ရှုပ်ထွေးတဲ့ နိုင်ငံရေးကြား ဘိန်းစိုက်ပျိုးမှု တဖန်ပြန်ရှင်သန်လာ
တောင်တန်းတွေ အကြားမှာ အရမ်းကို လှပတဲ့ ရောင်စုံပန်းတွေဟာ ပန်းဥယျာဥ်ခြံ အလား ထင်ရအောင် ဝေဝေဆာဆာ ဖူးပွင့်နေကြပါတယ်။ အလှမ်းဝေးတဲ့ နေရာကနေ ကြည့်ရင်တော့ ရောင်စုံ အလှပန်းများလားလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ အလှပန်း စိုက်တဲ့ခြံမဟုတ်ဘဲ ဘိန်းစိုက်ခင်းတွေသာ ဖြစ်ပါတယ်။ ဘိန်းစိုက်ခင်း အဲ့ဒီ ရောင်စုံပန်းလို့ထင်ရတဲ့ ဘိန်းစိုက်ခင်းတွေဟာ...
“လွတ်လပ်မှုအတွက် ဆွေးနွေးယူလို့ မရနိုင်” သျှမ်းတော်လှန်ရေး ဖခင်ပြောခဲ့
မြူတွေဆိုင်းနေတဲ့ တောင်ကုန်းထိပ်မှာ လေစိမ်းတွေ တဖြူးဖြူးနဲ့တိုက်နေချိန်မှာ သျှမ်းဝတ်စုံ ကိုယ်စီဝတ်ဆင်ထားကြတဲ့ လူကြီးလူငယ်တွေ စုရုံးနေတာကို မြင်တွေ့ရပါတယ်။ အဲ့ဒီ လူအုပ်စုရှိ လက်တွေမှာလည်း တချို့ကတော့ သျှမ်းအမျိုးသားအလံ ကိုယ်စီကိုင်ဆောင်ထားသလို တချို့ကတော့ ထိုင်းနိုင်ငံ အလံကို ကိုင်ဆောင်ထားပါတယ်။ အဲ့ဒီနေရာကတော့ သျှမ်းတော်လှန်ရေး နယ်မြေလို့ လူအများသိတဲ့ ထိုင်း - မြန်မာနယ်စပ်...
“သျှမ်းလူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားဖို့ အရေးကြီးတယ် “
သျှမ်းဝတ်စုံကိုယ်စီ နဲ့ လူငယ်တွေဟာ မြေနီလမ်းအတိုင်း တက်ကြွတဲ့ ခြေလှမ်းတွေ နဲ့ လမ်းလျှောက်လာကြပါတယ်။ သူတို့ဟာ ညောင်ပင်ကြီးအောက်မှာ ပြုလုပ်တဲ့ ဟောပြောပွဲတစ်ခုကို ဦးတည်ပြီး လာနေကြတဲ့ လူငယ်တွေဖြစ်ပါတယ်။ အဲ့ဒီနေရာကတော့ သျှမ်းပြည် လားရှိုးခရိုင် သီပေါမြို့နယ် မိန်းခေးကျေးရွာအုပ်စု ဓမ္မသုခကျောင်းကွင်းပြင်မှာ ပြုလုပ်တဲ့ သျှမ်းလူငယ်များနေ့ အခမ်းအနားဖြစ်ပြီး တက်ရောက်လာတဲ့သူတွေဟာ ၅၄၀...
တိုင်းရင်းသား လူငယ်တွေကြား အတူယှဥ်တွဲနေထိုင်ရေး ဘယ်အရာက အခရာကျလဲ
နှစ်ပေါင်းများစွဲ လူမျိုးရေးအစွဲတွေကို ဖြေဖျောက်ဖို့ ပဋိပက္ခလျော့ချဖို့အတွက် တိုင်းရင်းသား လူငယ် ၂ ဦး ကတော့ ပအိုဝ်း နဲ့ သျှမ်း ဘာသာ နဲ့ သီချင်းကို ရေးစပ် သီဆိုထားပါတယ်။ အရင်က ပအိုဝ်း နဲ့ သျှမ်း လူငယ်တွေ ပူးပေါင်းပြီး သီချင်း သီဆိုတာ...
မွေးဖွားစရိတ်အတွက် ပူပန်သောက ရောက်နေတဲ့ စစ်ရှောင်ကိုယ်ဝန်သည်များ
“ပြောင်းဖူးခြံထဲမှာ နေကလည်းပူ၊ ယားကလည်းယား အဲ့လိုတော့ ခံစားရတာပေါ့။ တစ်ဖက်က ကိုယ့်အတွက်လည်း စားဝတ်နေရေးက လိုအပ်တယ်” လို့ အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ဒေါ်ဆာတီးနာက ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။ ဒေါ်ဆာတီးနာ ဟာ လက်ရှိမှာ ကိုယ်ဝန်ဆောင် (၈) လ လွယ်ထားရပြီး...
စစ်အာဏာရှင်ကိုတော်လှန်ချိန် လူမျိုးရေး ပဋိပက္ခမဖြစ်စေချင်
လူမျိုးတိုင်းမှာ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ရာ ဘာသာဓလေ့ရှိကြသလို ဘိုးဘွားအမွေအနှစ်မှ လက်ဆင့်ကမ်း လာတဲ့က ရိုးရာယဥ်ကျေးမှု ဓလေ့တွေကို တန်ဖိုးထား ထိန်းသိမ်းကြပါတယ်။ ယဥ်ကျေးမှု တခုဆိုတာ လူမျိုးတစုရဲ့ သင်္ကေတ တစ်ခုဖြစ်တဲ့ အလျောက် ပဋိပက္ခ ဖြစ်ပွားတိုင်းမှာ လူမျိုးစုရဲ့ အထွက်အမြတ်ထားတဲ့ အရာကို ဖျက်ဆီးမှု မပြုလုပ်သင့်ပါ။ ဒါပေမယ့် သျှမ်းအိုးစည်၊...
ဝိဝါဒ ကွဲပြားမှုများနဲ့ သမိုင်းတွင်လာတဲ့ ဖေဖော်ဝါရီ ၇ ရက်
ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ သျှမ်းပြည်အမျိုးသားနေ့ဟာ ၇၆ နှစ်တိုင်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၁၉၄၇ခုနစ် ဖေဖော်ဝါရီလ ၇ ရက်ဟာ "ပဒေသရာဇ် သျှမ်းကောင်စီ" ကို ဖျက်သိမ်းလိုက်ပြီးတဲ့ နောက် အုပ်ချုပ်သူစော်ဘွားတွေနဲ့ လူထု ကိုယ်စားပြုတဲ့ သျှမ်းအမျိုးသား ခေါင်းဆောင်တွေ စုပေါင်းပြီး သျှမ်းအမျိုးသားများ...
မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...
စစ်အာဏာသိမ်း ၂ နှစ်ပြည့် လူငယ်တွေရဲ့ ဘာတွေမျှော်လင့်နေလဲ
စစ်တပ်မှ နိုင်ငံတော် အာဏာကိုသိမ်းယူလာခဲ့တာ ယနေ့ (ဖေဖော်ဝါရီ ၁) ရက်နေ့ဆိုရင် ၂ နှစ်တင်းတင်းပြည့် ခဲ့ပါပြီ။ ၂ နှစ်တာ ကာလအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ စုစုပေါင်း (၂,၉၄၀) ဦး ကျဆုံးခဲ့ရပါတယ်။ စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်တာ...
အမျိုးသမီးတွေ ကာယအိန္ဒြေပျက်အောင်စစ်ဆေးတဲ့ စကစ တပ်သားများ
ဆိုင်ကယ်ကို တဖြည်းဖြည်း မောင်းနှင်လာချိန်မှာ စစ်ယူနီဖောင်း ဝတ်ဆင်ထားပြီး လက်နက်ကိုင်အပြည့်နဲ့ ရပ်စောင့်နေတဲ့ တပ်သားတွေကို ရုတ်တရက်မြင်လိုက်တော့ လှည့်ပြန်ဖို့ သူမတို့ ၂ ဦး စဥ်းစားခဲ့မိပါတယ်။ ဒါပေမယ့် ရွေးချယ်စရာ တခြားဖြတ်လမ်းမရှိတဲ့အတွက် စစ်ကောင်စီတပ်စောင့်တဲ့ နေရာကိုသာ စိတ်အားတင်းပြီး တည့်တည့်ဆက်မောင်းခဲ့ပါတယ်။ အဲ့ဒီ စစ်ကောင်စီ စစ်ဆေးရေးရှိတဲ့ နေရာဟာ ရွာငံ...





