မြန်မာ-တရုတ်နယ်စပ် ယာယီနိုင်ငံကူးလက်မှတ် စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင်နှင့် စာရွက်စာတမ်း စွန့်ပစ်ခံရ

မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် တို့မှ ပွဲစားဖြင့် နိုင်ငံကူး လက်မှတ်၊ စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင် နှင့် စာရွက် စာတမ်းများ စွန့်ပစ်ခံရကြောင်း စုံစမ်းသိရသည်။

မူဆယ်စာအုပ်အနီ

တရုတ်နိုင်ငံကူး ယာယီလက်မှတ် စာအုပ်နီကို ပွဲစားဖြင့် လုပ်ဆောင်နေကြသည့် မူဆယ်မြို့၊ နမ့်ခမ်းမြို့တို့မှ ဒေသခံများ သည် ပွဲစား၏ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့်အတွက်ကြောင့် ရွှေနန်းတော်ဂိတ်၊ အလယ်ပေါက်၌ မှတ်ပုံတင် နှင့် စာရွက်စာတမ်းများ စွန့်ပစ်ခံနေရကြောင်း သိရသည်။

“လူကိုယ်တိုင် သွားလုပ်ဖို့ အဆင်မပြေကြလို့၊ တချို့က မအားလို့၊ တချို့က စကားအခက်အခဲရှိလို့ ပွဲစားနဲ့ လုပ်ကြတဲ့ သူတွေပေါ့။ ရွှေနန်းတော် ခရီးသွားလာရေး ဌာန ဟောင်း အရှေ့တည့်တည့် ၊ အလယ်ဂိတ်ပေါက် တွေမှာ သူတို့ မှတ်ပုံတွေ နဲ့ ညှပ်ထားတဲ့ စာရွက်စာတမ်း အထောက်အထားတွေ ပြန့်ကျဲနေတာပဲ” ဟု မြင်တွေ့ ရသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပွဲစားခအတွက် ပေးဆောင်ရသည့် အခကြေးငွေများသည် မြန်မာငွေကျပ် တစ်သိန်း နှင့် အထက် ရှိခဲ့သော်လည်း လက်ရှိ အချိန်၌ ပိုက်ဆံ ဆုံးရှုံးရသည့်အပြင်၊ အချို့သူများက မှတ်ပုံတင်များပါ ပျောက်ဆုံးနေ ကြကြောင်းလည်း သိရသည်။

“ပွဲစားက လုပ်ပေးမယ်ဆိုပြီးတော့ ငွေယူသွားပြီး ပြီးဆုံးသည်အထိ၊ ရသည်အထိ မလုပ်ပေးဘူးလေ။ အခု ပွဲစားက ထွက်ပြေးသွားပြီ။ ပွဲစားနဲ့ စာအုပ်လုပ်ထားတဲ့ သူတွေက ကိုယ့်မှတ်ပုံတင် နဲ့ စာရွက်စာတမ်းတွေကို ကိုဘ်တိုင် သွားရှာယူခဲ့ရကြတာ။ တချို့က ပြန်ရပေမဲ့ တချို့က ပျောက်နေတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယင်းကဲ့သို့ ပွဲစားများ၏ တာဝန်ယူမှု တာဝန်ခံမှု မရှိ၊ အခကြေးငွေ ယူပြီး ထွက်ပြေး သွားမှုကြောင့် ပျောက်ဆုံး သွားသည့် မှတ်ပုံတင်များ ပြန်လည်ရရှိရေး၊ ဆုံးရှုံးသော ငွေကြေးများ ပြန်လည်ရရှိရေး တို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်းလည်း ဒေသခံများက တောင်းဆိုနေကြသည်။

ထို့အပြင် ဇန်နဝါရီလ ၂ ရက်နေ့၌လည်း မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်တွင် လူဝင်မှုကြီးကြပ်ရေး ဌာန လဝက အရာရှိများ သည် နယ်စပ်သွားလာခွင့်လက်မှတ် စာအုပ်များမကျန်ရှိတော့ဟု အကြောင်းပြကာ စာအုပ် မလုပ်ပေးတော့ကြောင်း ကြေငြာခဲ့သော်လည်း ပွဲစားအဆက်အသွယ်များမှတဆင့် ဈေးအဆမတန် တောင်းပြီး ခိုးကြောင်ခိုးဝှက် ပြုလုပ် ပေးနေသည်ဟု မူဆယ်ဒေသခံများက ပြောသည်။

ယခုလို မူဆယ်မြို့မှ လဝကအရာရှိများက နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် စာအုပ်ကို ဈေးအဆမတန် တောင်းပြီး ပြုလုပ်နေရခြင်းကြောင့် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ကုန်ပစ္စည်းဝယ်ယူ တင်သွင်းနေသည့် ဒေသခံများမှာ အခက်အခဲဖြစ်ကာ ဒေသခံပြည်သူများလည်း ကုန်ဈေးနှုန်းမြင့်မားမှုကို ကြုံတွေ့နေရကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...