၁၅ နှစ်ကြာ လူငယ်များနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် အင်းလေး ဖောင်းဒေးရှင်းတစ်ခု အပြီးသတ်ရပ်နား

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြိုနယ် အင်းလေးဒေသအတွင်း ၁၅ နှစ်ကြာ လူငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမျိုးစုများနှင့် ဒေသတွင်းထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ကိုင်နေခဲ့သော အင်းလေးဒေသအမွေအနှစ် ဖောင်ဒေးရှင်းလုပ်ငန်းများအား လာမည့် ဒီဇင်ဘာလ (၃၁)ရက်တွင် အပြီးသတ်ရပ်နားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းအား လက်ရှိကြုံတွေ့နေရသော နိုင်ငံ၏အကြပ်အတည်းများ၊ ကိုဗစ်ရောဂါ နောက်ဆက်တွဲအခြေအနေများကြောင့် ဆက်လက်ရပ်တည်နိုင်ရန် အခက်အခဲများစွာဖြစ်ပေါ်လာသောကြောင့် ရပ်နားလိုက်ရခြင်းဖြစ်ပြီး ဖြေရှင်းရန်ခက်ခဲသည့် အခြေအနေများကြောင့် ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ (၁၆) ရက်နေ့က ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာ Inle Heritage Foundation မှ ထုတ်ပြန်ကြေညာခဲ့သည်။

“စီးပွားရေးသပ်သပ်မဟုတ်ဘဲ အကျိုးအမြတ်မယူနဲ့ အဖွဲ့အစည်းတစ်ခုပါ၊ ပျောက်ကွယ်လုဖြစ်နေတဲ့ ဗမာကြောင်မျိုးရင်းလေးတွေကို ထိန်းသိမ်းတာတွေ၊ ရေဆိုးတွေသန့်စင်ပြီးမှ အင်းလေးကန်ထဲစွန့်ထုတ်တဲ့ နည်းစနစ်တွေ၊ ကောင်းမွန်တဲ့ စိုက်ပျိုးရေးနည်းစနစ်တွေကို ဝေမျှပေးနိုင်ခဲ့တာအတွက် ဂုဏ်ယူပြီး ဆက်မလုပ်နိုင်တော့တဲ့ အတွက် ဝမ်းနည်းမိပါတယ်” ဟု အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းတွင် လုပ်ကိုင်ခဲ့သည့် ဝန်ထမ်းအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

အင်းလေးအမွေအနှစ် ဖောင်ဒေးရှင်းမှ အင်းလေးကန်အတွင်းရှိ ရေအရည်အသွေးတိုင်းတာမှု ၁၈ မျိုးတို့အား နှစ်စဉ် အဆက်အပြတ်လေ့လာဆန်းစစ်ခဲ့ပြီး အင်းလေးဒေသတွင်းရှိ လူမှုအသိုက်အဝန်းများသိရှိစေရန် ပညာပေးလုပ်ငန်းများကိုလည်းလုပ်ကိုင်ခဲ့သည်။

အင်းလေးဒေသဖွင့်ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် အခြေခံအထက်တန်းစာမေးပွဲများတွင် ကျရှုံးခဲ့သည့် အဓိကအားဖြင့် ဘေးဖယ်ခြင်း၊ ချန်လှပ်ထားခြင်းခံရတော့မည့် လူငယ်များအတွက် အခွင့်အရေးတစ်ခုထပ်မံရရှိစေရန် ဟိုတယ်သက်မွေးမှုသင်တန်းကျောင်းအား ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၄ ခုနှစ်အထိ သင်တန်းကျောင်းမှ လူငယ် (၃၃၆) ဦးအား မွေးထုတ်ပေးနိုင်ခဲ့သည်။

“အဓိကကတော့ ဟိုတယ်သက်မွေးမှုသင်တန်းကျောင်းပေါ့၊ ဒေသတွင်းလူငယ်တွေမကပဲ တခြားဒေသက လူငယ်တွေကိုလည်း အကျိုးအမြတ်မယူပဲ သင်ကြားပေးတာဖြစ်တဲ့အတွက် အခုလိုပိတ်လိုက်ရတဲ့အတွက် သင်ကြားခွင့်မရှိတော့တာပေါ့” ဟု ၎င်း ဝန်ထမ်းအမျိုးသမီးကဆက်ပြောသည်။

အင်းလေးအမွေအနှစ် ဟိုတယ်သက်မွေးမှုသင်တန်းကောင်းသည် ရှမ်းပြည်ရှိ အမျိုးသားအဆင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့ အသိအမှတ်ပြုသင်တန်းဌာနတစ်ခုဖြစ်ခဲ့ပြီး ယခုကဲ့သို့ သင်တန်းကျောင်းပိတ်သိမ်းလိုက်ရသော်လည်း အခြားသင်တန်းကျောင်းများထပ်မံပေါ်ပေါက်လာရန် မျှော်လင့်ကြောင်း ၎င်းအမျိုးသမီးက ထပ်ဖြည့်ပြောကြားသည်။

၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှုများနှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုများကြောင့် မြန်မာနိုင်ငံတွင်း ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများအပေါ် သက်ရောက်မှုကြီးမားစွာကြုံတွေ့ခဲ့ရပြီး ထိုလုပ်ငန်းများအပေါ်မှီခိုနေရသော အင်းလေးဒေသအတွင်းတွင်လည်း ရိုက်ခတ်မှုကြီးမားခဲ့သည်။

ထို့အပြင်လူစွမ်းအားအရင်းအမြစ် လူငယ်များမှာလည်း စစ်မှုထမ်းဥပဒေ၏ခြိမ်းခြောက်မှုများကြောင့် ပြည်တွင်း၌ ရပ်တည်နိုင်ရန်အခက်အခဲများစွာကြုံတွေ့နေကြရသည်။

ပြီးခဲ့သည် စက်တင်ဘာအလတွင်းတိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီနောက်ဆက်တွဲများကြောင့်လည်း အင်းလေးဒေသတွင်း ရေမြင့်တက်မှုအား နှစ်လကျော်ကြာခံစားခဲ့ရပြီး အင်းလေးဒေသအတွင်းရှိ ပြည်သူများမှာ ပြန်လည်ထူထောင်နိုင်ရန် ကြိုးစားနေရဆဲဖြစ်သည်။

အလုပ်သင် သတင်းထောက် ယူဂျင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...