Wednesday, January 28, 2026

နောင်ချိုမြို့တွင် ကိုဗစ် ၁၉ လူနာ ၁၆ဦးရှိ၊ လူနာ ဆက်တိုးလာပါက ဆေးရုံအခက်အခဲရှိနိုင်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၁၆ဦး ရှိလာသဖြင့် ဆေးရုံတွင် အခက်အခဲများ စတင်ကြုံတွေ့နေရပြီးဖြစ်ကြောင်း စုံစမ်းသိရသည်။

နောင်ချို့မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ နေ့စဉ် တိုးလာပြီး ကျန်းမားရေးဝန်ထမ်း နှင့် ကိုဗစ်-၁၉ လူနာထားမည့် အဆောက်အဦး မလုံလောက်မှုများကို ကြုံနေရပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ဆေးကုသမည့် လူနာထပ်မံတိုးလာပါက လည်း ဝန်ထမ်းခက်ခဲ၊ ရှိလာနိုင်ကြောင်း နောင်ချို ကိုဗစ်-၁၉ ပရဟိတ အဖွဲ့ မှ ကိုမြတ်မိုးအောင် က ပြောသည်။

“ လူနာတွေက နောင်ချိုဒေသခံ ၃ဦး၊ ကျန်တာက မန္တလေး၊ ရန်ကုန်ဘက်က တက်လာတဲ့ ကားသမားတွေပါ။ ကျနော်တို့ အခုက ကျန်းမားရေးဝန်ထမ်း မလုံလောက်ဘူး။ ဒီထက်များလာရင်တော့ ပိုဆိုးမယ် ” ဟု ကိုမြတ်မိုးအောင် က ပြောသည်။


သျှမ်းပြည်မြောက်ပိုင်းကို တက်လာသည့် ကားသမားများကို နောင်ချို့မြို့နယ် ခြေမြစ်ပင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုပြုလုပ်ပြီး ကိုဗစ်-၁၉ ရှိ ကားသမားများကို နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးရကြောင်းသိရသည်။

“ ကျနော်တို့ မြို့နယ် ကိုဗစ်လူနာအတွက်လုံလောက်တယ်။ မန္တလေးဘက်က တက်လာတဲ့ ကားသမားတွေကို စစ်ဆေးရပြီး ကိုဗစ်လူနာကို နောင်ချိုဆေးရုံမှာပဲကုရတော့ ဝန်ထမ်းအင်အားမလုံလောက်ဘူး။ လူနာတင်ယာဉ်လည်း မလုံလောက်မှုတွေဖြစ်နေတယ်” ဟု ကိုမြတ်မိုးအောင် ကပြောသည်။

လက်ရှိ နောင်ချိုမြို့နယ် ခြေမြစ်ပင် စစ်ဆေးရေးဂိတ်မှ ကိုဗစ်-၁၉ ရှိတဲ့သမားများနှင့် ကိုဗစ်-၁၉ ထိတွေ့သူကို သယ်ဆောင်သည့်အခါ လူနာတင်ယာဉ်မလုံလောက်သည့်အတွက် အဆင်မပြေကြောင်းလည်း နောင်ချို ဒေသခံများက ပြောသည်။

“ နောင်ချိုမြို့နယ် က လူနာင်ယာဉ်တွေက လူနာပို့ဆောင်တဲ့အခါ Positive လူနာတင်တစီးဘဲ ကျန်ခဲ့တ။ ကျန်ကားတွေ Positive မဟုတ်တဲ့ လူနာတင်သွားရတဲ့အချိန်နဲ့ ထိတွေမှု ကောက်တဲ့အချိန် ဆုံးသွားရင် ကားက မကျန်ဘူး။ ထိတွေ့မှုရှိသူတွေကို အချိန်ဆွဲလို့မရဘူးလေ။ Positive တင်တဲ့ကားက ထိတွေ့မှုရှိသူကို မတင်ဘူး” ဟု ကိုမြတ်မိုးအောင်လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲကိုပြောသည်။

သျှမ်းသံတော်ဆင့် အနေဖြင့် နောင်ချိုဆေးရုံကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

နောင်ချို့မြို့နယ် ဆေးရုံတွင်တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်အင်အားမှာလည်း ၃ဦးသာရှိသည့်အတွက် ဆရာဝန် အင်အားဖြည့်ရန်လည်းလိုအပ်ကြောင်း စုံစမ်းသိရသည်။

နောင်ချို Quarantine center တခုတည်းရှိပြီး လက်ရှိမှာ လူဦးရေ ၁၂၉ ဦး ရှိပြီး၊ ထို Quarantine center ကိုလည်း ပြည်နယ်အစိုးရအနေနလာရောက်ကြည့်ရှုးခြင်းလည်း မရှိကြောင်း နောင်ချို ကိုဗစ်ပရဟိတ အဖွဲ့များက ပြောသည်။

နိုဝင်ဘာ ၂၂ ရက် ည (၈) နာရီ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ( ၇၉ ၂၄၆) ဦး၊ ဆေးရုံဆင်းခွင့်ရသူ ( ၅၈၇၅၈) ဦး နှင့် သေဆုံးသူ ( ၁၇၃၉ ) ဦး ရှိကြောင်း ကျန်းမာရေး နှင့်အားကစား ဝန်ကြီး ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချိုမြို့ TNLA နှင့် PDF များကို ထောက်ခံအားပေးသူဟုဆိုကာ ဖမ်းဆီးရန်လှုံ့ဆော်နေ

0
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသော သျှမ်းပြည် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သော သူများကို ဖမ်းဆီးရန် မှိုင်းဝေအပါအဝင် တယ်လီဂရမ်ချန်နယ်များက လှုံ့ဆော်နေသည်။ TNLA က တစ်နှစ်ကြာသိမ်းပိုက်ထားသော နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ပြီးနောက် ဇူလိုင် (၁၅)...

PDF များကို TNLA က နောင်ချိုမြို့မှ ထွက်ခွာခိုင်းဆိုသည့် သတင်းအမှား

0
သျှမ်းပြည် နောင်ချိုမြို့အနီးတဝိုက်ရှိ TNLA ထိန်းချုပ်နယ်မြေအတွင်းမှ PDF များကို ထွက်ခွာခိုင်းဆိုသည့် သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသည်။ဖေ့ဘွတ်ခ်ပေ့ချ် အချို့နှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် PDF များကို TNLA အဖွဲ့က နောင်ချိုမြို့အနီးတဝိုက်မှ ထွက်ခွာခိုင်းလျက်ရှိကြောင်း ၂၀၂၅ ဇွန် ၁၀ရက်မှ စတင်ကာ ရေးသားဖြန့်ဝေလျက်...

နောင်ချိုမြို့ပေါ် လေယာဉ်ပျံဝဲနေပြီး စစ်ကောင်စီလက်ကျန်တပ်စခန်းကို TNLAနှင့် PDF ပူးပေါင်းအဖွဲ့ ဆက်လက်တိုက်ခိုက်

0
သျှမ်းပြည် နောင်ချိုမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းပျံဝဲနေပြီး လက်ကျန်တပ်စခန်းဖြစ်သည့် ခမရ-၁၁၄ နှင့် အမြောက်တပ်-၆၀၆ တပ်ရင်းတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၈ နာရီခန့်မှ စတင်ပြီး နောင်ချိုမြို့တွင် နောက်ဆုံးကျန်ရှိသည့်...

နောင်ချို တိုက်ပွဲပြင်းထန်နေဆဲ၊ စစ်ဘေးရှောင်များ အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် တိုက်ပွဲဆက်လက် ပြင်းထန်နေခြင်းကြောင့် အချိန်မီ စိုက်ပျိုးနိုင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သင်္ကြန်ကာလနောက်ပိုင်း ဧပြီလ ဒုတိယပတ်မှ စ၍ သျှမ်း-မန္တလေး နယ်စပ်ရှိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့အကြား နှစ်ဘက်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခြင်းကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များမှာ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...