ဒလန်ဆိုပြီး အပြန်အလှန်သတ်ဖြတ်နေတာ တော်လှန်ရေးရဲ့ အဖြေလား
ကြိမ်ထိုင်ခုံပေါ်မှာ အိပ်နေတဲ့သူကို အမျိုးသား တစ်ယောက်ရှိတဲ့နေရာကို လက်ထဲမှာ ပစ္စတိုသေနတ်နဲ့ လူငယ်တယောက်က လမ်းလျှောက်ဝင်လာပြီး ပစ်သတ်ခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ယက်ပေါ်မှာ ပြန့်ခဲ့ပါတယ်။ အဲ့ဗီဒီယိုဖိုင်ကို ရုတ်တရက် ကြားလိုက်တော့ အချင်းချင်း သဘောထားမတိုက်ဆိုင်၊ မကျေနပ်လို့ လာပစ်သတ်တာလို့ ထင်ရပေမဲ့ တကယ်တော့ ဒလန်ရှင်းလင်းရေး ခေါင်းစဉ်အောက်ကနေပြီးတော့ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရတဲ့...
မှတ်ပုံတင်မရှိ၊ အလုပ်မလုပ်ရတဲ့ သျှမ်းတောင်စစ်ရှောင်တွေ
“မြို့ပေါ်မှာ အလုပ်သွားလုပ်ဖို့ ဘယ်လိုမှ မဆင်မပြေဘူးရှင့် ။ အခု မြို့ပေါ်မှာ အလုပ်လုပ်ဖို့ အတွက် မှတ်ပုံတင်လိုနေတယ်”လို့ ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိနေတဲ့ အသက် ၃၆ နှစ်အရွယ် မစနိုး က ပြောပါတယ်။ မစနိုး ဟာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ထီးလင်းမြို့နယ်ထဲက စစ်ကောင်စီ နဲ့...
သျှမ်းသိုင်းအက မပျောက်ကွယ်ဖို့ ကြိုးစားလက်ဆင့်ကမ်းနေရ
သျှမ်းဘောင်းဘီပွပွ၊ သျှမ်းအင်္ကျီကို ဝတ်ဆင်ပြီး ကိုယ်ခန္ဓာကို နွဲ့နှောင်းစွာ သျှမ်းအိုးစည်သံ နဲ့ အတူ နွဲ့နှောင်းစွာ ဟန်ပြန်ကျကျ ကပြနေတာတွေကို လူတိုင်းတွေ့မြင်ဖူးကြမှာပါ။ သျှမ်းအိုးစည်သံရဲ့ မြူးကြွမှုက လူတယောက်ရဲ့ စိတ်ဓါတ်ကို တက်ကြွစေသလို သိုင်းကွက်နဲ့လူ တသားတည်း ကျနေအောင် ကနေတဲ့ သိုင်းအက ကလည်း တိုက်ခိုက်ရေးပညာ နဲ့...
မြေဖြူကိုင်လက်မှ သေနတ်စွဲကိုင် တော်လှန်တဲ့ လူငယ်
မြေဖြူကိုင်တဲ့ လက်ဟာ လက်နက်ကိုင်ဆောင်ပြီး တော်လှန်ရေးထဲ ဝင်ရောက်လာရမယ်လို့ တကြိမ်တခါမှ ကိုအာကာ တယောက် စိတ်ကူးမယဥ်မိပါဘူး။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းမှုကြောင့် မထင်မှတ်တဲ့ စိတ်ကူးတောင် မယဥ်ခဲ့တဲ့ ကိစ္စဟာ ဖြစ်လာတော့တာပဲ။ ကိုအာကာ တယောက် က သျှမ်းပြည်တောင်ပိုင်း...
ဆီဆိုင်မြို့နယ်က စစ်ရှောင်တွေရဲ့ ဘဝများ
မြေနီနီပေါ်မှာ ဝါးလုံးကို ယာယီထောင်ထားပြီး တာလပတ် မိုးကာ အစိမ်းရောင်တွေနဲ့ ယာယီ တည်ဆောက်ထားတဲ့ တဲတွေကတော့ ကွင်းပြင်ထဲမှာ အများအပြားပါပဲ။ အဲ့ စစ်ရှောင်တွေဟာ ဆီဆိုင်မြို့ကနေ မိနစ် ၃၀ ခန့် ဆိုင်ကယ် နဲ့ သွားမှသာ ရောက်ရှိတဲ့ နေရာဖြစ်ပြီး စစ်ရှောင်တွေဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်...
ကြမ်းတမ်းတဲ့ ဒေသမှ အားမလျော့ဘဲ ရုန်းကန်နေတဲ့ အမျိုးသမီးများ
“ စက်သုံးဆီတွေ ကလည်း စျေးတွေတက် စားသောက်ကုန်တွေကလည်း စျေးတွေတက်တော့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး” လို့ နန်းမို တယောက် စိတ်ပျက်လက်ပျက်နဲ့ ညီးထွားနေပါတယ်။ နန်းမိုဟာ သျှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်း၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ ထိတွေ့မှု မကြာခဏ ဖြစ်ပွားတဲ့နေရာ အနက်ရောင်နယ်မြေလို့...
ရိုးရာဓလေ့ကို ဖျက်ဆီးတဲ့ ငွေရှာနည်း
SHAN -
တန်ဆောင်မုန်းလကွယ်ည သန်းခေါင်ယံချိန် နတ်တော်လဆန်း အကူးကာလချိန်မှာတော့ သျှမ်းဘာသာနဲ့ “ မိုင်ဆုန် ပီမိုင်ခ” မြန်မာလို” မင်္ဂလာနှစ်သစ်” ဆိုတဲ့ နှုတ်ဆက်မှုတွေ ပြုလုပ်ကြပါတယ်။ သျှမ်းလူမျိုးတွေဟာ သျှမ်းသက္ကရာဇ်အကူးအပြောင်း ညအချိန်မှာတော့ မိတ်ဆွေ၊ မိသားစုတွေ စုပြီး ပျော်ရွှင်စွာ စုပေါင်းစားသောက်ပြီး ကြိုဆိုလေ့ရှိကြပါတယ်။ ဒါ့အပြင် နှစ်တနှစ်သာ လုပ်အားကြောင့် ထွက်ရှိလာတဲ့...
မြေမြှုပ်မိုင်း အန္တရာယ်ကြား နေရပ်ပြန်ရတဲ့ စစ်ရှောင်
SHAN -
ရွာကို ရောက်ရောက်ချင်းမှာ လယ်ယာတွေဟာ မြက်ရိုင်းတွေနဲ့ လူနေအိမ်တွေကလည်း ပျက်စီးယိုယွင်းနေပြီး ရွာပျက်တခုလို ဖြစ်နေပါပြီ။ စစ်ရှောင်စခန်း အဲ့နေရာဟာ မန်တုံမြို့နယ် မန်နားကျေးရွာပါပဲ။ အဲ့ကျေးရွာက အိမ်ထောင်စု ၁၀ စု ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားလို့ နမ္မတူမြို့နယ် ကြူဆော့စစ်ဘေးရှောင်စခန်းသို့...
နေပူရှိန်ကို အံ့တုပြီး အလုပ်သမားကဒ်လုပ်သူများ
SHAN -
ကျစ်ကျစ်တောက်ပူနေတဲ့ နေအရှိန်အောက်မှာ စာရွက်စာတမ်းကိုယ်စီ ကိုင်ပြီး ထီးဆောင်းကာ တချို့က ထိုင်နေကြသလို တချို့ကလည်း မတ်တပ်ရပ်ကာ တန်းစီစောင့်ဆိုင်း နေကြပါတယ်။ အဲ့လူတွေဟာ ရာချီရှိပြီး ထိုင်းနိုင်ငံ ချင်းမိုင်မှာ အလုပ်ခွင့်ရဖို့အတွက် Work Permit ကို လာရောက် သက်တမ်းတိုးကြဖို့ အတွက် စောင့်ဆိုင်းနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပဲ...
မူးယစ်ဒဏ်ကို ခံနေရတဲ့ သျှမ်းမြောက် အိမ်ထောင်ရှင်မ
“ဆေး (မူးယစ်ဆေး) ဖိုး မရှိတဲ့နေ့တွေဆို ကျမကိုရော ကလေးကိုရော ရိုက်တယ်၊ ပြန်တွန်းလှန်ဖို့လည်း မဖြစ်နိုင်ဘူးလေ၊ အားခြင်းမမျှတာကိုး၊ ဒီလိုပဲ ရေစက်ရှိသလောက် ခံသွားရမယ်လို့ ခံယူထားတယ်” မခိုင် တယောက် တုန်ရီတဲ့ လေသံလေးနဲ့ တိုးတိုးလေး ပြောလာပါတယ်။ မခိုင် ဟာ အသက် (၄၀)...





