Tuesday, January 27, 2026

လွိုင်ကော်တွင် ဘီလူးချောင်းရေတက်ပြီး မြေနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နေ

ကရင်နီ(ကယား)ပြည်နယ်တွင် မိုးဗြဲဆည်ဖောက်ချ၍ ဘီလူးချောင်းရေလျှံပြီး လွိုင်ကော်မြို့ ရပ်ကွက်အချို့ရှိ နေအိမ်နှင့် စပါးခင်းများ ရေနစ်မြှုပ်သွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်မှ စ၍ မိုးဗြဲဆည်ကို စစ်ကော်မရှင်လက်အောက်ခံများ ရေဖောက်ချခဲ့ခြင်းကြောင့် ဘီလူးချောင်း ရေလျှံတက်လာကာ လွိုင်ကော်မြို့ မြေနိမ့်ပိုင်း ရပ်ကွက်အတွင်း ရေဝင်ရောက်လာပြီး နီးစပ်ရာသို့ ပြောင်းရွှေ့နေရကြောင်း လွိုင်ကော်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရေတက်နေတာ ၁၅ ရက်ကျော်ပြီ၊ ဘီလူးချောင်းဘေးက ရပ်ကွက်တွေ အကုန်ရေတက်တာ။ နှစ်ထပ်အိမ်ဆိုရင် အောက်ထပ်က အကုန်မြုပ်သွားပြီ။ ရေမတက်တဲ့ မိုင်းလုံးရပ်ကွက်ဘက် ပြောင်းရွှေ့ပြီး နေနေကြတယ်။ မိုးကလည်း ဒီရက်ပိုင်း တအားရွာတာ၊ အဲကြောင့် ဘီလူးချောင်းရေ တက်တာလား မသိဘူး”ဟု အဆိုပါ လွိုင်ကော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

လက်ရှိ လွိုင်ကော်မြို့ပေါ် ရွှေတောင်ရပ်ကွက်၊ သျှမ်းပိုင်းရပ်ကွက် စသည်တို့တွင် ရေဝင်နေပြီး စပါးခင်း ဧက ၁၀၀ ထက်မနည်း နစ်မြုပ်သွားကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ထိုသို့ လွိုင်ကော်မြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နေသည်မှာ သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ဖောင်တော်ဦးဘုရားပွဲ ကျင်းပနေခြင်းကြောင့် ရေတက်မည်ကို စိုးရိမ်ပြီး မိုးဗြဲဆည်ကို ဖောက်ချလိုက်သဖြင့် ယခုကဲ့သို့ လွိုင်ကော်တွင် ရေတက်လာခြင်းဖြစ်ကြောင်း လွိုင်ကော်ဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသာားတစ်ဦးက ပြောသည်။

“ရွှေတောင်မင်္ဂလာအစပ် အကုန်နေမြုပ်ပဲ၊ လူတွေက စစ်ဒဏ်ရော ရေဒဏ်ရော ခံနေရတာ။ သိရသလောက်တော့ ဖောင်တော်ဦးဘုရားပွဲမှာ ရေတက်မှာစိုးလို့ မိုးဗြဲဆည်ကို ဖောက်ချတာတဲ့။ အဲဒါနဲ့ ဒီဘက်ရပ်ကွက်တွေ အကုန် ရေတက်တော့တာပဲ။ အရင်နှစ်လောက်တော့ မဆိုးလို့ တော်သေးတယ်၊ မနှစ်က ၂၀၂၄ တုန်းကဆိုရင် စက်လှေနဲ့ သွားရတယ်”ဟု အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် လွိုင်ကော်မြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် မိုးရွာတိုင်း ရေကြီးရေလျှံ ဖြစ်ပေါ်တတ်သောကြောင့် ရေနှုတ်မြောင်းများကို တူးဖော်ခဲ့ရပြီး ယမန်နှစ် ၂၀၂၄ ခုနှစ်ကဲ့သို့ အခြေအနေ မဆိုးတော့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ နောက်ဆုံးပတ်တွင် လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေ ထပ်မံမြင့်တက်လာခြင်းကြောင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များဖြစ်သည့် နမ့်ကွက်၊ ဒေါနိုးကူး၊ ရွှေတောင် စသည့် ရပ်ကွက်များထဲ ရေဝင်ရောက်လာပြီး ရပ်ကွက်နေ ဒေသခံအချို့ နီးစပ်ရာသို့ ပြောင်းရွှေ့‌နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နှစ် ၂၀၂၄ သြဂုတ်လတွင်လည်း မိုးဗြဲမြို့တွင် အခြေစိုက်ထားသည့် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း (ခမရ-၄၂၂) မှ မိုးဗြဲရေကာတာ ရေဖွင့်ချလိုက်ခြင်းကြောင့် မိုးဗြဲမြို့ အပါအဝင် လွိုင်ကော်မြို့၊ ဘီလူးချောင်းနှင့် နီးစပ်သည့် ကျေးရွာတလျှောက် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လွိုင်ကော်မြို့တွင်း မြေမြှုပ်မိုင်းကြောင့် သုံးလအတွင်း ၇ဦးထိခိုက် ၃ဦးသေဆုံး

0
ကရင်နီပြည်(ကယား) လွိုင်ကော်မြို့တွင် သုံးလတာ ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဉီးထိရှိပြီး ထိုထဲတွင် (၃)ဦးသေဆုံးခဲ့ကြောင်း ဒေသအတွင်း သတင်းရင်းမြစ်များက ပြောသည်။ လွိုင်ကော်မြို့တွင်း တိုက်ပွဲများငြိမ်သက်နေပြီး အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်သည့် စစ်ဘေးရှောင်များသည် နေရပ်သို့ ပြန်လာကြသည်။ ထိုသို့နေရပ်ပြန်လာချိန်တွင်လည်း လွိုင်ကော်မြို့အတွင်း မြေမြှုပ်မိုင်းများရှင်းလင်းမှုမရှိကာ ပြီးခဲ့သည့် စက်တင်ဘာလမှ နိုဝင်ဘာ (၃)လတာကာလအတွင်းမြေမြှုပ်မိုင်းထိခိုက်ဒဏ်ရာရရှိသူ...

မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသည့် လွိုင်ကော်ဒေသခံများ သတင်းဖုံးဖိခံထားရ

0
ကရင်နီပြည် အမည်ရ ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိ၍ ဒဏ်ရာ ရနေသူများကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားသည်ဟု မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်က လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် နေအိမ်ခြံဝင်း အတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး...

နေရပ်မပြန်သည့် လွိုင်ကော်စစ်ရှောင်နေအိမ် ချိတ်ပိတ်မည်ဟု စစ်တပ် ခြိမ်းခြောက်

0
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်သို့ နေရပ်မပြန်လာသည့် စစ်ရှောင်နေအိမ်များကို စစ်ကော်မရှင်က ချိတ်ပိတ်တော့မည်ဟု ခြိမ်းခြောက်ကာ နေရပ်ပြန်လာရန် ဖိအားပေးနေကြောင်း သတင်းရရှိသည်။ လွိုင်ကော်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး လွိုင်ကော်မြို့ ဒေသခံ...

လွိုင်ကော်မြို့ ဘီလူးချောင်းရေ ထပ်မံမြင့်တက်၊ ရပ်ကွက်အချို့ ရေဝင်

0
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်အချို့ ရေဝင်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်မှ စတင်ကာ လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေ ထပ်မံမြင့်တက်လာခြင်းကြောင့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များဖြစ်သည့် နမ့်ကွက်၊ ဒေါနိုးကူး၊ ရွှေတောင် စသည့် ရပ်ကွက်များထဲ ရေဝင်ရောက်လာပြီး ရပ်ကွက်နေ ဒေသခံအချို့...

လွိုင်ကော် နေရပ်ပြန်သူများ စစ်ကောင်စီကို မိုင်းရှင်းခ ကျပ်တစ်သိန်းပေးရ

0
ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များက မိုင်းရှင်းခအဖြစ် ငွေကျပ်တစ်သိန်းကို စစ်ကောင်စီထံ ပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လွိုင်ကော်မြို့တွင် ယခင်က တိုက်ပွဲများကြောင့် ဒေသခံများ မြို့လုံးကျွတ်ထွက်ပြေးခဲ့ရပြီး ယခု ဇူလိုင်လမှစ၍ ပန်ကန်းရပ်ကွက်၊ ချိကယ်ရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်နှင့် ဒေါဥခူရပ်ကွက် တို့တွင် စစ်ဘေးရှောင်များကို ပြန်လည်နေထိုင်ခွင့်...