ကယားပြည် (ကရင်နီပြည်)လွိုင်ကော်မြို့ ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက်မှာ ရဟန်း သံယာတော် (၉၂) ပါး ကိုဗစ်-၁၉ ကူးစက်ကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ် (၂၃ မှ ၂၄) ထိ ထို စာသင်တိုက်ရှိ သံယာတော် (၂၄၇) ပါး ကိုဗစ်-၁၉ စစ်ဆေးရာမှာ (၉၂) ပါး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း ပုဗ္ဗာရုံ ပရိယတိ စာသင်တိုက်မှ ရဟန်း တစ်ပါးက သျှမ်းသံတော်ဆင့် ကိုမိန့်ကြားသည်။
“ဘယ်ကနေ စကူးလဲဆိုတာတော့ ဘုန်းဘုန်းတို့လည်း သေချာမပြောတတ်ဘူး။ ဆွမ်းစားဆောင်မှာ တာဝန်ယူထားတဲ့ သံဃာတစ်ပါး နဲ့ ဒကာ တစ်ယောက်ပဲ အပြင်ထွက်ခွင့်ရှိတယ်။ လာစစ်တော့ အဲ့ ၂ ဦးက မဖြစ်ဘူး။ တာဝန်အရ အပြင်ထွက်ခွင့်ရှိတဲ့သူက ရောဂါမရှိဘူး ကျောင်းထဲနေတဲ့သူတွေက ရောဂါပိုးတွေ ရှိတယ်” ဟု ၎င်းကျောင်းမှ ဦးဇင်း တစ်ပါး က သျှမ်းသံတော်ဆင့် မိန့်သည်။
လက်ရှိ ထို အတည်ပြု လူနာ (၉၂) ပါးကို အသွားအလာကန့်သတ်ထားပြီး ကျောင်းကိုလည်း Lockdown လုပ်ထားကြောင်း သိရသည်။
“ကျောင်းမှာပဲ ရှိတယ်။ ဆေးရုံမခေါ်သွားဘူး။ သံဃာတော်တွေ နေတဲ့နေရာတွေတော့ အဝင်အထွက် ကန့်သတ်ထားတယ်။ ရောဂါအရမ်းစိုးရိမ်ရတဲ့သူတော့ မရှိဘူး” ဟု ဦးဇင်းတစ်ပါးက မိန့်ကြားသည်။
သြဂုတ် (၁) ရက်နေ့တွင် အဆိုပါ စာသင်တိုက်မှာ သံဃာတစ်ပါး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူပြီး ရောဂါမှ ဆေးရုံဆင်းခွင့်ရပြီး ကျောင်းမှာလည်း ၁၄ ရက် အသွားအလာ ကန့်သတ်ထားပြီးမှ နေထိုင်ရကြောင်း သိရှိရသည်။











Leave a Comments