Tuesday, January 27, 2026

နောင်ချိုမြို့ တိုက်ပွဲကို စစ်ကောင်စီက လေကြောင်း နဲ့ အပြင်းအထန် ထိုးစစ်ဆင်နေ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်း အကူအညီဖြင့် KIA နှင့် ပူးပေါင်း PDF တို့ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းသိရသည်။

ပုံ/ဟောင်း – နောင်ချိုမြို့နယ် ရဲကင်းစခန်း တိုက်ခိုက်ခံရစဥ်

ယနေ့ (ဖေဖော်ဝါရီ ၁၀) ရက် နံနက်ပိုင်း ၅ နာရီခွဲ ဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်း တိုက်ခိုက်မှု အကူအညီဖြင့် နောင်ချိုမြို့နယ် ခေးနင်း (ဒိုးပင်) ကျေးရွာ အုပ်စု၊ လုံခန်ရွာအနီးရှိ KIA နှင့် ပူးပေါင်း PDF တို့ကို လက်နက်ကြီးများ နှင့် အတူ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ နေရာက နောင်ချိုမြို့နဲ့ ဆိုရင် ၅ မိုင်လောက်ပဲ ကွာဝေးတယ်၊ စစ်တပ်က တိုက်လေယာဥ် ၃ စီး နဲ့ ဗုံးတွေ ကြဲချတယ်၊ ပြီးတော့ လက်နက်ကြီးနဲ့လည်း လှမ်းပစ်နေတာ အဆက်မပြတ်ပဲ၊ လုံခန်ရွာက ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ထိပြီး ပျက်စီးသွားတယ်၊ လေယာဥ်နဲ့ ဗုံးကြဲချတာ အလုံး ၃၀ ထက်မနည်းတော့ဘူး” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့တို့ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်မှု၊ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် လုံခန်ရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ပျက်စီးရသည့်အပြင် ရွာသားများကလည်း ခေးနင်း (ဒိုးပင်) ကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ စစ်ရှောင်နေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိအချိန်ထိ မြေပြင် စစ်ရေးတင်းမာမှုများရှိကြောင်း သိရပြီး ဒေသအတွင်း ထိခိုက်ပျက်စီးမှု နှင့် လူသူ ထိခိုက်မှု အသေးစိတ်များကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

“အခု စစ်ရှောင်ဦးရေ စုစုပေါင်းက ဘယ်လောက်ရှိနေလဲတော့ မသိရသေးဘူး၊ ဒါပေမယ့် နှစ်ဖက် စစ်ရေးကတော့ တင်းမာနေတုန်းပဲ၊ စစ်ကောင်စီဘက်က လက်နက်ကြီးတွေလည်း လှမ်းပစ်နေတုန်းပဲ” ဟု အထက်ပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ တပ်ဖွဲ့အင်အားသည် ၂၀၀ ထက် မနည်းရှိနေမည်ဟု ယူဆပြီး ဒေသခံပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အနေဖြင့် စစ်အင်အား ၅၀၀ ထက်မနည်း ရှိနေသည်ဟု ယူဆကြောင်း ဒေသခံများက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်းမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ခေးနင်းရွာ (ဒိုးပင်ရွာ)၊ ဟိုခိုရွာ နှင့် ကုလားကွဲရွာတို့က ဒေသခံ ၁,၀၀၀ ကျော် စစ်ရှောင်ထွက်ပြေးခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ဒီဇင်ဘာ (၃၁) ရက်နေ့ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း တကယ်တမ်း စစ်မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...