မှတ်ပုံတင်မရှိ၊ အလုပ်မလုပ်ရတဲ့ သျှမ်းတောင်စစ်ရှောင်တွေ

“မြို့ပေါ်မှာ အလုပ်သွားလုပ်ဖို့ ဘယ်လိုမှ မဆင်မပြေဘူးရှင့် ။ အခု မြို့ပေါ်မှာ အလုပ်လုပ်ဖို့ အတွက် မှတ်ပုံတင်လိုနေတယ်”လို့ ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိနေတဲ့ အသက် ၃၆ နှစ်အရွယ် မစနိုး က ပြောပါတယ်။

စစ်ရှောင်စခန်း

မစနိုး ဟာ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ထီးလင်းမြို့နယ်ထဲက စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ပြီး ပင်လောင်းမြို့နယ် စစ်ရှောင်စခန်းတစ်ခုမှာ ခိုလှုံနေခဲ့ရတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက် မနက်ပိုင်းအချိန်တွင် ထီးလင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဒေသခံ ပြည်သူနေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် မစနိုး နဲ့ သူ့မိခင်ဟာ အဝတ်တစ်ထည် ကိုယ်တစ်လုံး နဲ့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပါတယ်။

ဒါ့ကြောင့် သူမတို့ သားအမိ ၂ ဦးဟာ ထီးလင်းမြို့ကနေ ကားနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ထွက်ပြေးလာခဲ့ရကာ ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေကိုလည်း ကြောက်စိတ် နဲ့ ခက်ခက်ခဲခဲ ဖြတ်ကျော်လာခဲ့ရပါတယ်။

စစ်ရှောင်စခန်း

“ကျမတို့ အိမ်တွေဆို ကျည်တွေမှန်လို့ အပေါက်ကြီးတွေနဲ့ နေလို့တောင်မရဘူး။ ပြီးတော့ ရွာတွေလည်း မီးရှို့ခံရတယ်။ တစ်ရွာလုံး ထွက်ပြေးလာခဲ့ရတယ်။ ကိုယ်ကတော့ အဆင်ပြေနေရာကို ရွှေ့ပြီး ပြေးလာခဲ့တာ၊ လမ်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ် နဲ့ တွေ့ရင် အခုလို လေသံနဲ့ စကားမပြောနိုင်ဘူး။ အသံတိုးတိုးနဲ့ဘဲ ပြောတာ အရမ်းကို ကြောက်တယ်” လို့ မစနိုး တယောက် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ပြန်ပြောပြနေပါတယ်။

သူမတို့ ၂ ဦး ဟာ ကားနဲ့ ၄ ရက်ကြာ စီးလာရပြီး နောက်ဆုံးမှာတော့ ပင်လောင်းမြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုကို ခက်ခဲစွာ ရောက်ရှိလာပါတယ်။ လက်ရှိမှာတော့ သူတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းမှာ လူဦးရေ ၄၀၀ ခန့် ရှိပြီး ကိုယ်ဝန်သည် မိခင် ၅ ဦး နဲ့ ကျောင်းနေ အရွယ်ကလေး ၈၀ ဦးခန့် ရှိပါတယ်။

စစ်ရှောင်စခန်း

စစ်ရှောင်တွေဟာ ထမင်းပှံမှန် နှစ်နပ်စားရဖို့အတွက် စပါးရိတ်သိမ်းတဲ့ ရာသီချိန်မှာ နေ့စား လိုက်ခဲ့ရသလို ပြောင်းချိုး ရာသီချိန်မှာလည်း နေ့စားလိုက်ပြီး တစ်နေ့မှာ နေ့စားခ ကျပ်ငွေ (၅,၀၀၀) ကျပ်ကနေ (၈,၀၀၀) ထိ ရတဲ့အတွက် ဝင်ငွေ ရရှိခဲ့ပါတယ်။

စပါးရိတ်သိမ်းချိန် နဲ့ ပြောင်းချိုးချိန် ကာလလွှဲပြီး ကျန်တဲ့ အချိန်မှာ အလုပ်အကိုင် အခွင့်အလမ်း မရှိသလောက်ရှားပါးနေပြီး စစ်ရှောင်တွေဟာ အလုပ်လက်မဲ့ဖြစ်ကုန်ကြပါတယ်။

နေ့စားလုပ်အားခနဲ့ အားကိုးနေရတဲ့ စစ်ရှောင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာသလို တစ်ဖက်မှာလည်း ကုန်စည်ဈေးနှုန်းတွေလည်း မြင့်တက်လာတဲ့အတွက် တစ်ဖက်တစ်ကမ်း စားဝတ်နေရေး ဖြေရှင်းဖို့ တခြားမြို့ကြီးကို အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့တယ်လို့ မစနိုးက ပြောပါတယ်။

စစ်ရှောင်စခန်း

“ အလှူရှင်က လတိုင်း ပုံမှန်မရှိတော့ နေ့စားအလုပ်ကို အားကိုးရတယ်။ စားဖို့စားသောက်ဖို့က ဒေသကထွက်တဲ့ မုန်ညှင်း ၊ ခရမ်းသီး တွေကို ဝယ်ပြီး စားရတာပေါ့ရှင့် ။ ဝယ်စားဖို့ အတွက်ဆိုလည်း အလုပ်အခွင့်လမ်း မရှိတော့ ဝယ်စားဖို့အတွက်က ငွေရေးကြေးရေး အဆင်မပြေဘူးရှင့်။ စားဝတ်နေရေးအတွက် ဖြေရှင်းဖို့ တခြားမြို့ကို အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ် “ လို့ သူမက ဝမ်းနည်းစွာ ပြောပြလာပါတယ်။

ဒါပေမယ့် တခြားမြို့ကို သွားမယ်ဆိုရင် ပြည်ထောင်စု လမ်းမကြီးတလျောက် ပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်စစ်ဆေးခြင်း၊ အိမ်ထောင်စုဇယား စစ်ဆေးခြင်းကြောင့် မရှိပါက သွားလာလို့ မရတဲ့အတွက် တစ်ခါတလေမှာတော့ အလုပ် အခွင့်အရေး ဆုံးရှုံးခဲ့ရကြောင်း ဆိုပါတယ်။

“ လမ်းမှာ ဂိတ်တွေများတယ်။ မှတ်ပုံတင် ကြည့်တယ်။ မှတ်ပုံတင် မရှိရင် သွားလို့မရဘူး။ သူတို့ရစ်သမျှ ခံရပြီး သူတို့ ပြန်သွားလို့ ရပြီဆိုမှ ပြန်လာရတယ်။ တစ်ခါတလေ သူတို့ဘက်က ခြိမ်းခြောက်တာတွေလည်း ကြုံရတယ် “ လို့ သူမက အလုပ်သွားလုပ်ချိန် ကြုံတွေ့ခဲ့ရတာတွေကို ပြောပြပါတယ်။

တိုက်ပွဲကြားတွင် အသက်လုပြီး ထွက်ပြေးလာခဲ့ရတဲ့အတွက် မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားတွေကို မယူလာနိုင်သလို တချို့ကလည်း မီးလောင်တဲ့အထဲ ပါသွားတယ်လို့ ဆိုပါတယ်။

ကရင်နီ (ကယားပြည်) ကုန်းဆွတ်ကျေးရွာကနေ ပင်လောင်းမြို့သို့ ရောက်ရှိနေတဲ့ အသက် ၂၈ နှစ် အမျိုးသမီးတစ်ဦးက လည်း ပင်လောင်းကနေ တခြားမြို့ အလုပ်သွားလုပ်ရန်အတွက်ဆိုပြီး ပြီးခဲ့တဲ့ လပိုင်းတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင် နဲ့ အိမ်ထောင်ဇယား စစ်ဆေးခြင်းကြောင့် စစ်ရှောင်စခန်းကို ပြန်လာခဲ့ရတယ်လို့ ပြောပါတယ်။

“ ကျမတို့က ထွက်ပြေးလာတာ ၂ နှစ်ကျော်ပြီ။ ဒီမှာ အမြဲတမ်းနေရင် အလုပ်အကိုင်က မရှိဘူး။ တခြားမြို့ကို အလုပ်သွားလုပ်ချင်တာပေါ့။ ဒါပေမယ့် လမ်းမှာ စစ်ကောင်စီက မှတ်ပုံတင် နဲ့ အိမ်ထောင်စု ဇယား စစ်ဆေးတယ်လေ။ မှတ်ပုံတင်မရှိရင် အိမ်ထောင်စုဇယားပြဆိုတော့ အိမ်ထောင်စု ဇယားကလည်း မရှိတော့ဘူးလေ။ အခုက ဘယ်မှသွားလာလို့ မရဘူး“ ဟု ၎င်းက ပြောပါတယ်။

အလားတူ သျှမ်းပြည် တောင်ကြီး၊ လားရှိုး၊ မူဆယ် စတဲ့ မြို့ကြီးပေါ်မှာ ရောက်ရှိနေတဲ့ စစ်ရှောင်များကိုလည်း စစ်ကောင်စီက ဧည့်စာရင်း စစ်ဆေးမေးမြန်းပြီး ခြိမ်းခြောက်ခြင်းကြောင့် တချို့ မြို့ပေါ်မှာ အိမ်ငှားပြီး နေထိုင်တဲ့ စစ်ရှောင်တွေဟာ စခန်းသို့ ပြန်ရောက်ရှိလာကြတာတွေလည်း ရှိပါတယ် ။

“ မြို့ပေါ်မှာ လုံးဝမပေးနေဘူး။ တောင်ကြီးမှာနေရင် မောင်းထုတ်တာရှင့်။ သူတို့က ရှောင်သခင် ဧည့်စာရင်း ဝင်စစ်ပြီး ခြိမ်းခြောက်တယ်။ နေရပ်အိမ်ကို ပြန်ခိုင်းတယ်၊ တောင်ကြီးမြို့ပေါ်မှာလည်း နေလို့မရဘူး။ အလုပ်လုပ်လည်း မရဘူးဆိုတော့ အချို့လည်း စစ်ရှောင်စခန်းကို ပြန်လာနေကြတယ် “ လို့ အသက် ၂၈ နှစ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်း

မှတ်ပုံတင်ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးထံ သွားလျှောက်မယ်ဆိုပါက နယ်ခံက ဒေသခံတွေ မဟုတ်တဲ့ အတွက်ကြောင့် လုပ်ဆောင်ဖို့အတွက် ခက်ခဲတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မှတ်ပုံတင်မရှိရင် သွားလာ၊ မရတဲ့ စနစ်ကြောင့် နှလုံးရောဂါ ခံစားနေရသည့် မစနိုး ဟာ လက်ရှိတွင် ဆေးရုံ၊ဆေးခန်း မသွားပြနိုင်တဲ့အတွက် တိုင်းရင်းဆေးကိုသာ မှီဝဲနေရပါတယ်။

“ ဆေးကပုံမှန် သောက်ရတယ်။ ပုံမှန် မသောက်ရဘူးဆိုရင် မောပြီး လူက မလှုပ်ရှားနိုင်ဘူး။ အိပ်ယာထဲမှာ ခွေပြီး လဲနေရတယ်။ တစ်ခါတလေ အောက်စီဂျင် သွင်းပြီးနေရတဲ့ အဆင့်ထိ ဖြစ်တယ်ရှင့် ။ အခုကြတော့ ချွေသာပြီး တိုင်းရင်းဆေးဝါး နဲ့ တစ်လကို ကျပ်ငွေ ၂ သောင်းနဲ့ လောက်အောင် စားနေရတယ်ရှင့် ။ တကယ့်တကယ် နှလုံးရောဂါဆေးက တစ်လကို ကျပ် ၅ သောင်း လောက်ကုန်ပါတယ် “ လို့ မစနိုး က ပြောပါတယ်။

စစ်ရှောင်စခန်း

ပင်လောင်းမြို့နယ် အတွင်းသို့ ရောက်ရှိနေတဲ့ စစ်ရှောင်တွေလည်း ချင်းပြည်က မစနိုး အပြင် ကရင်နီ (ကယားပြည်) မှ ဒေသခံ ပြည်သူတွေလည်း ရှိပြီး တိုက်ပွဲကြောင့် အဝတ်တစ်ထည် နဲ့ ကိုယ်တစ်လုံး ထွက်ပြေးလာခဲ့တဲ့ အတွက်ကြောင့် လူဦးရေ ၈၀ ရာခိုင်နှုန်းက မှတ်ပုံတင် လုပ်ဆောင်ရန် လိုအပ်နေကြောင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ နေတဲ့သူတွေဟာ လက်ရှိမှာ အလှူရှင်တွေ ရှားပါးလာတဲ့အတွက် အခက်အခဲ မျိုးစုံကြုံတွေ့နေရပြီး အပြင်ထွက် ဝင်ငွေရှာဖွေ စားသောက်မယ်ဆိုတော့လည်း စစ်ကောင်စီ ရဲ့ တားဆီးပိတ်ပင်မှုတွေလည်း ရှိနေပါတယ်။

ဒါ့ကြောင့် မစနိုး လို ကျန်းမာရေး မကောင်းသူတွေ မှတ်ပုံတင်မရှိပါက ရေရှည်မှာ ဆေးကုသဖို့ အတွက် စိန်ခေါ်မှုတွေ ရှိနေအုံးမှာပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ထီဗွာကျေးရွာအုပ်စု ရှိ စစ်ရှောင်ကော်မတီများ ဆန်ပြန်ရောင်းချနေသည့် သတင်း မဟုတ်ဟုဆို

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပေးသည့် ဆန်များကို စစ်ဘေးရှောင်ကော်မတီများမှ ပြန်ရောင်းချနေသည် သတင်းသည် မမှန်ကန်ကြောင်း စစ်ရှောင်ကော်မတီဝင်များက ပြောသည်။ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ရှောင်ကော်မတီဝင်များသည် စစ်ရှောင်များကိုထောက်ပံ့ပေးသည့် ဆန်များပြန်ရောင်းနေသည့်သတင်းကို ဇူလိုင် လဆန်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။ “တောင်ထီဗွာကျေးရွာအုပ်စု” တွင် ကျေးရွာပေါင်း ၂၁ ရွာရှိပြီး စစ်ဘေးရှောင်များသည်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...