Sunday, May 5, 2024

CATEGORY

Covid-19

လားရှိုးမြို့ဟိတကာရီကျောင်းရှိ မယ်သီလရှင် အပါး (၅၀) ကိုဗစ် ပိုးတွေ့

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၈ ရပ်ကွက် ဟိတကာရီ မယ်သီလရှင် စာသင်တိုက်တွင် မယ်သီလရှင်အပါး (၅၀) ပါး ကိုဗစ် - ၁၉ ပိုးတွေ့ရှိကြောင်း သတင်းရရှိသည်။ ဟိတကာရီမယ်သီလရှင် စာသင်တိုက်တွင် သီတင်းသုံးနေသည့် မယ်သီလရှင် ၂ပါး ဖျားနာနေကြောင်း ကျန်းမာရေးရေးဆိုင်ရာတာဝန်ရှိသူများကို အကြောင်းကြားပြီးနောက်...

မိုင်းရယ်မြို့ ကိုဗစ်လူနာ တိုးများလာသော်လည်း ကျန်းမာရေး စီမံကွပ်ကဲမှုမရှိ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တိုးများလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူကျန်းမာရေးအတွက် စီမံကွပ်ကဲမှုများ မရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိမိုင်းရယ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အတည်ပြု လူနာ ( ၁၃၄) ဦးရှိလာပြီ ဖြစ်သော်လည်း မြို့နယ်မှ သက်ဆိုင်ရာ...

မိုင်းလင်းဆရာတော်၏ ရုပ်ကလာပ်ကို အန္တိမအဂ္ဂိဈာပနာ ယနေ့ကျင်းပ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းလင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလ သည် ဝါတော် ဂူတွင်းတရားအားထုတ်ရာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ယနေ့ ဩဂုတ် ၂၆ ရက် နေ့လည် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် ကျိုင်းတုံမြို့တွင် ပျံလွန်တော်မူ သွားခဲ့ကြောင်း သိရသည်။ မိုင်းလင်းဆရာတော်ကို ယနေ့ (သြဂုတ်...

ကာကွယ်ဆေးထိုးပြီးသော်လည်း ဟိုပုံးမြို့ ထွေအုပ်ရုံး ဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရ

သျှမ်းပြည် တောင်ပိုင်းဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးဝန်ထမ်းများ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပြီး သော်လည်း ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံနေရကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ ယခုလ သြဂုတ်လ ပထမပတ်မှ စတင်ကာ စစ်ကောင်စီ စီမံချက်အတိုင်း ထိုးရသည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ထိုးပြီးသည့်...

မြန်မာ-တရုတ် နယ်စပ် တရုတ်ပြည် ဂျယ်ဂေါင်ကို Lockdown ထပ်မံချ

မြန်မာ - တရုတ် နယ်စပ် တရုတ်ပြည် ကျယ်ဂေါင်မြို့ တွင်နေထိုင်သည့် ပြည်သူများကို တရုတ်အစိုးရက တစ်မြို့လုံး (Quarantine) ဝင်ခိုင်းမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ကျယ်ဂေါင်ရှိ ပြည်သူများ အားလုံး ရွှေလီ နှင့် မံစံ ( မိုင်းခွမ်)...

အင်းလေးတွင် ကိုဗစ်လူနာ လျော့ကျခြင်းမရှိ၊ ပိုတိုးလာ

သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ကူးစက်ခံရသည့် လူနာ လျော့ကျခြင်းမရှိသေးဘဲ ပိုတိုးလာကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသတွင် ကိုဗစ်ကာကွယ်ထိန်းချုပ်ခြင်း၊ ရွာအဝင်အထွက်ကန့်သတ်ခြင်း၊ ဈေးပိတ်ခြင်းများ ဆောင်ရွက်ထားသော်လည်း ကိုဗစ် ကူးစက်ခံရသူ လျော့နည်းလာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ “အတည်ပြုလူနာနဲ့ ထိတွေ့ဖူးတဲ့ သူတွေကို သေခြာမထိန်းချုပ်နိုင်တာ၊ နောက်ပြီး ဈေးပိတ်တာလည်း နောက်ကျတော့...

ကိုဗစ်ထိန်းချုပ်နိုင်ရန် ဆေးရုံမှာ ကုသကြဖို့ ကျောက်မဲဆေးရုံအုပ် တိုက်တွန်း

သျှမ်းမြောက် ကျောက်မဲမြို့တွင် ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ဆေးရုံမှာ လာရောက်ကုသကြဖို့ ကျောက်မဲ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်က တိုက်တွန်းထားသည်။ ကျောက်မဲတွင် ကိုဗစ်ကူးစက်မှု မြင့်တက်နေဆဲ ဖြစ်ပြီး နေအိမ်တွင်း ကုသနေမှုများကြောင့် ကိုဗစ်ပိုး ပျံ့နှံ့မှု၊ သေဆုံးမှုများ ရှိနေကြောင်း သိရသည်။ “ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းနည်းပေမယ့် ကြက်ခြေနီအဖွဲ့ကိုလည်း အကူညီတောင်းပြီး ဆေးရုံလာတက်...

လွိုင်ကော် ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက် သံဃာတော် (၉၂)ပါး ကိုဗစ်ကူးစက်ခံရ

ကယားပြည် (ကရင်နီပြည်)လွိုင်ကော်မြို့ ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက်မှာ ရဟန်း သံယာတော် (၉၂) ပါး ကိုဗစ်-၁၉ ကူးစက်ကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၂၃ မှ ၂၄) ထိ ထို စာသင်တိုက်ရှိ သံယာတော် (၂၄၇) ပါး ကိုဗစ်-၁၉ စစ်ဆေးရာမှာ (၉၂) ပါး...

ကျိုင်းတုံတွင် တစ်နေ့တည်း ကိုဗစ်လူနာ (၁၂၃)ဦး စံချိန်တင်တွေ့ရှိ

သျှမ်းရှေ့ ကျိုင်းတုံမြို့တွင် သြဂုတ်လ (၂၂)ရက်နေ့ ယမန်နေ့က ကိုဗစ် − ၁၉ အတည်ပြုလူနာ တစ်နေ့တည်းကို (၁၂၃)ဦးထိ စံချိန်တင် တွေ့ရှိခဲ့ကြောင်း သိရသည်။ ကျိုင်းတုံတွင် အဆိုပါနေ့က မနက်ပိုင်းတွင် (၈၂)ဦးတွေ့ရှိခဲ့ပြီးနောက် ညနေပိုင်းတွင် (၄၁)ဦး ထပ်မံတွေ့ရှိခဲ့ရတာဖြစ်ကြောင်း စုံစမ်းသိရသည်။ “ကိုဗစ်လူနာတွေ့တာက အရမ်းကို တက်လာတယ်၊ မနေ့ကတော့...

စစ်ရှောင်များရှိသည့် ကျောက်မဲမြို့နယ် မိုင်းငေါ့တွင် ကိုဗစ်ရောဂါ စိုးရိမ်ရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင် (၅၀၀)ကျော် ရောက်ရှိခိုလှုံနေသည့် မိုင်းငေါ့မြို့တွင် ကိုဗစ် ကူးစက်ခံရမည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ရာချီ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ကြောင်း၊ မိုင်းငေါ့မြို့တွင် ကိုဗစ်...

Latest news