CATEGORY

အထွေထွေ

မူဆယ်-တောင်ကြီး ကားသမားများအပေါ် ကားဂိတ်အချို့က အမြတ်ထုတ်မှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှ တောင်ကြီးမြို့သို့ ပြေးဆွဲနေသော ခရီးသည်တင်ကားငယ်များအပေါ် ကားဂိတ်အချို့က ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် မူဆယ်-တောင်ကြီးကားခသည် သုံးသိန်းခွဲဝန်းကျင်ပေါက်ဈေးရှိနေပြီး အချို့ကားဂိတ်များမှ ကားသမားများအား ငွေအပြည့်ပေးချေမှုမရှိခြင်းဘဲ ငွေကျပ် ၂ သိန်းခန့် သာပြန်လည်ပေးချေသောကြောင့် ကားသမားများနှင့် ခရီးသည်များနစ်နာမှုများရှိလာကြောင်း မူဆယ်မြို့မှ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ခုအခြေအနေအရ ကားခ...

တန်ဆောင်တိုင်ပွဲ‌တော် ငှားရမ်းမည့်ဆိုင်ခန်းများ ကျပ်သိန်း ၂၀ ဝန်းကျင် ထိပေါက်ဈေးရှိ

သျှမ်းပြည် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲ‌တော်အတွက် ငှားရမ်းမည့်ဆိုင်ခန်းများသည် မြန်မာငွေ ကျပ် သိန်း ၂၀ ဝန်းကျင် ထိ ရှိနေကြောင်း သတင်းရရှိသည်။ နိုင်ငံရေးအခြေနေရှုပ်ထွေးနေ့သည့်ကြားမှ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုအဝေရာ...

တောင်ကြီး တန်ဆောင်တိုင်အတွင်း ဟိုတယ်နှင့် တည်းခိုခန်း ဘိုကင်ပြည့်နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော်အတွင်း ဟိုတယ်နှင့်တည်းခိုခန်း ဘိုကင် ပြည့်နေ့ကြောင်း စုံစမ်းသိရှိရပါသည်။ နိုင်ငံရေးအခြေနေရှုပ်ထွေးနေ့သည့်ကြားမှ စစ်ကောင်စီက တောင်ကြီးတန်ဆောင်တိုင်ကို လာမည် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရပ်ကွက်အလိုက် မီးပုံးပျံ ပညာရှင်များလည်း အတူပူးပေါင်းပါဝင်သွားမည် ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။  တန်ဆောင်တိုင်ပွဲတော်အတွင်း  ဟိုတယ်အခန်းများ လူပြည့်နေသည့်အပြင် အခန်းခများလည်း ဈေးမြင့်တက် နေကြောင်းလည်း တောင်ကြီးမြို့တွင်း ဟိုတယ်ဝန်ထမ်း တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “အကုန်ပြည့်နေပြီး တစ်ခန်းမှ မကျန်တော့ဘူး။ တန်ဆောင်တိုင် ၉ ရက်နေ့ကနေစပြီး ၁၅ ရက်နေ့အထိ လုံးဝ မရတော့ဘူး။ နှစ်ယောက်အိပ်ဆို၂ သောင်း ဝန်းကျင်။ ၆၈၀၀၀ကျပ် ကနေစရှိတယ်။ နိုဝင်ဘာလကစပြီး အဲဒါက မူရင်းဈေး ဖြစ်တော့မှာ ။ စုံစမ်းရသလောက်ကတော့ ဟိုတယ်အကုန်ပြည့်နေပြီ။”  ဟု၎င်းက ဆိုသည်။  တောင်ကြီး ဟိုတယ်များတွင် တည်းခိုမည့်သူများသည် ဧည့်စာရင်း တိုင်ကြား ရမည်ဖြစ်ပြီး ယခင်နှစ်များကဲ့သို့ ဓာတ်ပုံနှင့်တကွ တာဝန်ရှိသူများထံ ပို့ဆောင်ရမည်ဟု ၎င်း ဝန်ထမ်း တစ်ဦးက ပြောသည်။ တောင်ကြီးမြို့သည် ကရင်နီနှင့် သျှမ်းမြောက်ဘက် စစ်ဘေးရှောင်များအပြင် သျှမ်းတောင်အတွင်း တိုက်ပွဲ ဖြစ်ပွားသည့် ဒေသများမှလည်း လာရောက် ရှောင်တိမ်းနေကြသည့် ဒေသဖြစ်သည်။  “ ဟိုတယ် ဘိုကင် လာလုပ်တဲ့သူက ပြည်မ ဖက်ကလူတွေများတယ်။ သျှမ်းပြည်ကမဟုတ်တာတော့ သေချာတယ်။ ခုချိန်က ပွဲငတ်နေတော့။သျှမ်းပြည်ကဆို စစ်ရှောင်နေကြတယ်လေ။ သူတို့တောင်အနိုင်နိုင် သူတို့တော့ ဟိုတယ် ငှားမှာ မဟုတ်ဘူး။” ဟု ဟိုတယ်တွင် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။ ထို့အပြင် ပွဲတော်ရက်နီးလာသည်နှင့်အမျှ လိုင်စင်မရှိသည့် ကားနှင့် ဆိုင်ကယ်များကိုပါ ဖမ်းဆီးမှု လုပ်ဆောင်လာနေပြီး လက်ရှိတောင်ကြီးမြို့အဝင်အထွက်နှင့် ဂိတ်များတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လာနေကြသည်။ အလုပ်သင် နန်းလရောင် ရေးသားသည်။

အေးသာယာတွင် စက်ရုံများမှ ထုတ်လွှတ်သော ရေဆိုး၊ အနံ့ဆိုးများကြောင့် အနီးအနားရှိနေအိမ်များ ဒုက္ခတွေ့နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် စက်ရုံလုပ်ငန်းများမှ ထုတ်လွှတ်နေသော ရေဆိုး အနံ့ဆိုးများကြောင့် အနီးအနားတွင်နေထိုင်သည့် ပြည်သူများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။​ အေးသာယာမြို့သည် စက်ရုံများလည်ပတ်ရန်အတွက် စက်မှုဇုန်သီးသန့် အကောင်အထည်ဖော်ထားသော်လည်း လက်ရှိတွင် လူနေအိမ်များတည်ရှိရာ ရပ်ကွက်များအတွင်းလည်ပတ်နေသော စက်ရုံများမှ အနံ့ဆိုးများ၊ ရေဆိုးရေညစ်များအား စနစ်တကျစွန့်ပစ်ခြင်း မရှိသည့်အတွက် အနီးအနားတွင်နေထိုင်သော မြို့ခံများမှာ...

စားဝတ်နေရေးခက်ခဲသည့်ကြား စစ်ကောင်စီ တန်ဆောင်တိုင်ပွဲတော်အတွက် ငွေကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ တန်ဆောင်တိုင်ပွဲတော်အတွက် ငွေကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ တန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တောင်ကြီးမြို့ ရပ်ကွက် (၂၂) ရပ်ကွက်ကို ညမီးကြီး ၄လုံးနှင့် စိန်နပန်း...

မူဆယ် ပြည်သူ့ဆေးရုံ သုံးထပ်တိုးချဲ့ဆောင်ပေါ် ဒယ်နီဖြင့် ကြက်ဥပြုတ်ထားရင်း မီးလောင်

သျှမ်းပြည် မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံရှိ သုံးထပ်တိုးချဲ့ဆောင် အပေါ်ထပ်တွင် ဒယ်အိုးနီဖြင့် ကြက်ဥပြုတ်ထားရင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၇ ရက်) ည ၇ နာရီကျော်တွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံရှိ ဆရာဝန်များ နေထိုင်ရာ သုံးထပ်တိုးချဲ့ဆောင် အပေါ်ထပ်တွင် ဒယ်အိုးနီဖြင့် ကြက်ဥပြုတ်ထားစဉ် မီးပြန်လာပြီးနောက်...

တာချီလိတ်မြို့ ရဲနှင့်စစ်သား ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးမှုတင်းကြပ်

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့အတွင်းတွင် ရဲနှင့်စစ်သား ပူပေါင်းပြီး ရှောင်တခင် စစ်ဆေးမှုတွေ တင်းကြပ်နေသည်ဟု သတင်းရရှိသည်။ တာချီလိတ်မြို့တွင် ယခင်က ရဲတပ်ဖွဲ့များသာ စစ်ဆေးပြီး ယခု (စက်တင်ဘာလ ၁ ရက်)နေ့တွင် ရဲနှင့်စစ်သား စတင် ပူးပေါင်းစစ်ဆေးမှုတင်းကြပ်လာပြီး လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်မချဘဲ ကြုံသလို စစ်ဆေးနေလျက်ရှိကြောင်း စစ်ဆေးခံရသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

UWSA (၃၁၈) တပ်မဟာမှူး ဈာပနသို့ ညီနောင်မဟာမိတ်ခေါင်းဆောင်များ တက်ရောက်

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မ(၃၁၈) တပ်မဟာမှူးဖြစ်သူ ပေါက်ရန်လုံ ၏ ဈာပန အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁ ရက်)တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသ မိုင်းမောမြို့နယ်ရှိ တပ်မ (၃၁၈) တပ်မဟာမှူးဖြစ်သူ ပေါက်ရန်လုံ၏...

တောင်ကြီး ဘုရားဖြူကန်ဘောင်ဘေးရှိ ဈေးသည်များကို စည်ပင်မှ ဖျက်သိမ်းခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ရေကန်ဟောင်းနားတစ်ဝိုက် ဈေးသည်များကို စည်ပင်မှ တဲဆောက်လုပ်ပြီး ရောင်းချခွင့်မပြုတော့ဘဲ ဖျက်သိမ်းခိုင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်များတွင်လည်း တောင်ကြီးမြို့ ဘုရားဖြူ ကန်ဘောင်ဈေးကို လမ်းပိတ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖျက်သိမ်းရန် အသိပေးခဲ့ပြီး ယခု ဩဂုတ်လ ၂၈ ရက်တွင်လည်း မြို့နယ်စည်ပင်ရုံးမှ ဘုရားဖြူကန်ဘောင်နံဘေးတွင်...

ကုမ္ပဏီမှ ပြောင်းမျိုးစေ့ လိမ်ညာရောင်းမှုကို ကြုံနေရ

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီ ကျေးရွာ အုပ်စုရှိ ပြောင်းစိုက်တောင်သူများကို ကုမ္ပဏီများက ပြောင်းမျိုးစေ့လိမ်ညာရောင်းချနေသဖြင့် အရှုံးပေါ် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မိုးရာသီအစ ဇွန်လိုင်လတွင် CP ကုမ္ပဏီနှင့် သြဘာ ကုမ္ပဏီမှ ရောင်းချသည့် ပြောင်းမျိုးစေ့ (၈၀၈)ကို တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာမှ တောင်သူများဝယ်ယူပြီး စိုက်ပျိုးခဲ့ရာ...

Latest news