Tuesday, January 27, 2026

တောင်သူလယ်သမားများအတွက် အကျိုးမဖြစ်ထွန်းသော ဒေသန္တရအမိန့် ပယ်ဖျက်သင့်ကြောင်; မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပြော

မိုးနဲမြို့နယ် နမ့်ဟူးရေထွက်ဦး မပျောက်ပျက်စေရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားသော်လည်း ထိရောက်မှုမရှိသဖြင့် အဆိုပါအမိန့်ပယ်ဖျက်သင့်ကြောင်း မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွမ်းလိန်ကပြောဆိုလိုက်သည်။

Photo by SHAN- မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွမ်းလိန်

ဒီဇင်ဘာလ ၁၄ ရက်နေ့ကကျင်းပသော သျှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး တွင် စိုင်းမွမ်းလိန်က – မိုးနဲမြို့အတွင်း ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးနှင့်ပတ်သက်သည့်မေးခွန်းများမေးမြန်းရာ မိုးနဲမြို့တောင်သူလယ်သမားများနှင့် ဒေသခံလူထု အဓိက အားထားပြုရသော နမ့်ဟူးရေးထွက်ဦးဧရိယာအတွင်း ကျူးကျော်နေထိုင်သူများ ယာယီတဲဆောက်နေ မှုနှင့်ပတ်သက်သည့်မေးခွန်းများမေးမြန်ရာတွင် ဒေသန္တရအမိန့် ပယ်ဖျက်ပေးရန်အစီအစဉ်ရှိမရှိ မေးမြန်း ခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ ရေထွက် ပြန်လည်ထိန်းသိမ်းဖို့အတွက် တောင်သူလယ်သမားတွေရဲ့အများဆန္ဒ သဘောထားရယူပြီး ပြန်လည်ထိန်းသိမ်းရမယ်။ တောင်သူ အတွက် အကျိုးမဖြစ်ထွန်းသော ဒေန္တရ အမိန့်ကို ပြန်လည်ပယ်ဖျက်ပေးဖို့ပေါ့။ ဒီဒေသန္တရအမိန့်ကြီးက မြေပိုင်ရှင်ကိုအကာအကွယ်ပေးနေသလိုဖြစ်နေပါတယ်။ အခု အဲဒီနမ့်ဟူးရေထွက်ဦး ဧရိယာအတွင်းမှာ သဲတွေ ဗြုန်းတွေဖြည့်ဆီးနေပြီး ကျူးကျော်တဲဆောက်နေတာတွေရှိနေ တယ်။ ဒါကြောင့် ဒေသန္တရအမိန့်ကို ဖျက်သိမ်းပေးဖို့ ဒေသခံလူထုက ကျနော်တို့ဆီ စာရေးပြီးတင်ပြလာတယ်။ နမ့်ဟူးရေထွက်ဦးဧရိယာ ၂၃ ဧက ကို အရင်တုန်းကအတိုင်းဘဲ သဘာဝနယ်မြေအဖြစ်ပြန်လည်ထားရှိပေးဖို့ တောင်းဆိုလာကြတာကြောင့် ကျနော်ကနေ လွှတ်တော်မှာတင်ပြရတာဖြစ်ပါတယ်။ ” – ဟု ကျားခေါင်းပါတီ၏ မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွမ်းလိန်က သျှမ်းသံတော်ဆင့်အားပြောသည်။

၄င်း၏မေးခွန်းအား သဘာဝသယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က – ရေထွက်များကိုကာကွယ်ထိန်းသိမ်းရန်အတွက် (က) ရေထွက်၏ ရေဝေရေလဲဋ္ဌရိယာများထိန်းသိမ်းခြင်း၊ (ခ) ရေထွက်နေရာများအားထိန်းသိမ်းခြင်း၊ (ဂ) ရေထွက်မှ စီးထွက်သွားသောချောင်းများရှိပါက အဆိုပါချောင်း များ အား ထိန်းသိမ်းခြင်း တို့ရှိရမည်ဖြစ်ကြောင်း၊ နမ့်ဟူးရေထွက်သည် သစ်တောနယ်မြေ (ကြိုးဝိုင်း ကြိုးပြင် ကာကွယ် တော၊ သဘာဝ နယ်မြေ)အတွင်းကျရောက်မှုမရှိဘဲ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော နယ်မြေအတွင်းတည်ရှိသဖြင့် မိုးနဲမြို့ နယ် စီမံကိန်းကော်မတီမှ (၁၃၊၁၊ ၂၀၁၅) ရက်စွဲက ဒေသန္တရ တားမြစ်မိန့် အမှတ် (၁၊၂၀၁၅) ထုတ်ပြန် ကာကွယ်ထားပြီးဖြစ်ကြောင်း၊ ဒေသန္တရအမိန့်ထုတ်ပြန်ပြီးနောက် အဆိုပါဧရိယာအတွင်း ကျူးကျော် အဆောက်အဦးဆောက်လုပ်လာသူမျာကိုလည်း မိုးနဲမြို့ စီမံခန့်ခွဲမှုကော်မတီ၏ ၁၀၊၁၁၊၂၀၁၆ ရက်စွဲ၊ ၁၂၊ ၁၁၊ ၂၀၁၈ ရက်စွဲတို့ဖြင့် တားမြစ်ခဲ့သဖြင့် လက်ရှိတွင် အဆောက်အဦးဆောက်လုပ်ခြင်းမရှိတော့ကြောင်း – ဖြေကြားသွားခဲ့သည်။

ထိုသို့သော ကျူးကျော်သူများအပြင် နမ့်ဟူးသဘာဝရေထွက်ဦးအနီးတဝိုက်တွင် စီးပွါးရေးလုပ်ငန်းရှင်များက ကျောက်မီးသွေးတူးဖော်ရန်အတွက် ကြိုးစားနေမှုကြောင့် မိုးနဲမြို့ဒေသခံလူထုများနှင့် လွှတ်တော်အမတ်များက နမ့်ဟူးရေထွက်ဦးအား ထိန်းသိမ်းစောင့်ရှောက်ရေးအစဉ်ပြုလုပ်လျှက်ရှိသည်။ တနှစ်တကြိမ် နမ့်ဟူးကန်အတွင်း ဒိုက်အမှိုက်များအား ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းစေရေး မြောင်းများရှင်းလင်းခြင်း၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တ့ံစေရေးအတွက် တောစောင့်နတ် တောင်စောင့်နတ်များအား တိုင်တည်ဆုတောင်းခြင်းများနှစ်စဉ်ပြုလုပ်ခဲ့ကြပါသည်။

Photo by Sai Mg Gyi/ မိုးနဲမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ နမ့်ဟူးရေထွက်ဦး

နမ့်ဟူးရေထွက်ဦးသည် မိုးနဲမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိပြီး ၀မ့်ယေးရွာနှင့် ပန်အူရွာကြားတွင်တည်ရှိပါသည်။

လွယ်စက်တော် တောင်ခြေရှိ နမ့်ဟူးရေထွက်မှရေသည် ပန်အူရွာအလွန်တွင် ချောင်း ၄ ဖြာခွဲကာ မိုးနဲမြို့အားဖြတ်သန်းစီးဆင်းကြောင်း အဆိုပါချောင်း ၄ ခုအား အဓိကအသုံးပြုကာ မိုးနဲမြို့သားများ လယ်ယာမြေရေသွင်းစိုက်ပျိုးကြကြောင်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးနဲမြို့ရောက် နမ့်လန်စစ်ဘေးရှောင် ကျောင်းသား ၄၀၀ ကျော် စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်

0
သျှမ်းပြည် မိုးနဲမြို့နယ်သို့ ရောက်ရှိနေသည့် နမ့်လန်စစ်ဘေးရှောင် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်သည် စာမေးပွဲ ဖြေဆိုပြီးနောက် နေရပ်ပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းက သီပေါမြို့နယ် နမ့်လန်မြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ လုံခြုံရေးစိုးရိမ်မှုကြောင့် မိဘများမှ ကျောင်းနေအရွယ်...

မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ပိုက်ဆံကောက်

0
သျှမ်းပြည် မိုးနဲမြို့နယ်အတွင်း သင်္ကြန်အကြောင်းပြချက်ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပိုက်ဆံလိုက်လံ ကောက်ယူနေကြောင်း သတင်းရရှိသည်။ လက်ရှိ သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးက မိုးနဲမြို့ လွိုင်မြေရပ်ကွက်ထဲတွင် လုပ်ငန်းရှင်များထံ ပိုက်ဆံ ကောက်ယူနေကြောင်း သိရသည်။ “ လုပ်ငန်းရှင်တွေကောက်တာ။ လုပ်ငန်းကြီးရင်တော့ ၁ သိန်းလောက်ထိ...

မိုးနဲမြို့ ရှေးဟောင်းအမွေအနှစ် စေတီ ပြန်လည်ပြုပြင်ဖို့အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေ

0
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့ရှိ ရှေးဟောင်းအမွေအနှစ် စေတီပြန်လည်ပြုပြင် မွမ်းမံရန် အကူအညီများ လိုအပ်နေသည့်အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးသည့် ဒေသခံ များ စုပေါင်းကာ မိုးနဲမြို့ရှိ ဆင်တောင်မှ ဆင်ဖြူစေတီ ရှေးဟောင်းစေတီ ပြန်လည်ပြုပြင်မွမ်းမံရေး...

မိုးနဲ ရေထွက်ဦးကို မြေဖို့ လယ်ဧက ၃၀၀ အခက်ခဲကြုံ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကတ်နောက်ကျေးရွာရှိ ရေထွက်ဦးကို လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အတွင်းရေးမှူး ဦးမောင်စိုးက လာရောက်မြေဖို့သည့်အတွက်ကြောင့် လယ်သမားများ ရေအလုံလောက်ရရှိဖို့အတွက် ခက်ခဲမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်တွင် ဦးမောင်စိုးသည် ခြံစိုက်ပျိုးရန်အတွက်ဟုဆိုကာ ထိုရေထွက်ဦးနေရာကို မြေလာဖို့လိုက်ပြီး လယ်ဧက ၃၀၀...

မိုးနဲမြို့ လောင်းကစားဝိုင်းကြောင့် လူငယ်များ ခိုက်ရန်ဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကင်တုံကျေးရွာတွင် လူငယ်များ လောင်းကစားသွားရောက်ကစားရာမှတဆင့် အချင်းချင်း ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မိုးနဲမြို့နယ် ကင်တုံကျေးရွာထဲတွင် အောက်တိုဘာ ၁၁ ရက်မှ စပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခဲ့ပြီး လူငယ်များ သွားရောက်ကစားရာမှ တဆင့် အောက်တိုဘာ ၁၂ ရက်တွင် လူငယ်အချင်းချင်း ရိုက်နှက်ရန်ဖြစ်မှု ဖြစ်ပွားခဲ့ကြောင်း...