စစ်ရှောင်စခန်းထဲက ခရစ္စမတ်နေ့

အေးချမ်းတဲ့ ဒီဇင်ဘာရောက်ရောက်လာတိုင်းမှာ ခရစ္စမတ် သီချင်းသံတွေ က နေရာတိုင်းမှာ လွှမ်းမိုးလာပြီး လူသားတိုင်းရဲ့ စိတ်ကို အလိုအလျောက် ဝမ်းသာပျော်ရွှင်တဲ့ လဖြစ်ပါတယ်။

စစ်ရှောင်စခန်းမှ ခရစ္စမတ်ပွဲ ကျင်းပ

ဒီဇင်ဘာ ၂၅ ရက် ဟာ ခရစ္စမတ်နေ့ ဖြစ်ပေမယ့် နိုင်ငံရေး အရှုပ်အထွေးတွေကြောင့် ဆီဆိုင် စစ်ရှောင်စခန်းသို့ ရောက်ရှိနေတဲ့ ကရင်နီ (ကယားပြည်) ဘက်ကနေ ခရစ်ယာန် ဘာသာဝင်တွေ အတွက်တော့ ခရစ္စမတ်နေ့ကို အရင်လို တခမ်းတနား မကျင်းပနိုင်တော့ပါဘူး။

အရင်ကတော့ ခရစ္စမတ် ရောက်တိုင်း ဘုရားကျောင်းတွေမှာ ဆုတောင်းပွဲတွေပြုလုပ်တာ၊ ထမင်းမိတ်ဆုံ စားတာတွေ ကလေးငယ်တွေ အတွက် ပျော်ပွဲရွှင်ပွဲတွေ တခမ်းတနား ပြုလုပ်လေ့ရှိကြပါတယ်။

“ အခုလို ခရစ္စမတ် အချိန်တော့ လူတိုင်းကတော့ ကိုယ့်အိမ်မှာ ကိုယ့်မိသားစုနဲ့ အတူ ဖြတ်သန်းချင်တာပေါ့။ ကိုယ်ချစ်တဲ့သူတွေနဲ့ နေချင်တယ်လေ” လို့ ဆီဆိုင် စစ်ဘေးရှောင်စခန်းက ကိုစောမောင် ပြောပါတယ်။

သျှမ်းတောင် စစ်ရှောင်စခန်း

ကိုစောမောင်ဟာ ခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းမှာ လာရောက်ခိုလှုံနေတဲ့သူလည်း ဖြစ်ပါတယ်။

အခု ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်ပွဲတော်ကို ကမ္ဘာတစ်ဝှမ်းက ကြီးကျယ်ခမ်းနား ပြုလုပ်နေချိန်မှာ ကိုယ်စောမောင်တို့ကတော့ တောထဲမှာ ဆုတောင်းပွဲနဲ့သာ အဆုံးသတ်ပြီး သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ ကြီးကျယ်လည်း မလုပ်နိုင်ပါဘူး။ အတူပေါင်းပြီးတော့ ဆုတောင်းကြမယ်။ ပြီးရင် နေ့လည်စာအတူစားပြီးရင်လည်း ပြီးပါပြီ။ ကလေးတွေ ပျော်အောင်တော့ ပါဆယ်ထုတ်လေးနဲ့ နည်းနည်းပါးပါး တော့ပါတယ်” လို့ ကိုစောမောင်က လာမဲ့ ခရစ္စမတ် အစီအစဉ်ကို ပြောပြပါတယ်။

သျှမ်းတောင် စစ်ရှောင်စခန်း

ကိုစောမောင်တို့ဟာ ခရစ္စမတ်ပွဲတော်ကို တခမ်းတနား မကျင်းပနိုင်တာ အခုနှစ်နဲ့ဆိုရင် ၃ နှစ်ရှိနေပြီ ဖြစ်ပါတယ်။

ကိုဗစ် – ၁၉ နဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ စစ်တပ်တို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတာ ဖြစ်ပါတယ်။

ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်ဘာသာဝင်တွေအတွက် အဓိက ပွဲတော်ကြီးဖြစ်ပြီး နေ့ထူးနေ့မြတ် တစ်ခုလည်း ဖြစ်ပါတယ်။

ဒီနေ့ဟာ ခရစ်ယာန် ဘာသာဝင်တွေရဲ့ အသက်ကို ကယ်တင်ပေးနိုင်မဲ့ ယေရှုဘုရားသခင် ဖွားမြင်တဲ့နေ့ ဖြစ်တစ်ခုလည်း ဖြစ်ပြီး နှစ်စဉ် နှစ်တိုင်း ခရစ္စမတ်ပွဲတော်ကို ကမ္ဘာတစ်ဝှမ်းက ခမ်းနားစွာ ပြုလုပ် ဆုတောင်းကြပြီး လက်ဆောင်တွေ လဲလှယ်ကြလေ့ရှိပါတယ်။

အရင်နှစ်တွေက ခရစ္စမတ်ပွဲတော်တွေကို ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပေမယ့် အခုနှစ်ပိုင်းတွေမှာ မပြုလုပ်နိုင်တော့ ဒါကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့ ကိုစောမောင်က ပြောပါတယ်။

စစ်ရှောင်စခန်းမှ ကလေးငယ်များ

“ စိတ်မကောင်း ဖြစ်တာတော့ အမှန်ပါပဲ။ ဟိုအရင်နှစ်တွေကတော့ ပျော်ပွဲရွှင်ပွဲတွေ လုပ်လို့ရတာပေါ့။ အခုက အဲ့လိုတွေ မလုပ်ရတော့ဘူး။ ကိုယ့်ကိုယ်သာ ဆုတောင်းပွဲတွေ ပြုလုပ်တော့တယ်” လို့ ကိုယ်စောမောင်က ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီကို တော်လှန်နေတဲ့ PDF တွေက တောထဲမှာ နေထိုင်ရတာကြောင့် ငဲ့ညှာသော အားဖြင့် ဆုတောင်းပွဲကို ခမ်းနားကြီးကျယ်စွာ မပြုလုပ်ဖြစ်တာလို့ ဆိုပါတယ်။

အလားတူ ယခုနှစ် မြန်မာနိုင်ငံတစ်ဝှမ်းမှာ ခရစ္စမတ်ပွဲတော်ကို ခမ်းနားစွာ မပြုလုပ်နိုင်ကြတော့ပဲ သျှမ်းပြည်အတွင်း PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားတဲ့ ဖယ်ခုံမြို့နယ်၊ ကရင်နီပြည်တွေဘက်မှာလည်း တိတ်ဆိတ်စွာပဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“ကျနော်တို့လည်း ဒီနှစ်တော့ ဘုရားကျောင်းမှာ ဝတ်ပြုမယ်။ သွားဆုတောင်းမယ်။ ပြီးရင်လည်း ထမင်းအတူစား နဲ့ပဲ ဖြတ်သန်းရမယ်ထင်တယ်။ ဘာမှ အထွေထူးလည်း မရှိပါဘူး” လို့ ဖယ်ခုံမြို့နယ် ခရစ်ယာန် ဘာသာဝင် ကယန်းလူမျိုး အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ နှင့် PDF တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြားမှာလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ကိုးကွယ်ရာ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေကို ပစ်ခတ်ခဲ့ပါတယ်။

လက်ရှိမှာလည်း ဖယ်ခုံမြို့ ၊ မိုးဗြဲမြို့တွေထဲက ခရစ်ယာန် ဘုရားကျောင်းတစ်ချို့က လက်နက်ကြီး ထိမှန်ပြီး ပျက်စီးနေဆဲပါ။

ဒါ့ကြောင့် လာမယ့် ခရစ္စမတ်ပွဲမှာလည်း မိုးဗြဲမြို့တွင်း ခရစ်ယာန်ဘာသာဝင်တွေက ကိုယ့်အစီစဉ်နဲ့ နေအိမ်တွေမှာ ဆုတောင်းသွားမယ်လို့ မောင်ဇေယျာထွန်းက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

စစ်ရှောင်စခန်းမှ ခရစ္စမတ်

“ ကျနော်တို့ မိုးဗြဲဘုရားကျောင်းက ပျက်စီးသွားတာရှိတယ်လေ။ တစ်ချို့လည်း သွားနိုင်တဲ့ ဘုရားကျောင်းကို သွားမယ်ထင်တယ်။ ကျနော်တို့ကတော့ ကိုယ့်အိမ်မှာပဲ ကိုယ့်အစီစဉ်နဲ့ပဲ ဆုတောင်းပွဲ ပြုလုပ်သွားမယ်။ ပွဲတော်တွေ မရှိတော့လည်း စိတ်မကောင်းပါဘူး။ ဒီလိုချိန်က ကျနော်တို့ ပျော်ရွှင်ရတဲ့ အချိန်တစ်ချိန်လည်း ဖြစ်တယ်လေ” လို့ မောင်ဇေယျာထွန်း က ပြောပါတယ်။

စစ်ဘေးရှောင် စခန်းတွေမှာတော့ ရိုးရာဓလေ့ မပျက်သွားအောင် ကလေးတွေ ပျော်ရွှင်အောင် ဟုဆိုကာ ထမင်းဝိုင်း နဲ့ ကလေးငယ်တွေ အတွက် လက်ဆောင်ပေးမယ့် အစီစဉ်ကို ပြုလုပ်ကျင်းပသွားမည်လို့ ကိုစောမောင်က ပြောပါတယ်။

“ ကျနော်တို့လည်း ရိုးရာမပျက်သွားအောင် ၊ ကလေးတွေလည်း ပျော်အောင်တော့ လက်ဆောင် လဲလှယ်တာတော့လုပ်သွားမယ်။ ပြီးရင် နောင်တစ်ချိန်မှာ ကလေးတွေလည်း လက်ဆင့်ကမ်းပြီး လုပ်ဆောင်သွားနိုင်အောင်ပေါ့” ဟု ၎င်းက ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာလည်း ခရစ္စမတ်ပွဲတော်ကို ကြီးကျယ်ခမ်းနား မပြုလုပ်သွားဖို့လည်း ခရစ်ယာန် ဘာသာဝင်တွေထံကနေ ကြားသိရပါတယ်။

ဆောင်းရာသီ ရောက်တိုင်း ခရစ္စမတ်ပွဲ အတွက် မိမိနေရပ်မှာ ခမ်းနားစွာ ပြန်လည်ပြုလုပ်နိုင်ဖို့ စစ်ဘေးရှောင်တွေ ကတော့ မျှော်လင့်နေကြပြီး မိသားစုဝင် စုံလင်တဲ့ ထမင်းဝိုင်းကိုလည်း လွမ်းနေကြပါတယ်။

“ ဒီလို ခရစ္စမတ်နေ့ရောက်တိုင်း အိမ်ကို ပိုလွမ်းတယ်။ ဒီလိုနေ့မှာ ခရစ်ယာန် ဘာသာဝင်တွေက မိသားစုဝင်တွေနဲ့ အတူနေချင်ကြတာတော့ အမှန်ပါပဲလေ။ နိုင်ငံရေးတွေလည်း အေးချမ်းပြီးတော့ အရင်လိုမျိုး ပွဲတွေ ပြန်ကျင်းပနိုင်ဖို့ မျှော်လင့်တာပေါ့” လို့ ကိုစောမောင်က ပြောဆိုလိုက်ပါတယ်။

စိုင်းဟန်လင်း မှ ပံ့ပိုးကူညီထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...