Wednesday, January 28, 2026

မြန်မာ-တရုတ် နယ်စပ် တရုတ်ပြည် ဂျယ်ဂေါင်ကို Lockdown ထပ်မံချ

မြန်မာ – တရုတ် နယ်စပ် တရုတ်ပြည် ကျယ်ဂေါင်မြို့ တွင်နေထိုင်သည့် ပြည်သူများကို တရုတ်အစိုးရက တစ်မြို့လုံး (Quarantine) ဝင်ခိုင်းမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သြဂုတ် (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ကျယ်ဂေါင်ရှိ ပြည်သူများ အားလုံး ရွှေလီ နှင့် မံစံ ( မိုင်းခွမ်) မှာ facilities Quarantine (၁၄) ရက် မှ (၂၁) ရက်နေ့ထိ ဝင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ကျယ်ဂေါင်က ပြည်သူတွေ အားလုံး အခု ရွှေလီကို သွားနေကြပြီ။ ကျယ်ဂေါင်မှာ တရုတ် နယ်ခြားစောင့်တပ် နဲ့ အစိုးရဝန်ထမ်းတွေ၊ အိမ်စောင့်တဲ့သူတွေပဲ ကျန်တော့တယ်။ မြို့ထဲမှာ ဘယ်သူမှ မရှိတော့ဘူး” ဟု ကျယ်ဂေါင်မြို့ တွင်နေထိုင်သည့် ဒေသခံ သျှမ်းအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

တရုတ်အစိုးရမှ နေရာထိုင်ခင်းများကို စီစဉ်ပေးပြီး ငွေကြေးတတ်နိုင်သည့် သူများသည် တရက်လျှင် တရုတ်ယွမ် (၂၀၀) ပေးပြီး ဟိုတယ် (Quarantine) ပုံစံဖြင့် သွားရောက် နေထိုင်ကြရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ကျယ်ဂေါင်ကနေသွားရင် PPE ဝတ်စုံဝတ်ပြီး မှန်လုံကားစီးသွားရတယ်။ တစ်ချို့က ရွှေလီ မှာ ကွာလတင်းဝင်ရတယ်။ တစ်ချို့က မံစီ (မန်းခွမ်) မှာ ဝင်ရတယ်။ တရုတ်မှာနေ့တိုင်း ကိုဗစ် စစ်နေတယ်” ဟု ကျယ်ဂေါင်ဒေသခံ တစ်ဦးကပြောသည်။

တရုတ်ပြည်ထဲမှာ အလုပ်သွားလုပ်သည့် မြန်မာနိုင်ငံသားများသည်လည်း ဇူလိုင် (၂၆) ရက်မှ စတင်ပြီး သြဂုတ် (၂၁) ရက်နေ့ထိ စုစုပေါင်း ( ၅၃၃၅) ဦး ပြန်ဝင်လာပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ ထပ်မံဝင်ရောက်လာမည့် ပြည်သူများသည် ရွှေလီမြို့ရှိ ပန်းခြံမှာ နေ့ရော ညပါ စောင့်ဆိုင်းနေသည်ကို သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ-တရုတ်နယ်စပ်တလျှောက် တရုတ်ဘက် စစ်ရေးလေ့ကျင့်ရန် ကင်းလှည့်နေ

0
သျှမ်းပြည် မူဆယ်မြို့ တစ်ဘက်ကမ်းရှိ မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့တွင် တရုတ်ဘက်မှ စစ်ရေးလေ့ကျင့်ရန် ကုန်းကြောင်း၊ လေကြောင်းဖြင့် ကင်းလှည့်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်ရှိ ရွှေလီမြို့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) မှ စစ်ရေးလေ့ကျင့်ရန် သံချပ်ကာကားများ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မြန်မာ-တရုတ်နယ်စပ် ယာယီနိုင်ငံကူးလက်မှတ် စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင်နှင့် စာရွက်စာတမ်း စွန့်ပစ်ခံရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် တို့မှ ပွဲစားဖြင့် နိုင်ငံကူး လက်မှတ်၊ စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင် နှင့် စာရွက် စာတမ်းများ စွန့်ပစ်ခံရကြောင်း စုံစမ်းသိရသည်။ တရုတ်နိုင်ငံကူး ယာယီလက်မှတ် စာအုပ်နီကို ပွဲစားဖြင့် လုပ်ဆောင်နေကြသည့် မူဆယ်မြို့၊ နမ့်ခမ်းမြို့တို့မှ ဒေသခံများ...

ခက်ခဲတဲ့ နယ်စပ်ကုန်သွယ်ရေးဇုန်က တပိုင်တနိုင် အမျိုးသမီးများ

0
လက်နှစ်ဖက်မှာ လေးလံတဲ့ သစ်သီးဖာကြီးကို ကိုင်ဆွဲထားပြီး၊ ကျောပေါ်မှာလည်း ကလေးကိုချီပိုးထားသလို ကုန်ပစ္စည်းတွေကို ပိုးထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ ယိမ်းယိုင်တဲ့ ခြေလှမ်း နဲ့ လမ်းလျှောက်နေပါတယ်။ ပစ္စည်းတွေကို မနိုင်မနင်း နဲ့ ထမ်းရတဲ့အခါ အချို့တွေက ထမ်းပိုးနဲ့ ထမ်းကြသလို အချို့ကျတော့လည်း ဆိုင်ကယ် (weight) နဲ့ မမျှအောင်...

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းဇုံလမ်းကြော ပိတ်ထားဆဲ

0
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်-လားရှိုး-ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းဇုံများ ပိတ်ထားနေဆဲဖြစ်သဖြင့် ဖြတ်သန်းသွားလာ၍ မရသေးကြောင်း ကားသမားထံများထံမှ သတင်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၈ )ရက်အထိ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်အား လုံခြုံရေး အခြေအနေအရ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း၊ ဖြတ်သန်းသွားလာနေသူ အချို့သည်လည်း စစ်ကောင်စီ၏ စစ်ရေးဂိတ်၌ ရပ်နားနေရကြောင်း မူဆယ်ကားသမားတစ်ဦးက...