စစ်ကောင်စီလက်အောက်ခံဌာနများ တာချီလိတ်မြို့ ကားပြခန်းထဲအထိ လိုင်စင်မဲ့ကား ဖမ်းဆီးနေ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့က လိုင်စင်မဲ့ကားများကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

သျှမ်းပြည်အ‌ရှေ့ပိုင်း တာချီလိတ်မြို့ရှိ ကားအရောင်းပြခန်း Car Showroom များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်၍ ကျိုင်းတုံမြို့မှ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့က ကားလိုင်စင်များကို နေ့စဉ် ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ကားပွဲစားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားတွေကို ဒီလ သူတို့ စီမံချက်ထုတ်ပြီးတော့ စဖမ်းနေတော့။ ဆိုင်တွေထဲထိ လိုက်စစ်ပြီးတော့ကို ဖမ်းနေတာ။ ကျိုင်းတုံက ဌာနဆိုင်ရာတွေက သွားဖမ်းတာလေ။ ကျနော်တို့က အရောင်းအဝယ်တွေ ပိတ်ထားရတယ်။ အကုန်လုံးနီးပါးပဲ၊ ဘယ်သူမှတောင် မဖွင့်ရဲဘူး ပိတ်ထားကြတာ”ဟု ၎င်းကားပွဲစားက ပြောသည်။

တာချီလိတ်မြို့အတွင်းရှိ ကားအရောင်းအဝယ် ပြုလုပ်နေသည့် အရောင်းပြခန်း ဆိုင်ကြီးများ၊ ကားပွဲစားတန်းများ၊ အထောက်အထားနှင့် လုပ်ငန်းလိုင်စင် မရှိသည့် နေရာများကို အဓိကထား၍ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် လမ်းပေါ်တွင် သွားလာနေသည့် ကားများ၊ နေအိမ်အတွင်းရှိ ကားများလည်း လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“မနေ့က ၄/၅ ဆိုင်လောက် ဝင်ဖမ်းပြီး သိမ်းသွားတယ်။ တချို့က ကားကို အိမ်မှာတောင် မထားရဲကြဘူး၊ အိမ်ထဲထိ လာစစ်ပြီး သိမ်းနေတာခုက။ ဆိုင်ကြီးတွေ၊ ကားပွဲစားတန်းတွေ၊ အထောက်အထားမဲ့ ကားတွေကို လိုက်ဖမ်းတာပေါ့။ လုပ်ငန်းလိုင်စင် မရှိတဲ့ ဆိုင်တွေမှာလည်း လိုက်ဖမ်းတယ်၊ သူတို့ ဖြေးဖြေးချင်း သိမ်းနေတာပေါ့။ လမ်းပေါ်တွေမှာလည်း စဖမ်းတာမျိုးတော့ ရှိလာပြီ”ဟု ၎င်းတာချီလိတ်မြို့ ဒေသခံ အမျိုးသားက ပြောသည်။

လိုင်စင်မဲ့ကားဖမ်းဆီး

လက်ရှိတွင်ဖမ်းဆီးထိန်းသိမ်းထားသည့် ကားများကို ပြန်ရွေးယူရန် မပြောဆိုသေးသော်လည်း၊ မြို့အတွင်း၌ သွားလာနေသည့် ကား ၈၀ ရာခိုင်နှုန်းသည် လိုင်စင်မဲ့ကားများဖြစ်ကြောင်း ၎င်းက ဆက်ဆိုသည်။

တာချီလိတ်မြို့တွင် ဒုစရိုက်သမား ပေါများမှု အခြေအနေကြောင့် ကားစီး၍ သွားလာခြင်းသည် ပို၍ လုံခြုံပြီး လုယက်မှု၊ ဓားပြတိုက်ခံရမှုများလည်း ကာကွယ်နိုင်ကြောင်း တာချီလိတ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ဆက်ဆိုသည်။

“ကားစီးတာနဲ့ ဆိုင်ကယ်စီးတာနဲ့ ကွာတယ်။ ကျနော်လည်း ဆိုင်ကယ် ၄ စီးလောက်ရှိပြီ ပျောက်တာ လုခံရတာ။ တာချီလိတ်မှာ ဆိုင်ကယ်စီးရတာလည်း ည ၉ နာရီ လူပြတ်တဲ့ နေရာတွေ ရောက်နေရင် ကြောက်နေရတယ်။ ဆိုင်ကယ်နဲ့ကလည်း စိုးရိမ်ရတာ မိန်းကလေးတွေအတွက်ဆို ပိုဆိုး။ ကားစီးတာက ပိုပြီးတော့ လုံခြုံမှုရှိတာပေါ့”ဟု ၎င်းအမျိုးသားက ပြောသည်။

လိုင်စင်မဲ့ကားများ လိုက်လံဖမ်းစီးနေသည့် ရဲတပ်ဖွဲ့သည့် တာချီလိတ်ရဲတပ်ဖွဲ့မှ ဦးဆောင်ခြင်း မဟုတ်ဘဲ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်၏ ညွှန်ကြားမှုဖြင့် ကျိုင်းတုံအခြေစိုက် ရဲတပ်ဖွဲ့က အဓိက ဦးဆောင်ကာ တာချီလိတ်မြို့ပေါ် ရပ်ကွက်အလိုက် လိုက်လံစစ်ဆေး ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခုတစ်ကြိမ် လိုင်စင်မဲ့ကားများကို ဖမ်းဆီးခြင်းသည် ကြိုတင် သတိပေး လုပ်ဆောင်ခြင်းမရှိဘဲ ရုတ်တရက် ဖမ်းဆီးခြင်းဖြစ်သည်။

လိုင်စင်မဲ့ကားများကို ဂျပန်နိုင်ငံမှ တစ်ဆင့် လေလံ မှာယူကြသကဲ့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်မှ တစ်ဆင့် ချင်းဆယ်ဆိပ်ကမ်းမှ မဲခေါင်မြစ်ကို ဖြတ်ကူးပြီး မြန်မာဘက်ကမ်းရှိ ဦးဇွဲဆိပ်ကမ်း၊ ဟုန်ပန်းဆိပ်ကမ်းနှင့် အခြားဆိပ်ကမ်းတို့တွင် တင်သွင်းကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...

တာချီလိတ် ကျားဖြန့်တွင် ရောင်းစားခံရသည့် ရုရှားသူ ထွက်ပြေးလွှတ်မြောက်လာ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းတနေရာတွင် အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူတစ်ဉီး ရောင်းစားခံရပြီး  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။  အဆိုပါ ရုရှားနိုင်ငံသူသည် ယမန်နေ့ (ဩဂုတ်လ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိလာပြီး ထိုင်းအာဏာပိုင်များက မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ရုရှားနိုင်ငံသူသည် အလုပ်လုပ်ကိုင်ရန် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ ရန်ကုန်၊ မန္တလေးမြို့များ မှတစ်ဆင့် တာချီလိတ်မြို့ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များထုတ်ပြန်ချက်အရသိရသည်။  သူမ၏ ထွက်ဆိုချက်အရ သွားရောက်ခဲ့သည့် နေရာများတွင် ရိုက်နှက်ခံခဲ့ရပြီးနောက် တာချီလိတ်မြို့ဘက်မှ မြစ်ဖြတ်၍ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ကာ လက်နှင့် ခြေထောက်များတွင်လည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။​ လက်ရှိတွင် ရုရှားနိုင်ငံသူသည် ကြောက်ရွံ့ထိတ်လန့်နေဆဲဖြစ်ပြီး မည်သူများနှင့် မည်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ရသည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ ထိုင်းရဲတပ်ဖွဲ့က ကနဦးစုံစမ်းချက်အရ Call Center သို့မဟုတ် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လိမ်လည်ခေါ်ဆောင်ခံရပြီး အတင်းအကျပ် အလုပ်ခိုင်းစေခံရနိုင်ကြောင်း ယူဆထားသည်။ သျှမ်းပြည်အရှေ့ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသားများ ပါဝင်လုပ်ကိုင်နေခြင်းသည်ပုံမှန်ဖြစ်ပြီး လာအို နှင့် ဗီယက်နမ်နိုင်ငံသားများ ပါဝင်မှုမှာ အနည်းစုသာရှိကြောင်း ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျားဖြန့်အလုပ်မှာတော့ တရုတ်နဲ့ မြန်မာလူတွေရှိတာက ပုံမှန်ပါပဲ။ လာအိုနဲ့ ဗီယက်နမ်လူမျိုးက အနည်းစုပါ။အခုကရုရှားအမျိုးသမီးတစ်ယောက်ဆိုတာကတော့ ထူးဆန်းတယ်” ဟု ၎င်းက ပြောသည်။ ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်သူများအနေဖြင့် သတ်မှတ်ထားသည့် အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပါကရိုက်နှက်ခံရမှု မရှိသော်လည်း အလုပ်တာဝန်ကို မလုပ်ဆောင်နိုင်လျှင် လစာဖြတ်တောက်ခြင်း နှင့် ရိုက်နှက်ခြင်းများ ရှိနိုင်ကြောင်း အဆိုပါ လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ဖူးသူက ဆက်ပြောသည်။ “ကျနော်တို့ကြုံခဲ့သလိုဆို အဖွဲ့လိုက် အလုပ်သွားလုပ်တဲ့လူတွေက ကောင်းကောင်းလုပ်နိုင်ရင် အရိုက်မခံရဘူး။သေချာအလုပ်မလုပ်ပေးနိုင်ရင် လစာဖြတ်တာ၊ ရိုက်နက်တာတော့ ရှိမယ်။ အခု အဲဒီအမျိုးသမီး ထွက်ဆိုထားပုံအရဆိုရောင်းစားခံရတာဖြစ်ဖို့ များတယ်။ရောင်းစားခံရတဲ့လူတွေက သူတို့က အလုပ်ခိုင်းလို့ သေချာမလုပ်ပေးနိုင်ရင် ကြိုက်သလို နှိပ်စက်တာလေ။” ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်ထိ သျှမ်းပြည် ရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အွန်လိုင်း(ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ်လုပ်ကိုင်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။ အလားတူ ၂၀၂၆...

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...