Wednesday, January 28, 2026

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းဇုံလမ်းကြော ပိတ်ထားဆဲ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်-လားရှိုး-ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းဇုံများ ပိတ်ထားနေဆဲဖြစ်သဖြင့် ဖြတ်သန်းသွားလာ၍ မရသေးကြောင်း ကားသမားထံများထံမှ သတင်းသိရသည်။

ကားလမ်းပိတ်နေပုံ

ယနေ့ (အောက်တိုဘာလ ၂၈ )ရက်အထိ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်အား လုံခြုံရေး အခြေအနေအရ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း၊ ဖြတ်သန်းသွားလာနေသူ အချို့သည်လည်း စစ်ကောင်စီ၏ စစ်ရေးဂိတ်၌ ရပ်နားနေရကြောင်း မူဆယ်ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မူဆယ် ၁၀၅ မိုင်ကို ကျော်လာရင် နမ့်ပေါ့တံတားနဲ့ နမ်ဖတ်ကာမှာ ပိတ်နေတယ်။ အဲ့မှာ စစ်ကောင်စီ၊ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်စောင့်ပြီး လမ်းတွေပိတ်တာ ဘယ်သူမှသွားလာလို့မရဘူး။ နမ့်ခိုင်တံတားမှာလည်း စောင့်နေတယ်။ သိန္နီဘက်လည်း သွားလို့မရသေးဘူး။ မနေ့ကဈေးသွားရောင်းတဲ့သူတွေတောင် ပြန်မလာသေးဘူး “ ဟု ၎င်းကားသမားတစ်ဦးက ပြောသည်။

လက်ရှိမှာ မူဆယ်-သိန္နီ-လားရှိုး-ကွမ်းလုံ-ချင်းရွှေဟော် လမ်းပိုင်းများအား လုံခြုံရေး အခြေအနေအရ ပိတ်ထားသေးကြောင်း သိရသည်။

ယင်းကဲ့သို့ လမ်းပိုင်းများ ပိတ်ထားလျက်ရှိသဖြင့် ခရီးသွားသူများ၊ ကုန်တင်ကားများ အခက်အခဲ ဖြစ်နေသည်ဟု လားရှိုးမြို့ရောက်ကားသမားတစ်ဦးက ဆက်ပြောသည်။
“ ကျနော်တို့ ကားသမားတွေအတွက်က လမ်းပိတ်တော့ ရက်ပိုရှည်တယ်။ ပိုက်ဆံပိုကုန်တယ်လေ။ ဘယ်နှရက်ထိ ပိတ်မယ်မသိ။ တရက်လည်း တရက် ပိုက်ဆံပိုကုန်တာပေါ့” ဟု ၎င်းကားသမားက ပြောသည်။

ယမန်နေ့ (အောက်တိုဘာလ ၂၈) ရက်မှ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ PDF တို့အကြား တိုက်ပွဲကြောင့် မြောက်ပိုင်းကုန်သွယ်ရေးဇုံ လမ်းကြောင်းများအား ပိတ်ထားရခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...