Wednesday, January 28, 2026

အင်းလေးတွင် ကိုဗစ်လူနာ လျော့ကျခြင်းမရှိ၊ ပိုတိုးလာ

သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ကူးစက်ခံရသည့် လူနာ လျော့ကျခြင်းမရှိသေးဘဲ ပိုတိုးလာကြောင်း စုံစမ်းသိရသည်။

အင်းလေ

အင်းလေးဒေသတွင် ကိုဗစ်ကာကွယ်ထိန်းချုပ်ခြင်း၊ ရွာအဝင်အထွက်ကန့်သတ်ခြင်း၊ ဈေးပိတ်ခြင်းများ ဆောင်ရွက်ထားသော်လည်း ကိုဗစ် ကူးစက်ခံရသူ လျော့နည်းလာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“အတည်ပြုလူနာနဲ့ ထိတွေ့ဖူးတဲ့ သူတွေကို သေခြာမထိန်းချုပ်နိုင်တာ၊ နောက်ပြီး ဈေးပိတ်တာလည်း နောက်ကျတော့ ပိုးက ပျံ့သွားခဲ့ပြီ၊ အဲ့ဒါကြောင့် လူနာတွေက တိုးနေတုန်းပဲ” ဟု အင်းလေးဒေသမှ ဆရာဝန်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဆေးရုံမှ စစ်ဆေးသည့် လူနာဦးရေ အနည်းငယ် လျော့နည်းသွားသော်လည်း ကျေးရွာများထဲတွင် ကိုဗစ်ပိုး ပျံ့နှံ့နေသည့် အနေအထားဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အင်းလေး

“ခုက ဆေးရုံမှာစစ်ဆေးတဲ့ ဦးရေ ကျသွားလို့ ပိုးတွေ့ နည်းလာတယ် ထင်ရပေမယ့် တကယ့်အပြင်မှာက အများကြီးပါ၊ ကူးစက်မှုက မလျော့သေးဘူး” ဟု အထက်ပါ ဆရာဝန်က ပြောသည်။

အင်းလေးဒေသတွင် ကိုဗစ်ကူးစက်ပျံ့နှံ့နေခြင်းသည် ကိုဗစ်ကာကွယ်ရေးနည်းလမ်းကို ဒေသခံများ လိုက်နာမှု အားနည်းနေခြင်းကြောင့်လည်း ပါဝင်ကြောင်း၊ ထို့ကြောင့် ရောဂါကူးစက်မှု နည်းပါးစေဖို့ ပိုမို သတိထားသင့်ကြောင်း အဆိုပါ ဆရာဝန်က တိုက်တွန်းထားသည်။

အင်းလေး

Stay at home သတ်မှတ်ခံထားရသည့် ညောင်ရွှေမြို့နယ်တွင် ယနေ့တွေ့ရှိသည့် ကိုဗစ်လူနာ (၃၅)ဦး အပါအဝင် ကိုဗစ်ကူးစက်ခံရသူ (၁၆၀၀)ကျော်၊ သေဆုံးသူ (၇၀)ကျော်နှင့် ဆေးရုံဆင်းခွင့်ရသူ (၁၂၀၀)ကျော် ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ

0
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။ “ လုံခြုံရေးတော့...

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...

အင်းလေး နေရပ်ပြန်စစ်ရှောင်များကို  PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ

0
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA  က  နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။