Wednesday, April 24, 2024

CATEGORY

Covid-19

နောင်ချိုတွင် ကိုဗစ်-၁၉ တဦးတိုး၊ ဆရာဝန် မလုံလောက်

သျှမ်းမြောက် နောင်ချိုဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးထပ်မံတိုးလာပြီး၊ ဆရာဝန်လုံးလောက်မှု မရှိကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် ခြေမြစ်ပင်စစ်ဆေးရေးဂိတ်တွင် မန္တလေးမှ ပြန်လာသည့် သူတဦးထံ ယနေ့ (နိုဝင်ဘာ ၂၇)ရက်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး၊ နောင်ချို ပြည်သူ့ဆေးရုံတွင် ယခုဆေးကုသခံယူနေသည့် ကိုဗစ်-၁၉ လူနာ ၁၂ဦးရှိပြီး၊ ထိုထဲတွင်...

တာချီလိတ်မြို့ ကိုဗစ်-၁၉ အတည်ပြုလူနာ နှင့် ထိတွေ့သူ ၄ ဦးထံ ပိုးထပ်တွေ့

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ကိုဗစ် -၁၉ အတည်ပြုလူနာနှင့်ထိတွေ့သူ ၄ ဦး ပိုးထပ် တွေ့ရှိ ကြောင်း စုံစမ်းသိရ သည်။ ယနေ့ (နိုဝင်ဘာ ၂၇) တွင် တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့သူ(၇)ဦးကို RDT ဖြင့်စစ်ဆေးရာ ၄ ဦး ကိုဗစ်-၁၉ ထပ်တွေ့ရှိခဲ့ကြောင်း၊...

ကျိုင်းတုံ တွင် အသက် (၈)နှစ် ကလေးတဦးထံ ကိုဗစ်-၁၉ တွေ့

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တာချီလိတ်မြို့မှ ပိုးတေ့ွလူနာနှင့် ထိတွေ့ခဲ့သည့် အသက် (၈)နှစ် အရွယ် ကလေး တဦးထံတွင် ကိုဗစ် -၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တာချီလိတ်က ကိုဗစ် -၁၉ ပိုးတွေ့အတည်ပြုလူနာသည် ကျိုင်တုံမြို့တည်းခိုခန်းတွင် တစ်ညတည်းခဲ့ပြီး၊ ယနေ့ (နိုဝင်ဘာ ၂၆...

သျှမ်း/တောင် ခရီးသည် တချို့စည်းကမ်းချိုးဖောက်မှုကြောင့် ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေရ

သျှမ်းပြည်တောင်ပိုင်းသို့ ဝင်လာသည့် ခရီးသည်တချို့ ကျန်းမာရေးမှထုတ်ထားသည့် စည်းကမ်းချိုးဖောက်မှုကြောင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာရခြင်းဖြစ်ကြောင်း သျှမ်းတောင် ကျန်းမာရေး ဌာနက ပြောဆိုလိုက်သည်။ လက်ရှိ သျှမ်းပြည်တောင်ပိုင်း တွင် နေ့စဉ်နဲ့အမျှ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်လာကြောင်း၊ ထိုကူးစက်မှုနှုန်း မြင့်တက် ရခြင်းသည် ရန်ကုန်မှ ပြန်လာသည့်သူများ၊ ကုန်းကားသမားများ ကျန်းမာရေး စည်းကမ်းချိုးဖောက်မှုကြောင့်ဖြစ်လာရသည့်...

တောင်ကြီး ဂိမ်းဆိုင် အဆက်မှ ကိုဗစ် ၁၉ (၂)ဦးထပ်မံတွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် တွင် ယနေ့ နိုဝင်ဘာ ၂၅ တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာ(၂) ထက်မံ တွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါပိုးတွေ့လူနာသည် နိုဝင်ဘာ ၁၇ ရက် တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာခဲ့သည် အမျိုးသားနှင့် ဆက်စပ်သူဖြစ်ကြောင်း သျှမ်းပြည် ပြည်သူ့ကျန်းမာရေး...

တာချီလိတ်ဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၂ ဦးဆေးကုသခံယူနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၂) ဦးရှိကြောင်း စုံစမ်း သိရှိ ရသည်။ အဆိုပါ အတည်ပြု လူနာ (၂) ဉီးသည် ပဲခူးတိုင်းဒေသကြီးမှ လာသည့် လမ်းလုပ်သားများဖြစ်ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ပဲခူးကလာတဲ့ လမ်းလုပ်သား...

သျှမ်းပြည်တွင် ကိုဗစ် ၁၉ မြင့်တက်သော်လည်း စည်းကမ်းလိုက်နာမှုနည်းပါး

သျှမ်းပြည်တွင် ကိုဗစ် ၁၉ ကူးစက်မှုနှုန်း တက်လာသော်လည်း ဒေသခံ ပြည်သူအများစုသည် ယနေ့ချိန်ထိ ကျန်းမာရေးစည်းကမ်းလိုက်နာမှု အားနည်းနေဆဲ ဟု ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ဆောင်နေသူများက ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် မနေ့ နိုဝင်ဘာ (၂၃) ည ၈ နာရီ ကျန်းမားရေးနှင့်အားကစားဝန်းကြီးဌာနထုတ်ပြန်ချက် အရ ကိုဗစ်...

တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၂၁ဦးရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ(၂၁) ဦး ဆေးကုသမှု ခံယူနေကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၂၄) ရက် နေ့လည် ၁ နာရီထိ စဝ်စံထွန်းဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂၁ ဦး ရှိကြောင်း စဝ်စံထွန်းဆေးရုံ မှ...

နောင်ချိုမြို့တွင် ကိုဗစ် ၁၉ လူနာ ၁၆ဦးရှိ၊ လူနာ ဆက်တိုးလာပါက ဆေးရုံအခက်အခဲရှိနိုင်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၁၆ဦး ရှိလာသဖြင့် ဆေးရုံတွင် အခက်အခဲများ စတင်ကြုံတွေ့နေရပြီးဖြစ်ကြောင်း စုံစမ်းသိရသည်။ နောင်ချို့မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ နေ့စဉ် တိုးလာပြီး ကျန်းမားရေးဝန်ထမ်း နှင့် ကိုဗစ်-၁၉ လူနာထားမည့် အဆောက်အဦး မလုံလောက်မှုများကို ကြုံနေရပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉...

သျှမ်း/တောင် ကိုဗစ်-၁၉ ဆေးကုသခံနေသူ ၇၃ဦးရှိ

သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၇၃) ဦး ဆေးကုသမှု ခံယူနေကြောင်း သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူး ထံမှ စုံစမ်းသိရှိရသည်။ Photo by SHAN နိုဝင်ဘာ (၂၂) ရက်နေ့ထိ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၂၂၇) ဦးရှိပြီး...

Latest news