နောင်ချိုတွင် ကိုဗစ်-၁၉ တဦးတိုး၊ ဆရာဝန် မလုံလောက်

သျှမ်းမြောက် နောင်ချိုဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးထပ်မံတိုးလာပြီး၊ ဆရာဝန်လုံးလောက်မှု မရှိကြောင်း စုံစမ်းသိရသည်။

Myat Moe Aung/ Facebook

နောင်ချိုမြို့နယ် ခြေမြစ်ပင်စစ်ဆေးရေးဂိတ်တွင် မန္တလေးမှ ပြန်လာသည့် သူတဦးထံ ယနေ့ (နိုဝင်ဘာ ၂၇)ရက်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး၊ နောင်ချို ပြည်သူ့ဆေးရုံတွင် ယခုဆေးကုသခံယူနေသည့် ကိုဗစ်-၁၉ လူနာ ၁၂ဦးရှိပြီး၊ ထိုထဲတွင် နောင်ချိုဒေသခံ ၄ဦး ပါဝင်ကြောင်း သိရသည်။

လက်ရှိမှာ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ လူနာများလာသည့်အတွက် လူနာကိုကုသပေးရန် ဆရာဝန် အင်အားလုံးလောက်မှုမရှိကြောင်းလည်း နောင်ချို့ ပြည်သူ့ကျန်းမာရေး ဒေါက်တာ နိုင်ဝင်းအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဆရာဝန်ကတော့ နဂိုတည်းကမလုံလောက်တာပါ။ အခက်ခဲကတော့ အများကြီးရှိတာပေါ့။ ဒီမှာက ၂ ယောက်ဘဲရှိတော့ အဆင်မပြေဘူးလေ” ဟု ပြည်သူကျန်းမားရေး ဒေါက်တာနိုင်ဝင်အောင် ကပြောသည်။

နောင်ချိုမြို့နယ် အမှတ်(၁) အထက်တန်းကျောင်းတွင် Quarantine center အဖြစ်ထားရှိပြီး၊ ကိုဗစ်-၁၉ Positive center ကို အ.မ.က (၂) တွင်သီးသန့်ထားရှိကြောင်း နောင်ချို့မြို့နယ် positive ဗဟိုလုပ်မှူဆောင် ကိုထွန်းနိုင် ကပြောသည်။

ယနေ့ ခြေမြစ်ပင် စစ်ဆေးရေး ဂိတ်တွင်တွေ့ရှိသည့် Positive လူနာနှင့် ထိတွေ့သူ ၅ဦးရှိကြောင်း ကိုထွန်းနိုင် က ပြောသည်။

မြန်မာတဝှမ်းတွင် ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၈၅၂၀၅) ဦးရှိပြီး၊ သေဆုံးသူ (၁၈၄၆)ဦးထိရှိကြောင်းပြီး၊ သျှမ်းပြည်တဝှမ်းတွင် သျှမ်းပြည်တဝှမ်း ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၃၆၀)ဦးထိရှိလာပြီးဖြစ်ပြီး၊ ယခုရက်ပိုင်းနေ့စဉ် ပိုးတွေ့လူနာ မြင့်တက်လာသကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

နောင်ချိုဒေသခံ အမျိုးသမီး ၃ ဦး မိုင်းနင်းမိ ဒဏ်ရာရ၊ ကြံခုတ်ရာသီ မြေမြှုပ်မိုင်းအန္တရာယ် စိုးရိမ်

0
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် ကြံသွားခုတ်သည့် အမျိုးသမီး ၃ ဦးသည် မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် ကုန်းစံကျေးရွာဘက်ရှိ ကြံခင်းတစ်ခုတွင် ကြိုးဖြင့်ထောင်ထားသည့် မြေမြှုပ်မိုင်းကို ထိခိုက်မိခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ကာ နေ့စားလိုက်...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံး

0
သျှမ်းပြည် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဗုံးမှန်ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး ရောဂါအခံဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တိန်ရွာနေ အသက်...