တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၂၁ဦးရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ(၂၁) ဦး ဆေးကုသမှု ခံယူနေကြောင်း စုံစမ်းသိရှိရသည်။

နိုဝင်ဘာ (၂၄) ရက် နေ့လည် ၁ နာရီထိ စဝ်စံထွန်းဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂၁ ဦး ရှိကြောင်း စဝ်စံထွန်းဆေးရုံ မှ ဒေါက်တာ ဝေဝေမွန် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုချိန်ထိ ဒီနေ့လက်ကျန်မှာ ၂၁ ဦးပါ။တောင်ကြီးက မဟုတ်တဲ့သူတွေလည်း ပါတယ်။ Quarantine center တွေမှာ လည်းပါတယ်” ဟု ဒေါက်တာ ဝေဝေမွန် က ပြောသည်။

နိုဝင်ဘာ (၁၇) ရက်က တောင်ကြီးမြို့တွင် ခရီးသွားရာဇဝင်မရှိ ၊ ထိတွေ့လူနာနှင့်လည်း မရှိသည့် ကိုဗစ်-၁၉ အတည်ပြု လူနာ အမျိုးသား မှတဆင့် အဆင့်ဆင့် ထိတွေ့ ဆက်စပ်သူများထဲမှ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃ဦး အထိရှိပြီ ဖြစ်ကြောင်း လည်း သျှမ်းပြည် ကုသရေး နှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ထံ စုံစမ်းသိရသည်။

“တောင်ကြီးက သတင်းတွေ အမှန်သိချင်တယ်ဆိုလို့ရှိရင်တော့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ တောင်ကြီး ဆိုပြီးတော့ Page တွေရှိတယ်။ အဲ့ဒီမှာ ဝင်ကြည့်ပေါ့နော်။ အဲ့ဒါက အတည်တွေပဲ။ သူများတွေ အပြင်မှာပြောတာတွေ မှန်တာတွေလည်းရှိမယ်။ မှားတာတွေလည်း ရှိမယ်။” ဒေါက်တာ ဝေဝေမွန် က ပြောသည်။

တချို့ ကိုဗစ်-၁၉ လူနာနှင့်ထိတွေ့သူ ဆက်စပ်သူတချို့သည် Quarantine Centerတွင်မနေလိုဘဲ နေအိမ်Quarantine ထားရှိရန် တောင်းဆိုမှုများပြုလုပ်နေကြောင်းသိရသည်။

“ကျနော်တို့မြို့က ရန်ကုန်မြို့နဲ့ သွားနှိုင်းလို့မရပါဘူး။ ရန်ကုန်မြို့က လူဦးရေလည်း များသလို မဖြစ်သာလို Home Quarantine ထားတယ။် ကျနော်တို့မြို့မှာ Home Quarantine ထားဖို့ မလိုအပ်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တာဝန်ရှိတဲ့သူက Q center တွေ အများကြီးဖွင့်ထားပေးပါတယ်။ လိုအပ်ရင် လိုအပ်သလို တိုးချဲ့ပြီး လုပ်ထားပေးပါတယ်။” စေတနာ့ ဝနထမ်း ကိုဝင်းနိုင်စိုး က ပြောသည်။

တောင်ကြီးမြို့နယ် ဒေသအတွင်း ကူးစက်မှုများလာသဖြင့် Quarantin Center (၉၂)ခုဖွင့်ရန် လျားထားပြီး၊ လက်ရှိမှာ Quarantine Center (၂၄)ခု ဖွင့်ထားကြောင်းသိရသည်။

နိုဝင်ဘာ ၂၂ ရက်ထိ သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၂၂၇) ဦးရှိပြီး လက်ရှိ ဆေးရုံမှာ ဆေးကုသမှု ခံယူသူ (၇၃) ဦး ရှိကြောင်း သျှမ်းပြည် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို ထံ စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...