“လွတ်လပ်မှုအတွက် ဆွေးနွေးယူလို့ မရနိုင်” သျှမ်းတော်လှန်ရေး ဖခင်ပြောခဲ့

မြူတွေဆိုင်းနေတဲ့ တောင်ကုန်းထိပ်မှာ လေစိမ်းတွေ တဖြူးဖြူးနဲ့တိုက်နေချိန်မှာ သျှမ်းဝတ်စုံ ကိုယ်စီဝတ်ဆင်ထားကြတဲ့ လူကြီးလူငယ်တွေ စုရုံးနေတာကို မြင်တွေ့ရပါတယ်။

ထိုင်း – မြန်မာ နယ်စပ်ရှိ ပြည်သူများ

အဲ့ဒီ လူအုပ်စုရှိ လက်တွေမှာလည်း တချို့ကတော့ သျှမ်းအမျိုးသားအလံ ကိုယ်စီကိုင်ဆောင်ထားသလို တချို့ကတော့ ထိုင်းနိုင်ငံ အလံကို ကိုင်ဆောင်ထားပါတယ်။

အဲ့ဒီနေရာကတော့ သျှမ်းတော်လှန်ရေး နယ်မြေလို့ လူအများသိတဲ့ ထိုင်း – မြန်မာနယ်စပ် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ပိန်းလုံမြို့နယ် ကုန်းကျော်စစ်ရှောင်စခန်းမှာပါ။ လမ်းလျှောက်လာတဲ့ လူတွေကတော့ သျှမ်းတော်လှန်ရေးတပ် ဦးဆောင်တည်ထောင်သူ စဝ်နွဲ့ (ခေါ်) ဆောယန္တ အရိုးပြာကို အုဋ်ဂူသွင်း အခမ်းအနားကို ချီတက်လာကြတဲ့သူတွေပဲ ဖြစ်ပါတယ်။

စဝ်နွဲ့ ခေါ် စဝ်ဆောယန္တ

စဝ်နွဲ့ရဲ့ အုဋ်ဂူကို ကုန်းကျော်စခန်းမှာ ထားရတဲ့အကြောင်းရင်းကတော့ စဝ်နွဲ့ရဲ့သား၊ သမီးတွေ ဆွေမျိုးရင်းချာတွေနဲ့ တော်လှန်ရေး မိသားစုတွေ သံဃာတော်တွေက သျှမ်းစစ်ဘေးရှောင်တွေမှာ နေထိုင်တဲ့အတွက် အဲ့ဒီမှာ ထားရခြင်းဖြစ်ပါတယ်။

စဝ်နွဲ့ရဲ့ သားဖြစ်သူ စိုင်းဆိုင်မိန်း က-“ အဖေဆုံးသွားပြီးနောက်ပိုင်းမှာ အဖေ့ရဲ့ အရိုးစုတွေကို ကျနော်တို့ ညီအစ်ကို၊ မောင်နှစ်မ ခွဲဝေစုပေးခဲ့ကြပါတယ်။ အခု အဖေ့ အရိုးစုတွေကို အုဋ်ဂူထဲ ပြန်သွင်းပြီး လှူဒါန်းကောင်းမှုကုသိုလ်ကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီပွဲဖြစ်မြောက်ရေးအတွက် ကျနော်တို့ မိသားစု၊ ဆွေမျိုး မိတ်ဆွေအပါအဝင် တော်လှန်ရေး မိသားစုတွေ စုပေါင်းပြီး လှူဒါန်းထားပါတယ်။ တစ်ဖက်ကလည်း သံဃာတော်တွေက ကူညီပံ့ပိုးခဲ့ပါတယ် “လို့ ပြောဆိုခဲ့ပါတယ်။

စဝ်နွဲ့ အရိုးစုတွေကို အုဋ်ဂူထဲ ပြန်သွင်းစဥ်

အဲ့ဒီအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာ သျှမ်းတော်လှန်ရေးနယ်မြေမှာ နေထိုင်တဲ့ သျှမ်းပြည်လူထု၊ သံဃာတော်တွေ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ခေါင်းဆောင်၊ သျှမ်းစစ်ဘေးရှောင်၊ လီဆူး စစ်ဘေးရှောင်အပါအဝင် စုစုပေါင်း လူဦးရေ (၅၀၀) ခန့် တက်ရောက်ခဲ့ပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် ( RCSS/SSA )တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က “လူတစ်ယောက် တော်လှန်ရေး ဖြစ်လာရတဲ့ အကြောင်းအရင်းက ကိုယ့်အမျိုးသားရေး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးလွန်းလို့ ဖြစ်လာခဲ့တယ်။ တိုက်ရဲသလို အောင်ပွဲလည်း ခံရဲတယ်။ သေလည်း သေရဲတယ်။ စဝ်ဆောယန္တရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရမယ်ဆိုရင် စဝ်ဆောယန္တက အမျိုးသား တော်လှန်ရေး လုပ်ငန်းကို တစိုက်မတ်မတ် ဦးဆောင်ပြီး သက်စွန့်ပြီး ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သူဖြစ်တယ်”လို့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်

သျှမ်းပြည်တော်လှန်ရေး ဖခင်ကြီး စဝ်နွဲ့ လုပ်ဆောင်လာခဲ့သမျှဟာ အလကား မဖြစ်စေဖို့ ဦးတည်ချက် မရောက်မချင်း ကျနော် ဆက်လက် ကြိုးပမ်းသွားမယ် လို့လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆက်လက် ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ဝမ်းနည်းသဝဏ်လွှာ ဖတ်ကြားခဲ့ပြီးနောက် စဝ်ဆောယန္တရဲ့ သားဖြစ်သူ စိုင်းဆိုင်မိန်းနဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်တို့က စဝ်နွဲ့ရဲ့ အရိုးပြာကို ဂူသွင်းခဲ့ပြီး စေတီတည်ခဲ့ပါတယ်။

ဆက်လက်ပြီး စဝ်နွဲ့ရဲ့ ဇနီးဟောင်းဖြစ်သူ မယ်သီလရှင်က “ဆရာလေး အနေနဲ့လည်း ကိုယ့်သျှမ်းလူမျိုးတွေ စည်းစည်းလုံးလုံးမြင်နေရရင် အရမ်းကို ပျော်တယ်။ ပြီးတော့ ဂုဏ်လည်းဂုဏ်ယူမိတယ်။ တကယ်လို့သာ ဆရာလေးတို့ သျှမ်းလူမျိုးတွေက စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် နဲ့ သဘောထားတိုက်ဆိုင် တူညီနေကြမယ်ဆိုရင် ဆရာလေး တို့ သျှမ်းပြည်ကြီးဟာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရနေတာကြာပြီ” လို့ ဆိုပါတယ်။

စဝ်နွဲ့ရဲ့ ဇနီးဟောင်းဖြစ်သူ မယ်သီလရှင်

စဝ်နွဲ့ ရဲ့ အရိုးပြာ ဂူသွင်းအခမ်းအနားကို သျှမ်းတိုင်းရင်းသားတွေအပြင် တချိန်တခါက သျှမ်းလူမျိုးကြောင့် မြန်မာ-ထိုင်းနယ်စပ်မှာ ကောင်းမွန်စွာ နေထိုင်ရတဲ့ လီဆူးတိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

“အရင်တုန်းက ကျနော် သျှမ်းပြည်မှာ နေခဲ့ပါတယ်။ စစ်တပ်က ညှင်းပင်းနှိပ်စက်မှုကြောင့် မနေနိုင်တော့လို့ ကျနော်တို့တွေ ထိုင်းနယ်စပ်ကို ထွက်ပြေး လာခဲ့ပါတယ်။ သျှမ်းပြည်မှာ နေလို့မရတော့ဘူး မီးလောင်နေပြီလေ၊ ဒီကိုလာနိုင်ခဲ့တာလည်း ကျနော်တို့ သျှမ်းလူကြီးတွေရဲ့ ကျေးဇူးကြောင့်ပေါ့နော်။ ဒီနေ့ ဒီချိန်ထိ ကျနော်တို့ သျှမ်းလူကြီးတွေရဲ့ ကျေးဇူးကို မမေ့မပျောက်ဘဲ ဒီ အခမ်းအနားကို ပါဝင်တက်ရောက်တာ ဖြစ်တယ် “ လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လီဆူးတိုင်းရင်းသား လုံးပီး က ပြောဆိုခဲ့ပါတယ်။

ထိုင်း – မြန်မာ နယ်စပ်မှ ပြည်သူများ

အခမ်းအနား မှာ စဝ်နွဲ့ ရဲ့ သမိုင်းအကြောင်း ဓာတ်ပုံကို ပြထားသလို အတ္ထုပတ္တိအကျဉ်းကိုလည်း ဖတ်ကြားပေးခဲ့ပါတယ်။

စဝ်နွဲ့ ဟာ တရုတ်နိုင်ငံ မိုင်းဝမ်းစော်ဘွားရဲ့ သားတော်တပါး ဖြစ်ပြီး၊ ၁၉၂၇ ခုနှစ်မွေးဖွားခဲ့သူဖြစ်ပါတယ်။ ကြီးပြင်းအရွယ်ရောက် လာတဲ့အခါ ဖခင်နဲ့အတူ မိုင်းမောကြီးဟော်နန်းအတွင်း မင်းမူထမ်းလာခဲ့ရပါတယ်။ ၁၉၄၀ ခုနှစ်မှာတော့ ဗန်းမော်မြို့ရှိ ကချင်ကျောင်းမှာ ဆဌမတန်းကျောင်းသားအဖြစ် မြန်မာစာ နှင့် ကချင်စာကို ဆည်းပူးခဲ့ပါတယ်။

စဝ်နွဲ့ ခေါ် စဝ်ဆောယန္တ ပုံ

၁၉၄၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံကို စစ်ပညာတော်သင် သွားရောက်ခဲ့ရပြီး ၁၉၄၃ ခုနှစ်မှာ သတင်းပိုင်းဆိုင်ရာ ပညာရပ်တွေကို အမေရိကန် (USA ) တပ်ထဲမှာ လေ့လာသင်ယူခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၄၄ ခုနှစ်တွင် ကမ္ဘာ့မဟာမိတ်တပ်ဖွဲ့ရဲ့ တပ်မှူးရာထူးနဲ့ ထုန့်မောဝ်းဒေသ မူဆယ်၊ နမ့်ခမ်း၊ မိုးမိတ်၊ ထုန့်လွိုင်ဟိုဆေ စတဲ့ဒေသက သျှမ်းပြည်ထဲမှာရှိတဲ့ ဂျပန်တွေကို တိုက်ထုတ်ခဲ့ပါတယ်။

၁၉၄၅ ခုနှစ် ဒုတိယ ကမ္ဘာ့စစ်ပြီးတဲ့နောက်ပိုင်းမှာတော့ (BNA) တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။

စဝ်နွဲ့က အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေး ရယူဖို့အတွက် တိုင်းရင်းသား အဖွဲ့အစည်းတွေကို စည်းလုံးရေး လှုံ့ဆော်တဲ့ အပိုင်းမှာ တာဝန်ယူခဲ့ပါတယ်။

အမျိုးသားတန်းတူရေးရှိဖို့၊ ဒီမိုကရေစီ အခွင့်အရေး ရရှိစေဖို့ ၊ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ လိုလားကြလို့ သျှမ်းစော်ဘွားတွေ ဦးဆောင်ပြီး ကချင်၊ ချင်းခေါင်းဆောင်တွေနဲ့အတူ ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်မှာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နွံစစ်ဟန် ခေါ် ရဲရင့်သော သျှမ်းတော်လှန်ရေးတပ် မှ သစ္စာရေ သောက်သုံးစဥ်

ဗမာမဟုတ်တဲ့ သျှမ်း ၊ ကချင် ၊ ချင်း နဲ့ တခြားလူမျိုးစုတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ထိန်ချန်ပြီး ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့တယ်။ ပင်လုံစာချုပ် နဲ့ ဆန့်ကျင်သွေဖီပြီး တိုင်းပြည် ကို ဗမာခေါင်းဆောင်တွေက ချယ်လှယ်လာခဲ့တယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၀ ခု နှစ် အတွင်းမှာ တရုတ်ဖြူတွေ သျှမ်းပြည်အတွင်း နယ်ကျွံ ဝင်ရောက်လာပြီး သျှမ်းလူထုတွေအပေါ် တရုတ်ဖြူတွေက အခွင့်ရေး ချိုးဖောက်တယ်။

စဝ်နွဲ့ မှ မိန့်ခွန်းပြောကြားစဥ်

ဗမာ့တပ်မတော်ဟာ ကူတိုက်ပေးမယ်ဆိုပြီး သျှမ်းပြည်ဆီကို စစ်အင်အား အလုံးအရင်း နဲ့ ၁၉၅၂ မှာ ရောက်ရှိလာခဲ့ပေမယ့် တရုတ်ဖြူတွေကို နိမ်နှင်းတိုက်ခိုက်တာတွေ မလုပ်တဲ့အပြင် သျှမ်းပြည်သူတွေ အပေါ် လူ့အခွင့်အရေးတွေ အမျိုးမျိုး စတင်ချိုးဖောက်တော့တာပါပဲ။

၁၉၅၈ ခုနှစ်မှာ ဖွဲ့စည်းပုံ ပြင်ဆင်လိုတဲ့ သျှမ်းခေါင်းဆောင်တွေကို အန်တုပြီး ဗမာစစ်အုပ်စုရဲ့ ဖိနှိပ်ဒဏ်ကို မခံနိုင်ကြတဲ့ အတွက် စဝ်ဆောယန္တ ဦးဆောင်ပြီး သျှမ်းမျိုးချစ်လူငယ် ၃၁ ယောက် ပါဝင်သော အဖွဲ့တစ်ဖွဲ့ဟာ ၁၉၅၈ မေလ ၂၁ ရက်နေ့ မိုင်းတုံမြို့ နယ် နမ့်ကျွက်ချောင်းဘေး တောတွင်းတစ်နေရာမှာ သျှမ်းပြည် လွတ်လပ်ရေးရရှိဖို့ နယ်ချဲ့ဗမာ တပ်မတော်ကို တွန်းလှန်ဖို့ သွေး သစ္စာရေသောက်ခဲ့ကြပြီး တော်လှန်ရေးသမိုင်း ပထမ စာမျက်နှာ စဖွင့်လိုက်ပါတော့တယ်။

နွံစစ်ဟန် ခေါ် ရဲရင့်သော သျှမ်းလူငယ်တပ်မတော်

စဝ်ဆောယန္တက မောသျှမ်းအချို့နှင့် မိုင်းပန်၊ မိန်းဖန်တို့မှ သျှမ်းမျိုးချစ်လူငယ်များ စုစည်း၍ (၁၉၅၈/၅/၂၁) နေ့တွင် သျှမ်းပြည်၏ ပထမဦးဆုံးသော အမျိုးသားလက်နက်ကိုင်တော်လှန်ရေးတပ်မတော် (နွံစစ်ဟန်လို့ခေါ်တဲ့ ရဲရင့်သော သျှမ်းလူငယ်တပ်မတော်) ကို စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

တန်းတူညီမျှမှု ၊ တရားမျှတမှု မရှိလို့ လွတ်လပ်ရေးအတွက် ရရာ လက်နက် ဓားတွေ လှံတွေကို ဆွဲကိုင်ခဲ့တဲ့ တော်လှန်ရေးခရီးကို စဝ်နွဲ့ ခေါ် ဆောယန္တ က ဦးဆောင်ပြီး စတင်ခဲ့နေ့ဖြစ်ပါတယ် ။

စဝ်နွဲ့ဟာ သျှမ်းပြည်လွတ်မြောက်ရေးအတွက် လုပ်ဆောင်ရင်း အသက် ၆၉ နှစ်အရွယ် (၁၉၉၆ ခုနှစ်) မှာ ချင်းမိုင်မြို့ နေအိမ်မှာ ကွယ်လွန်ဆုံးပါးသွားခဲ့ပါတယ်။

နွံစစ်ဟန် ခေါ် ရဲရင့်သော သျှမ်းလူငယ်တပ်မတော်

“လူမှုအသိုင်းအဝန်းကို အမြဲကူညီဖို့၊ သျှမ်းလူမျိုးတွေရဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ဖို့” စဝ်နွဲ့ သားဖြစ်သူ စိုင်းဆိုင်မိန်း က ပြန်လည်ပြောပါတယ်။

ချယ်ရီပင်ထိပ်ကိုကြည့်ပြီး မာနတွေ ထောင်လွှားနေမယ်ဆိုရင် ချယ်ရီပင်အောက်မှာ ရှိတဲ့ပေါင်းပင်တွေကို မရှင်းလင်းပဲနဲ့ ရာထူး ဂုဏ်ထူးမှတ်နေရင် ချုံပုတ်တွေလွှမ်းပြီး ချယ်ရီပန်းပွင့်နိုင်တော့မှာ မဟုတ်ကြောင်း သျှမ်းခေါင်းဆောင်တွေကို စဝ်နွဲ့က မှာကြားခဲ့ပါတယ်။

“ငြိမ်းချမ်းရးနဲ့ပတ်သက်ပြီး ပြောကြားချက်ကတော့ “ လွတ်လပ်ရေး တန်းတူရေးအတွက်က တောင်းယူလည်းသူတို့ပေးမှာ မဟုတ်ဘူး။ ဆွေးနွေးယူလည်း ရမှာမဟုတ်ဘူး။ လက်နက်ကိုင်ပြီးတိုက်ယူမှ ရမယ်”

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...