စစ်အာဏာရှင်ကိုတော်လှန်ချိန် လူမျိုးရေး ပဋိပက္ခမဖြစ်စေချင်

လူမျိုးတိုင်းမှာ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ရာ ဘာသာဓလေ့ရှိကြသလို ဘိုးဘွားအမွေအနှစ်မှ လက်ဆင့်ကမ်း လာတဲ့က ရိုးရာယဥ်ကျေးမှု ဓလေ့တွေကို တန်ဖိုးထား ထိန်းသိမ်းကြပါတယ်။

သျှမ်းအိုးစည်တွေကို ဖျက်ဆီးနေစဥ်

ယဥ်ကျေးမှု တခုဆိုတာ လူမျိုးတစုရဲ့ သင်္ကေတ တစ်ခုဖြစ်တဲ့ အလျောက် ပဋိပက္ခ ဖြစ်ပွားတိုင်းမှာ လူမျိုးစုရဲ့ အထွက်အမြတ်ထားတဲ့ အရာကို ဖျက်ဆီးမှု မပြုလုပ်သင့်ပါ။

ဒါပေမယ့် သျှမ်းအိုးစည်၊ ဗုံမောင်း၊ သျှမ်းပြည်အလံတွေကို စစ်ဝတ်စုံ နဲ့ တပ်သားတစ်စုက တစ်စတစ်စ ဖြစ်အောင် ရိုက်ဖျက်နေတဲ့ ဗီဒီယိုဖိုင်တွေဟာ လူမှုကွန်ယက်ပေါ် ပြန့်နှံ့လာခဲ့ပါတယ်။

အဲ့ဒီ ဗီဒီယိုဖိုင်ပေါ်မှာ KIA နဲ့ PDF တို့ ပူးပေါင်းပြီး သျှမ်းတူရိယာတွေကို ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒီဖြစ်ရပ်ဟာ ၂၀၂၂ ခုနစ် နိုဝင်ဘာ လလယ်ပိုင်းမှာ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နမ့်နန်းကျေးရွာထဲ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်စခန်းကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF 124 တို့ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းမှာ HPDF 124 က သျှမ်းအိုးစည်ဗုံမောင်းတွေ သျှမ်းအလံတွေကို ဖျက်ဆီးခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

သျှမ်းအိုးစည်ကို ဖျက်ဆီးနေစဥ်

HPDF တပ်သားတွေ ဟာ နမ့်နန်းကျေးရွာ SNA တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ပျော်ရွှင်ပြီးတော့ စခန်းအတွင်းရှိ သျှမ်းတူရိယာ၊ သျှမ်းပြည်အလံတွေကို ဖျက်ဆီးလိုက်ခဲ့မိတယ်လို HPDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ချာလီက ပြန်ပြောပြပါတယ်။

“ဘာပဲ ပြောပြော ကျနော်တို့လည်း အဲ့တပ်စခန်းကို သိမ်းနိုင်ခဲ့လို့ ပျော်ပြီးတော့ လုပ်လိုက်မိတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျနော်တို့ မှားသွားတယ်လို့ သိလိုက်တယ်” ချာလီက ဝန်ခံလိုက်ပါတယ်။

အဲ့နောက်ပိုင်းမှာ HPDF တပ်သားတွေဟာ သျှမ်းအိုးစည်၊ ဗုံမောင်းတွေ သျှမ်းအလံတွေ ဖျက်ဆီးလိုက် ပြီးနောက် ကျေးရွာလူကြီးကို ပြန်ဆက်သွယ်ခဲ့ပြီး လျော်ကြေးငွေ ပြန်ပေးခဲ့ကြောင်းလည်း ချာလီက ဆိုပြန်ပါတယ်။

HPDF

“ကျနော်တို့ ဒဏ်ရာဒဏ်ကြေးအတိုင်း ပစ္စည်းရဲ့ တန်းဖိုးအတိုင်း ကျနော်တို့ဘက်က အခကြေးငွေ ပြန်ပေးခဲ့တယ်” လို့ ချာလီက ပြောပါတယ်။

ဖျက်ဆီးခဲ့လိုက်တဲ့ သျှမ်းရိုးရာ အိုးစည်ဗုံမောင်းတွေဟာ ကျေးရွာ ဒေသခံပိုင် ပစ္စည်း မဟုတ်သလို၊ SNA တပ်စခန်းဟာဖြစ်တဲ့အတွက် ဖျက်ဆီးခဲ့ကြောင်း ချာလီက ထပ်ရှင်းပြပါတယ်။

“ဒီပစ္စည်းတွေက ဒေသခံပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး SNA ပိုင်တဲ့ပစ္စည်းမလို့ ကျနော်တို့ ဖျက်ဆီးလိုက်တာပါ” လို့ ၎င်း ဆိုပါတယ်။

လူမျိုးတိုင်းမှာ ကိုယ်ပိုင်ယဥ်ကျေးမှု တိုးတက်ခြင်းနဲ့အတူ အခြားသော အနုသုခုမတွေ ပါဝင်ပတ်သက်လျက် ရှိပါတယ်။

လူမျိုးတွေရဲ့ လူမှုဘဝ အနိမ့်အမြင့်တွေ အမျိုးသားရေး လက္ခာဏဆိုင်ရာအမှတ်အသားတွေ အနုသုခုမတွေ စာပေတွေဟာ မပျောက်ပျက်အပ်၊ မပျက်စီးအပ်စေဘဲ ထိန်းသိမ်းကာကွယ် စောင့်ရှောက်အပ်သော အမျိုးသားရေး တာဝန်တွေမှ အစိတ်အပိုင်း တရပ်ဖြစ်ပါတယ်။

လူမျိုးနွယ်တစ်ခုရဲ့ ယဥ်ကျေးမှု ပြယုဂ်တွေကို စော်ကားတာ၊ မိုက်ရိုင်းစွာ ယဥ်ကျေးမှုပစ္စည်းတွေ ဖျက်ဆီးတာ တွေဟာ ယုတ်မာတဲ့ အပြုအမူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရှမ်းနီနွယ်ဖွား လူငယ်များ အဖွဲ့ချုပ် (SNYO) က ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဗီဒီယိုဖိုင်ကို HPDF တို့က ဖြန့်ခဲ့တာမဟုတ်ဘဲ SNA ဘက်မှ ဖြန့်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ နတ်နန်းမှာ တိုက်ပွဲဖြစ်ခဲ့စဉ်အတွင်း ကျနော်တို့ရဲ့ လက်ကိုင်ဖုန်းတချို့ကို ရန်သူ (SNA) လက်ထဲ ပါသွားတာရှိတယ်။ အဲ့ဒီထဲကနေပြီးတော့ စတင်ပြီး ပြန့်သွားတာခဲ့ပါ” လို့ ချာလီက ဆိုပါတယ်။
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်း မြန်မာ၊ ကချင်၊ သျှမ်းနီ လူမျိုးတို့ စုပေါင်းနေထိုင်တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

သျှမ်းတိုင်းရင်းသားလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ရိုးရာယဥ်ကျေးမှုကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီးနေတဲ့ ရုပ်သံကို မြင်တွေ့ရချိန်မှာ သျှမ်းနီ အမျိုးသားလူငယ် စိုင်းဆိုင်မိန်းက တုန်လှုပ်ခြောက်ခြားခဲ့ရကြောင်း ရင်ဖွင့်လာပါတယ်။

တိုက်ပွဲအတွင်းမှာ တစ်ဖက်က ကျဆုံးခဲ့ပါက လူမျိုးစုတစ်စုရဲ့ ရိုးရာပစ္စည်းတွေကို ဖျက်ဆီးလိုက်တာဟာ မသင့်တော်ကြောင်း နဲ့ မဖြစ်သင့်ကြောင်း စိုင်းဆိုင်မိန်းက ထောက်ပြပြောဆိုလာပါတယ်။

“ဒါက ရှမ်းနီတွေကိုပဲ စော်ကားလိုက်တာမဟုတ်ဘူး။ သျှမ်းအမျိုးသား တစ်ခုလုံးကို စော်ကား လိုက်တာပဲ ဖြစ်တယ်။ ဒါက သျှမ်းတွေရဲ့ တူရိယာတွေကို ဖျက်ဆီးလိုက်တာဆိုတော့ သျှမ်းလူထု တစ်ရပ်လုံးကို စိန်ခေါ်လိုက်တာ နဲ့တူတယ်” လို့ ၎င်းက ပြောပါတယ်။

ရှမ်းနီ (တိုင်းလျန်) တို့သည် ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်းတွင် အများစု နေထိုင်ကြပါတယ်။

ကချင်ပြည်ထဲတွင် သျှမ်းနီ၊ တိုင်းလုံ၊ တိုင်းနေ၊ တိုင်းဆာ၊ တိုင်းခမ်းတီ သျှမ်းမျိုးနွယ် ၅ ခုက ကချင်ပြည်နယ် အသီးသီးမှာ နေထိုင်ကြပါတယ်။ မြစ်ကြီးနား ၊ မိုးညှင်း ၊ မိုးကောင်း စတဲ့ ဒေသတွေမှာ ရှမ်းနီလူမျိုး ၅ သိန်း ဝန်းကျင်ခန့်ရှိတယ်လို့ ရှမ်းနီ စာပေ နှင့် ယဉ်ကျေးမှု အဖွဲ့က ဆိုထားပါတယ်။

ခေတ်အဆက်ဆက် ရင်းရင်းနှီးနှီး နေထိုင်လာခဲ့တဲ့ ကချင် နဲ့ ရှမ်းနီတို့ဟာ အရပ်သားအချင်းချင်း စစ်ရေးလှုံဆော်မှု နဲ့ နားလည်မှု လွဲမှားခဲ့တဲ့အတွက်ကြောင့် ၁၉၇၃ ခုနှစ်မှစ ကနေ့ထိ ပဋိပက္ခတွေက တရိပ်ရိပ် ကြီးမားလာပါတယ်။

ဒီလို လူမျိုးရေး ပဋိပက္ခတွေကြားမှာ အခုလို လူမျိုးတစ်မျိုး ရဲ့ အထွတ်အမြတ်ထားတဲ့ အရာကို ဖျက်ဆီးလိုက်တာဟာ ပဋိပက္ခ မီးကို ပိုကြီးမားလာစေကြောင်း သျှမ်းပြည် ဗဟို ရှမ်းစာပေ နှင့် ယဥ်ကျေးမှု ဥက္ကဌ စိုင်းမောင်တင် က ပြောပါတယ်။

သျှမ်းအိုးစည်တွေကို ဖျက်ဆီးနေစဥ်

“လူမျိုးတစ်မျိုးရဲ့ အထွတ်မြတ်ထားတဲ့ အိုးစည်ဗုံမောင်း တူရိယာ ပစ္စည်းတွေကို အဲ့လို ဖျက်ဆီး လုပ်လိုက်တာ တော့ လုံးဝမဖြစ်သင့်ဘူး။ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ဘယ်တိုင်းရင်းသားပဲ ဖြစ်ဖြစ် ဒီ ပြည်ထောင်စု တိုင်းရင်းသား နယ်မြေ အတူယှဉ်တွဲနေထိုင်ရတဲ့အထဲမှာ တိုင်းရင်းသားဓလေ့ တူရိယာ အိုးစည်တွေကို ဖျက်ဆီးပြီးတာကတော့ လုံးဝမသင့်တော်ပါဘူး”လို စိုင်းမောင်တင် က ထောက်ပြ ပြောဆိုလိုက်ပါတယ်။

အခုလို ပြုလုပ်တဲ့ လုပ်ရပ်ကို ဘယ်လူမျိုးမှလည်း လက်မခံနိုင်သလို ဒီလို နိုင်ငံရေး ရှုပ်ထွေးနေတဲ့ချိန်မှာ ဆင်ခြေပြီး လုပ်ရမဲ့ကိစ္စဖြစ်ကြောင်းလည်း စိုင်းမောင်တင်က ပြောပါတယ်။

“ရှေ့ဆက်ပြီးတော့လည်း အမုန်းမပွားချင်ဘူး။ အခု လုပ်သွားတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကတော့ ‌နောင်တစ်ချိန်မှာ တာဝန်ယူ ဖြေရှင်းရမဲ့ တာဝန်ရှိတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

နိုင်ငံရေး ပြဿနာကြောင့် တပ်အချင်းချင်းကြား စစ်မီးတွေ တောက်လောင်နေချိန်မှာ လူမျိုးစုရဲ့ ရိုးရာပစ္စည်းကို လိုက်ဖျက်ဆီးနေတာဟာ လူမျိုးရေး ပဋိပက္ခကို ဖြစ်ဖို့ တွန်းအားပေးနေတဲ့ သဘောဖြစ်ကြောင်း ကချင်ပြည် မြစ်ကြီးနားတွင် နေထိုင်တဲ့ အသက် ၃၀ နှစ်အရွယ် မအာနန်း က ပြောဆိုလိုက်ပါတယ်။

“နိုင်ငံရေးကြောင့် အချင်းချင်း ပစ်နေတာ ထားလိုက်။ ဒီလို တဖက်ရဲ့ ရိုးရာဓလေ့ကို ဖျက်ဆီးနေတာကိုတော့ မဖြစ်သင့်ဘူးလေ။ ကိုယ့်ကချင် လူမျိုးရဲ့ ရိုးရာကိုလည်း ထိတာ လက်မခံနိုင်သလို သူများရိုးရာကိုလည်း ထိတာ လက်မခံနိုင်ဘူး။ ဒါက အခြေခံ ဒီမိုကရေစီ သဘောတရားပဲ” လို့ မအာနန်းက ဆိုပါတယ်။

ကချင်း နဲ့ သျှမ်းနီ လူမျိုးစုတွေဟာ ကချင်ပြည်မှာ နှစ်ပေါင်းများစွာ အတူယှဥ်တွဲ နေထိုင်လာကြတဲ့ လူမျိုး ဖြစ်ကြပြီး၊ အခုလို နိုင်ငံရေး စစ်အာဏာရှင်ကို စုပေါင်း တိုက်ဖျက်နေချိန်မှာ မဖြစ်သင့်တဲ့ ပဋိပက္ခတွေထပ်ပြီး မဖြစ်ပွားစေချင်ကြောင်းလည်း သူမက တောင်းဆိုလိုက်ပါတယ်။

သျှမ်းအိုးစည်တွေ ဖျက်ဆီးခဲ့တဲ့ ဟုမ္မလင်း PDF တပ်ဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအဖွဲ့ NUG ရဲ့ တရားဝင်လက်အောက်ခံ တပ်ဖွဲ့ဖြစ်ပါတယ်။

“ဟုမ္မလင်း PDF က NUG ရဲ့ လက်အောက်ခံတပ်ဖွဲ့ဆိုတော့ သူတို့ကို ဘယ်လိုအရေးယူမှာလဲ။ စစ်ရေးမှာ လူမျိုးရေး မထိဖို့က အရမ်းအရေးကြီးတယ်” လို့ မအားနန် က ပြောပါတယ်။

လူမျိုးတခုရဲ့ ယဥ်ကျေးမှု ပစ္စည်းတွေကို ဖျက်ဆီးမှုတွေပြုလုပ်တာကို ကန့်ကွက်ကြောင်း ရှမ်းနီလူငယ်များ အဖွဲ့ချုပ် (SNYO) က ရှုံ့ချတဲ့ကြေညာချက်ကို ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

“အခုလို သျှမ်းလူမျိုးတမျိုးရဲ့ ယဥ်ကျေးမှု ပစ္စည်းတွေကို ဖျက်ဆီးတာဟာ စော်ကားတာပဲ။ ဒီပြဿနာကို လူသိရှင်ကြား ပြန်ဖြေရှင်းဖို့လိုအပ်တယ်။ အခုတော်လှန်ရေးကနေ လူမျိုးရေးပဋိပက္ခထပ်မဖြစ်စေချင်ဘူး” လို့ ဟုမ္မလင်းမြို့နေ သျှမ်းနီ လူငယ် တစ်ဦးက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...