Wednesday, January 28, 2026

တာချီလိတ်မြို့ ကိုဗစ်-၁၉ အတည်ပြုလူနာ နှင့် ထိတွေ့သူ ၄ ဦးထံ ပိုးထပ်တွေ့

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ကိုဗစ် -၁၉ အတည်ပြုလူနာနှင့်ထိတွေ့သူ ၄ ဦး ပိုးထပ် တွေ့ရှိ ကြောင်း စုံစမ်းသိရ သည်။

ယနေ့ (နိုဝင်ဘာ ၂၇) တွင် တာချီလိတ်မြို့မှ အတည်ပြုလူနာနှင့် ထိတွေ့သူ(၇)ဦးကို RDT ဖြင့်စစ်ဆေးရာ ၄ ဦး ကိုဗစ်-၁၉ ထပ်တွေ့ရှိခဲ့ကြောင်း၊ ထိုတွေ့ရှိသူ ၄ ဦးမှာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်ကြောင်း သျှမ်းပြည်နယ်အရှေ့ပိုင်း ကျန်းမားရေးဦးစီးဌာန ၏ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်) ဒေါက်တာလင်းထွဋ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုပိုးတွေ့သူများသည် တာချီလိတ် ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီး နှင့်အတူ ကျိုင်တုံမြို့တို့ သွားရောက် လည်ပတ်ခဲ့သူများ ဖြစ်ကြောင်းသိရသည်။

“ သူတို့က ကျိုင်းတုံကိုအတူလိုက်သွားလည်တဲ့သူတွေဖြစ်ကြတယ်။ ၄ယောက်တွေ့တာပါ။ သူက တာချီလိတ် ဟိုတယ်တစ်ခုမှာအလုပ်လုပ်တယ်လို့တော့သိရတယ်” ဟု ဒေါက်တာလင်းထွဋ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တာချီလိတ်မှ ပိုးတွေ့လူနာသည် ဟိုတယ်တစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်နေ့က အလုပ်ထွက်ခဲ့ပြီး ၎င်းနှင့် ထိတွေ့သူ ဟိုတယ်ဝန်းထမ်းများ (၁၇ )ဦးရှိပြီး၊ ထိုသူများကို အသွားလာ ကန့်သတ်ထားကြောင်း၊ ၎င်းတို့ကို နိုဝင်ဘာ ၂၈ တွင် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဒေါက်တာလင်းထွဋ်ဦးက ပြောသည်။

ယခုရက်ပိုင်း သျှမ်းပြည်နယ်တစ်ဝှမ်းတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ နေ့စဉ်နှင့် အမျှ တွေ့ရှိနေရပြီး ဆရာဝန်များက အပြင်ထွက်တိုင်း Mask(နှာခေါင်းစည်း) များကို စနစ်တကျ တပ်ပေးကြရန် အကြုံပြုခဲ့ကြကြောင်းသိရသည်။

မြန်မာတဝှမ်းတွင် ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၈၅၂၀၅) ဦးရှိပြီး၊ သေဆုံးသူ (၁၈၄၆)ဦးထိရှိပြီး၊ သျှမ်းပြည်တဝှမ်းတွင် သျှမ်းပြည်တဝှမ်း ကိုဗစ်-၁၉ လူနာ စုစုပေါင်း (၃၅၆)ဦးထိရှိလာကြောင်း၊ ယခုရက်ပိုင်းနေ့စဉ် ပိုးတွေ့လူနာ မြင့်တက်လာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...

တာချီလိတ်မြို့ရှိ ရေကြောင်းရဲတပ်ဖွဲ့ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်

0
သျှမ်းပြည် တာချီလိတ်မြို့ရှိ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရေကြောင်းရဲတပ်ဖွဲ့ခွဲ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့ကြောင်း သတင်းသိရသည်။ မေလ ၂၅ ရက်တွင် မြန်မာ-ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့သို့ စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့်အတူ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အဖွဲ့တို့ သွားရောက်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...