Wednesday, January 28, 2026

နောင်ချိုတွင် ကိုဗစ်-၁၉ တဦးတိုး၊ ဆရာဝန် မလုံလောက်

သျှမ်းမြောက် နောင်ချိုဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးထပ်မံတိုးလာပြီး၊ ဆရာဝန်လုံးလောက်မှု မရှိကြောင်း စုံစမ်းသိရသည်။

Myat Moe Aung/ Facebook

နောင်ချိုမြို့နယ် ခြေမြစ်ပင်စစ်ဆေးရေးဂိတ်တွင် မန္တလေးမှ ပြန်လာသည့် သူတဦးထံ ယနေ့ (နိုဝင်ဘာ ၂၇)ရက်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး၊ နောင်ချို ပြည်သူ့ဆေးရုံတွင် ယခုဆေးကုသခံယူနေသည့် ကိုဗစ်-၁၉ လူနာ ၁၂ဦးရှိပြီး၊ ထိုထဲတွင် နောင်ချိုဒေသခံ ၄ဦး ပါဝင်ကြောင်း သိရသည်။

လက်ရှိမှာ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ လူနာများလာသည့်အတွက် လူနာကိုကုသပေးရန် ဆရာဝန် အင်အားလုံးလောက်မှုမရှိကြောင်းလည်း နောင်ချို့ ပြည်သူ့ကျန်းမာရေး ဒေါက်တာ နိုင်ဝင်းအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဆရာဝန်ကတော့ နဂိုတည်းကမလုံလောက်တာပါ။ အခက်ခဲကတော့ အများကြီးရှိတာပေါ့။ ဒီမှာက ၂ ယောက်ဘဲရှိတော့ အဆင်မပြေဘူးလေ” ဟု ပြည်သူကျန်းမားရေး ဒေါက်တာနိုင်ဝင်အောင် ကပြောသည်။

နောင်ချိုမြို့နယ် အမှတ်(၁) အထက်တန်းကျောင်းတွင် Quarantine center အဖြစ်ထားရှိပြီး၊ ကိုဗစ်-၁၉ Positive center ကို အ.မ.က (၂) တွင်သီးသန့်ထားရှိကြောင်း နောင်ချို့မြို့နယ် positive ဗဟိုလုပ်မှူဆောင် ကိုထွန်းနိုင် ကပြောသည်။

ယနေ့ ခြေမြစ်ပင် စစ်ဆေးရေး ဂိတ်တွင်တွေ့ရှိသည့် Positive လူနာနှင့် ထိတွေ့သူ ၅ဦးရှိကြောင်း ကိုထွန်းနိုင် က ပြောသည်။

မြန်မာတဝှမ်းတွင် ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၈၅၂၀၅) ဦးရှိပြီး၊ သေဆုံးသူ (၁၈၄၆)ဦးထိရှိကြောင်းပြီး၊ သျှမ်းပြည်တဝှမ်းတွင် သျှမ်းပြည်တဝှမ်း ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၃၆၀)ဦးထိရှိလာပြီးဖြစ်ပြီး၊ ယခုရက်ပိုင်းနေ့စဉ် ပိုးတွေ့လူနာ မြင့်တက်လာသကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံး

0
သျှမ်းပြည် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဗုံးမှန်ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး ရောဂါအခံဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တိန်ရွာနေ အသက်...

နောင်ချို နေရပ်ပြန်စစ်ရှောင်များကို အိမ်ထောင်စုစာရင်းစစ်ဆေးပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးနေ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်ပြန်စစ်ဘေးရှောင်များ၏ နေအိမ်များကို စစ်ကော်မရှင်တပ်က ညအချိန်မတော် သန်းခေါင်စာရင်း စစ်ဆေးကာ လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် တောင်ဘက်ခြမ်းရှိ ကံကြီး၊ ဉာဏ်တော်၊ နောင်တော၊ ရွှေမုဋ္ဌော၊ အင်းဖို၊ မဲပုတ်နှင့်...

စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှုကြောင့် နောင်ချိုစစ်ရှောင် ၄၀ ကျော်သေဆုံးဒဏ်ရာရ

0
ယနေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်း လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ခိုက်ခံရခြင်းကြောင့် နောင်ချိုစစ်ဘေးရှောင် (၄၀) ကျော် သေဆုံးဒဏ်ရာရခဲ့ကြောင်း...