုံလမ်းကြော ပိတ်ထားဆဲ

0
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်-လားရှိုး-ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းဇုံများ ပိတ်ထားနေဆဲဖြစ်သဖြင့် ဖြတ်သန်းသွားလာ၍ မရသေးကြောင်း ကားသမားထံများထံမှ သတင်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၈ )ရက်အထိ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်အား လုံခြုံရေး အခြေအနေအရ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း၊ ဖြတ်သန်းသွားလာနေသူ အချို့သည်လည်း စစ်ကောင်စီ၏ စစ်ရေးဂိတ်၌ ရပ်နားနေရကြောင်း မူဆယ်ကားသမားတစ်ဦးက...

တိုက်ပွဲကြောင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပိတ်

0
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တလျှောက်ကို ယနေ့ (အောက်တိုဘာ ၂၇ ရက်) တွင် ယာယီပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာ ၂၇ ရက်) နံနက် ၄ နာရီအချိန်မှ စပြီး မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး အချက်အခြာကျသော သျှမ်းမြောက် လားရှိုး၊ ချင်းရွှေဟော်၊ မူဆယ်နှင့်...