Wednesday, January 28, 2026

ကျိုင်းတုံတွင် တစ်နေ့တည်း ကိုဗစ်လူနာ (၁၂၃)ဦး စံချိန်တင်တွေ့ရှိ

သျှမ်းရှေ့ ကျိုင်းတုံမြို့တွင် သြဂုတ်လ (၂၂)ရက်နေ့ ယမန်နေ့က ကိုဗစ် − ၁၉ အတည်ပြုလူနာ တစ်နေ့တည်းကို (၁၂၃)ဦးထိ စံချိန်တင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျိုင်းတုံ

ကျိုင်းတုံတွင် အဆိုပါနေ့က မနက်ပိုင်းတွင် (၈၂)ဦးတွေ့ရှိခဲ့ပြီးနောက် ညနေပိုင်းတွင် (၄၁)ဦး ထပ်မံတွေ့ရှိခဲ့ရတာဖြစ်ကြောင်း စုံစမ်းသိရသည်။

“ကိုဗစ်လူနာတွေ့တာက အရမ်းကို တက်လာတယ်၊ မနေ့ကတော့ (၁၂၃)ယောက်နဲ့ စံချိန်တင်တွေ့ခဲ့တာပေါ့၊ သံဃာတော်တွေလည်းပါတယ်၊ ကျေးရွာမှာနေတဲ့သူတွေလည်း ပါတယ်” ဟု ကျိုင်းတုံမှ ပရဟိတအသင်းဝင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနေ့တွင် မြို့ပေါ်ဒေသခံများအပြင် သံဃာတော်(၂၅)ပါးနှင့် မိုင်းလန်း၊ မိုင်းခွန်၊ မိုင်းဇင်း၊ နောင်ကုန်နှင့် မိုင်းလပ်ကျေးရွာအုပ်စုများတွင်လည်း ကိုဗစ်ပိုး တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပရဟိတအသင်းမှ အသင်းဝင်များလည်း ကိုဗစ်ပိုး ကူးစက်ခံနေရသည့်အတွက် လုပ်ငန်းဆောင်ရွက်မှုများအား ယာယီရပ်နားထားရကြောင်း သိရသည်။

“မနေ့က ကိုဗစ်စစ်တဲ့ထဲမှာ အသင်းဝင် (၇)ယောက်လည်း ကိုဗစ်ပိုးတွေ့ခဲ့တယ်၊ PPE ဝတ်စုံတွေနဲ့ အရမ်းကို သတိထားပြီး ဆောင်ရွက်နေတဲ့ကြားက ကိုဗစ်ကူးစက်ခံရတာပါ၊ ခုတော့ လူအင်အားမရှိတော့လို့ ယာယီရပ်နားထားပါတယ်”ဟု အဆိုပါ ပရဟိတအသင်းမှ အသင်းဝင် အမျိုးသားတစ်ဦးက ပြောသည်။

ကျိုင်းတုံမြို့ကို ပြီးခဲ့သည့် သြဂုတ်လ (၁၉)ရက်နေ့က Stay at home အဖြစ် စစ်ကောင်စစ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

သျှမ်းရှေ့ ကျိုင်းတုံမြို့တွင် ယမန်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၁၀၈၀)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၅၃၉)ဦးနှင့် ယမန်နေ့ည သေဆုံးသူအပါအတွင် သေဆုံးသူစုစုပေါင်း (၁၅)ဦးထိ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့တွင် ၁၃မျဉ်းစောင်းကိုင်သူအချို့ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ သွားခွင့်လာပြုမည်ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတချို့သည် မြို့နယ်ထောက်ခံစာ လက်မှတ်ပါမှသာ သွားလာခွင့်ပြုမည်ဟု စုံစမ်းသိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် တအာင်း(ပလောင်) လူမျိုးတို့သည် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

ကျိုင်းတုံမြို့ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ကြီး တာဝန်ရပ်ဆိုင်းရန် မိဘများ တောင်းဆို

0
သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ် အမှတ် (၆) အခြေခံ ပညာမူလတန်းကျောင်းမှ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ဆရာမကြီးကို တာဝန်မှ ရပ်ဆိုင်းရန် ကလေး၏ မိဘများက တောင်းဆိုနေကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်တွင် ကျောင်းသား /သူများ လက်သည်း ညှပ်/မညှပ်ကို...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...