မူဆယ် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် တရုတ်ထုတ်ဘက်ထရီဆိုင်ကယ် ပိုမိုအသုံးပြုလာ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် စက်သုံးဆီဈေး အဆမတန် မြင့်တက်နေခြင်းကြောင့် ပြည်သူများ တရုတ်ထုတ် ဘက်ထရီဆိုင်ကယ်များကို ပိုမိုအသုံးပြုလာကြကြောင်း စုံစမ်းသိရသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့တွင် တရုတ်အာဏာပိုင်များမှ စက်သုံးဆီနှင့် စားသောက်ကုန်များကို မြန်မာဘက်သို့ သယ်ယူခွင့် ပိတ်ပင်လိုက်ပြီးနောက် ယမန်နှစ် နိုဝင်ဘာလခန့်မှ စတင်ပြီး စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာခဲ့သည်။

ထို့နောက် လျှပ်စစ်အားသွင်းပြီး အသုံးပြုရသည့် တရုတ်နိုင်ငံထုတ် ဘက်ထရီဆိုင်ကယ်များကို ပိုမိုအသုံးပြုလာကြကြောင်း ဒေသခံများက ပြောသည်။

“မူဆယ်၊ နမ့်ခမ်းမှာတော့ သုံးတာကြာပြီ၊ ၄ နာရီလောက် အားသွင်းရင် ၄/၅ ရက်လောက် သုံးလို့ ရတယ်။ ဓာတ်ဆီဈေးတက်တော့ လျှပ်စစ်ဆိုင်ကယ် ပိုသုံးလာကြတယ်။ ပစ္စည်းတင်တာတော့ အခု သိပ်မရှိတော့ဘူး။ ကလေး ကျောင်းကြိုပို့လုပ်တာ၊ မူဆယ်၊ နမ့်ခမ်း ပစ္စည်းပို့တာလောက် သုံးကြတာပေါ့။ အဝေးသုံးကတော့ နည်းတယ်”ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မူဆယ်မြို့၌ စက်သုံးဆီ တစ်လီတာလျှင် မြန်မာကျပ်ငွေ ရှစ်ထောင်မှ တစ်သောင်းဝန်းကျင်အထိ ပေးဝယ်နေရခြင်းကြောင့် ဘက်ထရီဆိုင်ကယ်များကို ပိုမိုအသုံးပြုလာခြင်းဖြစ်ကြောင်း ၎င်းအမျိုးသားက ပြောဆိုသည်။

တရုတ်ထုတ်ဘက်ထရီဆိုင်ကယ်

တရုတ်နိုင်ငံဘက်မှ မူဆယ်မြို့သို့ ဝင်ရောက်လာသည့် လျှပ်စစ်ဓာတ်အားသွင်း ဘက်ထရီဆိုင်ကယ်များမှာ တရုတ်ယွမ်ငွေ ၂၅၀၀ မှ ၄၀၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၁၅ သိန်းမှ ၂၅ သိန်း) အထိ ပေါက်ဈေးရှိကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

“အရင်က ကျယ်ဂေါင်ဘက်နေ ဆိုင်ကယ်နဲ့ ပစ္စည်းထုတ်ကြတာ လျှစ်စစ်ဘီးနဲ့ပဲ၊ နောက်ပိုင်း လိုင်စင်ရှိတဲ့ ဆိုင်ကယ်ပဲ ပေးဝင်မယ်ဆိုတော့ ကုန်မတင်ရတော့ဘူး။ ပုံမှန်ကတော့ ဘက်ထရီဘီးနဲ့ပဲ ကုန်သယ်လာတာ၊ မူဆယ်-ကျယ်ဂေါင်က အဝေးကြီး မဟုတ်တော့လေ။ ကချင်ပြည်နယ်ဘက်ကို ဆိုင်ကယ်အစီးလိုက် ရောင်းနေတာလည်း ရှိတယ်”ဟု မူဆယ်မြို့မှ တပိုင်တနိုင် ကုန်သယ်ယူနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် မူဆယ်မြို့မှ ၎င်းဘက်ထရီဆိုင်ကယ်များကို ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်းမြို့များအထိ ဆက်လက်သယ်ဆောင် ရောင်းချနေကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်မှ စတင်ပြီး မူဆယ်မြို့ပေါ်ရှိ တရားဝင် လိုင်စင်ရယူထားသည့် ကိုယ်ပိုင်လုပ်ငန်းများ အသုံးပြုရန်နှင့် ကညနတွင် မှတ်ပုံတင်ထားသည့် ကား၊ ဆိုင်ကယ်များကို သတ်မှတ်ဆီဂါလန်အတိုင်း ခွင့်ပြုရန် စက်သုံးဆီ ဝယ်ယူခွင့်မှတ်တမ်းစာအုပ်ကို လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်နှင့်တကွ စစ်ကောင်စီထံ လျှောက်ထားပြီးမှ ခွင့်ပြုသလောက်သာ ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။

အလားတူ မူဆယ်မြို့နယ်အတွင်း မီးဖိုချောင်သုံး အသီးအနှံများ၊ အသားနှင့် ငါးများကို ခွင့်ပြုမိန့်ရသည့် ကားနှင့် ဆိုင်ကယ်များသာ သယ်ယူနိုင်မည်ဖြစ်ပြီး အခြားလူသုံးကုန် ပစ္စည်းများကို တင်ဆောင်ခွင့် မပြုကြောင်း ဆင်ဖြူစစ်ဆေးရေးဂိတ်မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...