Wednesday, January 28, 2026

သျှမ်းပြည်တွင် ကိုဗစ် ၁၉ မြင့်တက်သော်လည်း စည်းကမ်းလိုက်နာမှုနည်းပါး

သျှမ်းပြည်တွင် ကိုဗစ် ၁၉ ကူးစက်မှုနှုန်း တက်လာသော်လည်း ဒေသခံ ပြည်သူအများစုသည် ယနေ့ချိန်ထိ ကျန်းမာရေးစည်းကမ်းလိုက်နာမှု အားနည်းနေဆဲ ဟု ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ဆောင်နေသူများက ပြောဆိုလိုက်သည်။

တောင်ကြီးမြို့လယ်ခေါင်တွင် Mask (နှာခေါင်းစည်း) မတပ်ဆင်ဘဲ သွားလာနေသူ နှင့် ဈေးရောင်းနေသူများ( Photo by SHAN)

မြန်မာနိုင်ငံတွင် မနေ့ နိုဝင်ဘာ (၂၃) ည ၈ နာရီ ကျန်းမားရေးနှင့်အားကစားဝန်းကြီးဌာနထုတ်ပြန်ချက် အရ ကိုဗစ် -၁၉ အတည်ပြုလူနာ ( ၈၀၅၀၅) ဦးရှိပြီး ဆေးရုံဆင်းလူနာ ( ၅၉၈၈၈) နှင့် သေဆုံးသူ (၁၇၆၅)ဦးရှိကြောင်း သိရသည်။

ထိုထဲတွင် သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ( ၃၂၅) ဦးရှိပြီး၊ လက်ရှိဆေးရုံတက်သူ (၁၃၉ )ဦးရှိကာ၊ ပြန်လည်သက်သာလာသူ (၁၈၄)ဦးရှိပြီး သေဆုံးသူ ၂ဦးရှိကြောင်း သိရသည်။

သျှမ်းပြည်တွင် ယခုရက်ပိုင်းနေ့စဉ်ဆက်တိုက် ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာသော်လည်း ပြည်သူအများစုမှာ ပုံမှန်သွားလာနေဆဲဖြစ်ပြီး၊ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုများမရှိနေသည်ကို တွေ့ရကြောင်း ကိုဗစ်-၁၉ ကာကွယ်တားဆီးမှုဆောင်ရွက်နေသူများက ပြောသည်။

“ ကျနော် တို့မြို့မှာတော့ စည်းကမ်းလိုက်နာမှူအားနည်းနေတယ်။ mask(နှာခေါင်းစည်း) လည်းတချို့ဘဲတပ်ကြတယ်။ ကျန်းမားရေးလိုက်စားတဲ့သူတွေကတော့ လိုက်နာကြတယ်။ ပြည်သူတွေက ကြောက်တယ်ဆိုတာ မရှိဘူး” ဟု မူဆယ်မြို့ ကိုဗစ်-၁၉ ပညာပေးမှု ပြုလုပ်နေသည့် စိုင်းမြတ် က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ရွေးကောက်ပွဲမတိုင်မှီအချိန်တွင် ကျန်းမားရေးနှိုးဆော်မှုများရှိ သော်လည်း ရွေးကောက်ပွဲပြီးနောက်ပိုင်း မရှိတော့ကြောင်း၊ ရွေးကောက်ပွဲပြီးနောက် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းကလည်း မြန်မာပြည်အနှံ့ တက်လာသည်ကိုတွေ့ရကြောင်း စိုင်းအောင် က ပြောသည်။

အလားတူ သျှမ်းတောင်ပိုင်း တောင်ကြီးမြို့တွင် ကိုဗစ် လိုက်နာမှုအားနည်းနေကြောင်း သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ကိုဗစ် ပထမလှိုင်းမှာတော့ စည်းကမ်းလိုက်နာကြတယ်။ ဒုတိယလှိုင်းမှာခါကြတော့ ပေါ့ဆလာကြတယ်ပေါ့နော်။ ဒီလိုမျိုးဆက်ပြီးပေါ့ဆနေရင်တော့ ကျနော်တို့မြို့ကလည်း ကိုဗစ် ပျောက်နိုင်မှာမဟုတ်တော့ဘူး” ဒေါက်တာ ဇဝနကို ကပြောသည်။

သျှမ်းပြည်တဝှမ်း ခရီးသွားလာမှု၊ လည်ပတ်မှုကို ကန့်သတ်ထားသော်လည်း တချို့ မှာ စည်းကမ်းလိုက်နာမှုမရှိဘဲ လည်ပတ်မှုကို ပြုလုပ်နေကြောင်းလည်း သျှမ်းပြည်သူများက ပြောသည်။

လက်ရှိ ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားလာမှု ပြုလုပ်ပါက ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း၊ကျန်းမာရေး ကောင်းမွန်ကြောင်းထောက်ခံစာ ကို သက်ဆိုင်ရာ ကျန်းမာရေး ဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး လက်မှတ်ပါမှသာလျှင် သွားလာခွင့်ပြုကြောင်း သိရသည်။

သို့သော် တချို့ ပြည်သူများသည် ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးမခံဘဲ ၊ ဂိတ်ပတ်လမ်း၊ ရှောင်လမ်းကို အသုံးပြုပြီး သွားလာမှု ရှိသကဲ့သို့ တချို့မှာ ဆေးမှတ်တမ်း အတု ပြုလုပ်ကာ သွားလာမှုများလည်း ရှိကြောင်း တွေ့ရသည်။

နိုဝင်ဘာ ၁၇ ရက်နေ့က ကိုဗစ်-၁၉ တွေ့ရှိခဲ့သည့် မူဆယ်မြို့ မှ အမျိုးသမီးတဦးသည် ကျန်းမာရေး ထောက်ခံစာ တစောင်ကို ကျပ်ငွေ ၂ သောင်းပေး တောင်းယူခဲ့ပြီး ရန်ကုန်မှ မူဆယ်မြို့သို့တိုက်ရိုက်တက် လာခဲ့ကြောင်း လူမှုကူညီရေးအသိုင်းအဝိုင်းကပြောသည်။

“ ကိုဗစ်-၁၉ ကတော့နေ့တိုင်းတိုးနေတာ။ ကြောက်စိတ်တွေလည်းမရှိကြဘူး။ ခုထိ ခရီးတွေသွားကြ၊ သွားလည်ပတ် နေကြတုန်းပဲ။ သက်ဆိုင်ရာက ကောင်းကောင်းမကိုင်တွယ်ရင်တော့ ဒေသကူးစက်မှုနှုန်းထက်မြင့်နိုင်တယ်” ဟု လားရှိုးမြို့တွင်နေထိုင်သည့် ဒေသခံ နန်းလောဝ် က ပြောသည်။

နိုဝင်ဘာ ၁၇ ရက် က သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် ကိုဗစ်-၁၉ တွေ့ရှိသည့် အမျိုးသားတဦးမှတဆင့် ဒေသတွင်းကူးစက်သူ ၁၃ ဦးထိရှိလာကြောင်း သိရသည်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းသည် လရှည်ကြာလာသည့်နှင့်အမျှ စီးပွားရေး ၊ လူမှုရေး အဖက်ဖက်ထိခိုက်လာပြီး၊ ဝင်ငွေမရှိသည့် အတွက် အဆင်မပြေမှုများဖြစ်လာကာ ကိုဗစ်-၁၉ ကို မကြောက်တော့ဘဲ စီးပွားရေး အတွက် ရှာဖွေစားသောက်နေရကြောင်းလည်း သျှမ်းပြည်သူများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...