Saturday, April 20, 2024

တောင်ကြီး ဂိမ်းဆိုင် အဆက်မှ ကိုဗစ် ၁၉ (၂)ဦးထပ်မံတွေ့ရှိ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက် တွင် ယနေ့ နိုဝင်ဘာ ၂၅ တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာ(၂) ထက်မံ တွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါပိုးတွေ့လူနာသည် နိုဝင်ဘာ ၁၇ ရက် တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာခဲ့သည် အမျိုးသားနှင့် ဆက်စပ်သူဖြစ်ကြောင်း သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ မဂ်လာဦးမှာ ၂ဦးထက်မံတွေ့ရှိတယ်။ ဒီနေ့ တို့ဖက်နမူနာတွေကို စစ်ဖို့ကကျန်တယ်။ ထပ်ပြီးစစ်ရအုံးမှာ။ သူတို့က ဂိမ်းဆိုင်က အဆက်ဆက်ပဲ” ဟု ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ပိုးတွေ့လူနာ ၂ ဦးသည် တဦးမှာ အသက် ၂၀ ကျော်လူငယ်ဖြစ်ပြီး၊ ကျန်တဦးသည် အသက် ၅နှစ် အရွယ်ကလေးငယ်ဖြစ်ကြောင်း ဒေါက်တာ ဇဝနကို က ပြောသည်။

“ တယောက်က အသက် ၂၀ ကျော်၊ တယောက်က ကလေးငယ် ၅နှစ်။ ကလေးကတော့ မိခင်နဲ့ ကလေး ဆေးရုံ မှားထားတယ်။ ကျန်တယောက်ကတော့ စဝ်စံထွန်း ဆေးရုံကိုပို့မှာပေါ့” ဟု ဒေါက်တာဇဝနကို ကပြောသည်။

သျှမ်းပြည်နယ်တွင် ယနေ့( နိုဝင်ဘာ ၂၅)ရက် ညနေ့ပိုင်းထိ သျှမ်းသံတော်ဆင့် ရထိသည့် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ ၃၂၉ ဦးရှိပြီး၊ ဆေးရုံတက်လူနာ ၁၄၁ ဦးရှိကြောင်းနှင့် သေဆုံးလူနာ ၂ ဦးရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article