Saturday, April 27, 2024

တာချီလိတ်ဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၂ ဦးဆေးကုသခံယူနေ

Must read

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၂) ဦးရှိကြောင်း စုံစမ်း သိရှိ ရသည်။

အဆိုပါ အတည်ပြု လူနာ (၂) ဉီးသည် ပဲခူးတိုင်းဒေသကြီးမှ လာသည့် လမ်းလုပ်သားများဖြစ်ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ပဲခူးကလာတဲ့ လမ်းလုပ်သား (၄၆)ဦး ကို စစ်ဆေးတာ ၂ ဦးမှာရောဂါပိုးတွေ့တယ် ။ တစ်ယောက် က ၂၂ ရက်နေ့မှာတွေ့တယ်။ နောက်တယောက်က ဒီနေ့မှ တွေ့တာပါ” ဟု ဦးချမ်းမြေ့စော က ပြောသည်။

ထို အတည်ပြု လူနာ (၂) ဉီးအနက် တစ်ဦးမှ နှစ်ကြိမ် ဆေးစစ်မှ ကိုဗစ် ပိုးတွေ့ရှိကြောင်း သိရသည်။

လက်ရှိ တာချီလိတ် ခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ကပြောသည်။

မတ်လ (၃၀) ရက်မှ နိုဝင်ဘာ (၂၄) ရက်ထိ သျှမ်းပြည် တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း(၃၂၅) ဦးရှိပြီဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်အရှေ့ပိုင်း (၁၂) ဦး၊ သျှမ်းပြည်တောင်ပိုင်း (၂၃၇) ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း (၇၆) ဦး ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article