ညောင်ရွှေ ကြံစိုက်သူများ စစ်ကောင်စီကို ငွေပေးမှသာလျှင် ခုတ်ပြီးသားအပင်များ မီးရှို့ခွင့်ပြုမည်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်း ခုတ်ပြီးသားကြံပင်များအား မီးရှို့ခွင့်မပြုသည့်အတွက် ကြံစိုက်တောင်သူများ နောက်တကြိမ်စိုက်ပျိုးရန် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီလ ပထမပတ်အတွင်း ညောင်ရွှေမြို့နယ်အတွင်းရှိ ကြံပင်စိုက်ပျိုးသည့် ကျေးရွာများမှ ကြံစိုက်တောင်သူများအား ခုတ်ပြီးသားကြံပင်များအား မီးရှို့ခြင်းမပြုလုပ်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခေါ်ယူသတိပေးစာထုတ်ထားကြောင်း လိုက်နာခြင်းမရှိပါက အရေးယူခံရမည်ဟု သတိပေးထားကြောင်း သိရသည်။

“မီးမရှို့ခိုင်းတဲ့အချက်ထဲမှာ ရှို့လိုက်တဲ့ မီးခိုးတွေ ထိုင်းကိုရောက်သွားတာကြောင့်လို့လည်းပါတယ်၊ ၊ ခုတ်ပြီးသားကြံတွေကိုမီးမရှို့ပဲထားရင် နောက်စိုက်ဖို့လည်းခက်တယ်၊ ကြံပင်ထွက်လာရင် အပင်မကောင်းတော့ဘူး” ဟု ကြံစိုက်တောင်သူတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

မိုးကုန်ပြီးကာလမှ မတ်လအထိသည် ကြံခုတ်သည့်ကာလဖြစ်ပြီး ခုတ်ပြီးသားကြံများအား မီးရှို့ခြင်းဖြင့် နောက်တကြိမ်ထပ်မံစိုက်ပျိုးရန် မြေများကိုရှင်းလင်းလေ့ရှိကြသည်။

ထိုသို့မီးရှို့ခြင်းသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်နိုင်သည့်အတွက် ယခုကဲ့သို့ မီးမရှို့ခိုင်းခြင်းဖြစ်ကြောင်း လည်း သိရသည်။

ညောင်ရွှေ ကြံစိုက်ခင်း

“မီးလုံးဝမရှို့ရဘူးလို့သတိပေးထားတယ်၊ ခုကြံစိုက်တဲ့သူတွေ တစ်ယောက်မှ မီးမရှို့ရဲသေးဘူး၊ ကြံပင်တွေလည်း ခုတ်လက်စပဲရှိသေးတာ၊ ရှို့ချင်ရင်တော့ တစ်ဧက ဘယ်လောက်ဆိုပြီး ငွေကောက်မယ်လို့ကြားတယ်၊ ဘယ်လောက်ကောက်မယ်ဆိုတာတော့ မသိရသေးဘူး” ဟု မြို့ခံတစ်ဦးကပြောသည်။

ညောင်ရွှေမြို့နယ်အတွင်း ကြံစိုက်ပျိုးသည့် တောင်သူများစွာရှိပြီး ကြံများခုတ်ပြီးပါက မီးရှို့ခြင်းဖြင့်သာ ခြံများကို ကုန်ကျစားရိတ်သက်သက်သာသာဖြင့် ရှင်းလင်းကြပြီး အခြားနည်းလမ်းများအား အသုံးပြုရန်ခက်ခဲကြောင်း တောင်သူများကပြောသည်။

ပြီးခဲ့သည့်၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သည့် “မြူကင်းစင်သော ကောင်းကင်” စီမံချက်ထုတ်ပြန်ကြေညာပြီးနောက် မြန်မာ-ထိုင်း-လာအို (၃) နိုင်ငံနယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာအား ပူးပေါင်းဖြေရှင်းရန်အတွက် စစ်ကောင်စီမှ တောင်ယာမီးရှို့မှုများကို တားဆီးလာခြင်းဖြစ်နိုင်ကြောင်းလည်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...